Miss Universe Myanmar Grand Final ပြိုင်ပွဲ ရန်ကုန် မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး အလှမယ် ဇာလီမိုး Winner ဆု ဆွတ်ခူး

Miss Universe Myanmar Grand Final ပြိုင်ပွဲ ရန်ကုန် မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး အလှမယ် ဇာလီမိုး Winner ဆု ဆွတ်ခူး
Published 1 October 2022

Miss Universe Myanmar Grand Final ပြိုင်ပွဲ ရန်ကုန်မြို့ Novotel Hotel ၌ အောက်တိုဘာ ၁ ရက် ညနေ ၅ နာရီက ကျင်းပပြုလုပ်ခဲ့ပြီး အလှမယ် ဇာလီမိုး Winner ဆုဆွတ်ခူးခဲ့သည်။

ယင်း ကိုးကြိမ်မြောက် Miss Universe Myanmar Grand Final ပြိုင်ပွဲ၏ Grand Final  ပြိုင်ပွဲတွင် အလှမယ် ၁၄ ဦးပါဝင်ယှဉ် ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအလှမယ်များအနက် အလှမယ် မျိုးကိုကိုစန်းသည် လိင် ပြောင်းအလှမယ်တစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ထိုအလှမယ်များကို Miss Universe Organization က ပါဝင် ယှဉ်ပြိုင်ခွင့်ပြုထား ကြောင်းနှင့် ၂၀၁၈ ခုနှစ် ကပြုလုပ်ခဲ့သည့် Miss Universe ပြိုင်ပွဲတွင် စပိန်ကိုယ်စား ပြုအလှမယ်မှာ လိင်ပြောင်းအ လှမယ်တစ်ဦး ဖြစ်ကြောင်း သိရသည်။

 Miss Universe Myanmar Organizationအနေဖြင့် Grand Final ပြိုင်ပွဲမတိုင် မီတွင် ပြိုင်ပွဲဝင်အလှမယ်များအား လေ့ကျင့် မှုများပြုလုပ်ပေးခြင်းနှင့်အတူ online voting ပေးခြင်းများကိုလည်း  ပြုလုပ်ခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်းက ကျင်းပခဲ့သည့် ၇၁ ကြိမ်မြောက် miss universe  ပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အခြေအနေအကြောင်း အမျိုးမျိုးကြောင့် နိုင်ငံကိုယ်စားပြုအလှမယ် စေလွှတ်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့သည့်အတွက် လက်ရှိတွင် အခြားသောနိုင်ငံများနည်းတူ နိုင်ငံကိုယ်စားပြုအလှမယ်သွားရောက်ယှဉ် ပြိုင်စေရန်တွက် ကိုးကြိမ်မြောက် Miss Universe Myanmar ပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်သည်။

ကိုးကြိမ်မြောက် Miss Universe Myanmar ပြိုင်ပွဲအတွက် လျှောက်လွှာ များကို ဇွန်လအတွင်းက ခေါ်ယူခဲ့ပြီး လာ ရောက်လျှောက်ထားသူများအား စီစစ်ရွေး ချယ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် ယခင်နှစ် Audition များနှင့်မတူပဲ လူတွေ့စစ်ဆေးမှု ပြုလုပ်ခြင်း၊ Interview Round နှင့် Self-Make up & photo shoot   စသော challenge များဖြင့် စီစစ်ရွေးချယ်ကာ ဆန်ကာတင်အလှ မယ်များ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

Most Read

Most Recent