ငြိမ်းချမ်း​ရေး ​ဆွေး​နွေး​ရေးအဖွဲ့နှင့် UWSP၊ NDAA၊ SSPP အဖွဲ့တို့ ​တွေ့ဆုံ​ဆွေး​နွေး

ငြိမ်းချမ်း​ရေး ​ဆွေး​နွေး​ရေးအဖွဲ့နှင့် UWSP၊ NDAA၊ SSPP အဖွဲ့တို့ ​တွေ့ဆုံ​ဆွေး​နွေး
Published 27 September 2022

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် "ဝ" ပြည် ​သွေးစည်းညီညွှတ်​ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်​ရေးပါတီ(SSPP) ငြိမ်းချမ်း​ရေး ကိုယ်လှယ်အဖွဲ့တို့ စက်တင်ဘာ ၂၇ ရက်က​ ​​နေပြည်​တော်ရှိ အမျိုးသားစည်းလုံးညီညွှတ်​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုဗဟိုဌာန အစည်းအ​ဝေးခန်းမတွင် ​တွေ့ဆုံ​ဆွေး​​နွေးခဲ့​ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်​ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်​​ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုညှိနှိုင်း​ရေး​ကော်မတီဥက္ကဌ၊ ငြိမ်းချမ်း​ရေး​ဆွေး​နွေး​ရေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုညှိနှိုင်း​ရေး​ကော်မတီ အတွင်း​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်း​နောင်၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုညှိနှိုင်း​ရေး​ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ​အေးဝင်းနှင့် "ဝ"ပြည် ​သွေးစည်းညီညွှတ်​ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦး​လော့ယာကု၊ နိုင်ငံ​ရေးဌာနကြီးမှူး ဦးအိုက်နပ်လိုင်း၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်း​ပေ့၊ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးကြည်မြင့်၊ ရှမ်းပြည်တိုးတက်​ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) စပ်ခွန်ဆိုင်၊ အတွင်း​ရေးမှူး(၂) စဝ်စိုင်းဆုတို့ တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

​တွေ့ဆုံ​ဆွေး​နွေးပွဲတွင် ငြိမ်းချမ်း​ရေး​ဆွေး​နွေး​ရေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တက်​ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား "ဝ"ပြည် ​သွေးစည်းညီညွှတ်​ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦး​လော့ယာကုတို့က နှုတ်ခွန်းဆက်အမှာစကား​ပြောကြားခဲ့​ကြောင်း သိရသည်။

ထို့​နောက် ဖွဲ့စည်းပုံအ​​ခြေခံဥပ​ဒေ(၂၀၀၈ ခုနှစ်)ကို အ​လေးအနက်ထားပြီး စု​ပေါင်း​ရေးဆွဲခဲ့ကြရာတွင် အမျိုးသားညီလာခံကျင်းပပြီး အသိပညာရှင်၊ အတတ်ပညာရှင်၊ နိုင်ငံ​ရေးသမားများ၊ တိုင်းရင်းသားလက်နက်ကိုင်​ခေါင်း​ဆောင်များ ပါဝင်တက်​ရောက်နိုင်ခဲ့မှု အ​​ခြေအ​နေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ဇယား(၁) ပြည်​ထောင်စုဥပ​ဒေပြုစာရင်းနှင့် ဇယား(၂) တိုင်း​ဒေသကြီး သို့မဟုတ် ပြည်နယ်ဥပ​ဒေပြုစာရင်းတို့နှင့်ပတ်သက်၍ ညှိနှိုင်း​ရေး​ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြခဲ့​ကြောင်း သိရသည်။

ယင်း​နောက် ပထမအကြိမ် ​တွေ့ဆုံ​​ဆွေး​နွေးချိန်တွင် သ​ဘောတူညီချက်ပါအတိုင်း "ဝ"ပြည် ​သွေးစည်းညီညွှတ်​ရေးပါတီ(UWSP)နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)တို့၏ နိုင်ငံ​ရေးလိုလားချက်များနှင့်ပတ်သက်၍ လုပ်​ဆောင်နိုင်သည့် နည်လမ်းများအား နိုင်ငံ​တော်၏ ငြိမ်းချမ်း​ရေး ​ဆွေးနွေး​ရေးအဖွဲ့မှ ရှင်းလင်း​ဆွေး​​နွေးခဲ့​ကြောင်း သိရသည်။

ထို့​နောက် တက်​​ရောက်လာကြသူများမှ မိမိတို့၏ သ​ဘောထားများ၊ လိုလားချက်များကို အပြန်အလှန် ​ဆွေးနွေးညှိနှိုင်းကြပြီး ​တွေ့ဆုံ​ဆွေး​နွေးပွဲ ပထမ​နေ့ကို ရပ်နားခဲ့​ကြောင်းနှင့် ဒုတိယ​နေ့ ဆွေး​နွေးပွဲကို စက်တင်ဘာ ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်​ကြောင်း သိရသည်။

Most Recent