မွန်ပြည်နယ်အတွင်း အဖြစ်များလာသည့် COVID-19

မွန်ပြည်နယ်အတွင်း အဖြစ်များလာသည့် COVID-19
Published 26 September 2022

မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်ကပ်ရောဂါအတွက် နှာခေါင်းတို့ဖတ်ယူ စစ်ဆေးစဉ် (ဓာတ်ပုံ - ကိုဇော်မိုး (မိုးချယ်ရီ))

မြန်မာနိုင်ငံအတွင်း ယခုနှစ်ဆန်းပိုင်း ကာလအတွင်း အဖြစ်များခဲ့တဲ့ COVID-19 ကူးစက်ကပ်ရောဂါဟာ သြဂုတ်လ နောက်ဆုံး ပတ်ခန့်ကစလို့ လက်ရှိ စက်တင်ဘာလဆန်း ပိုင်းအတွင်းမှာ ပြန်လည်အဖြစ်များလာခဲ့ပါ တယ်။

မွန်ပြည်နယ်အတွင်းမှာလည်း COVID-19  ကူးစက်ကပ်ရောဂါနဲ့ပတ်သက်လို့ ယခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတွေမှအဖြစ် များခဲ့ပေမဲ့ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လ တွေမှာ ပြည်တွင်းကူးစက်ဖြစ်ပွားမှုမရှိသ လောက်ဖြစ်ခဲ့ရာကနေ ယခု စက်တင်ဘာလ ဆန်းပိုင်းကနေ စက်တင်ဘာလ တတိယအ တွင်းမှာ ပြည်တွင်းကူးစက်ဖြစ်ပွားမှုတွေက ပြန်လည်များပြားလာတာကိုတွေ့ရပါတယ်။

မွန်ပြည်နယ်မှာ COVID-19 ဆိုတဲ့ ကူး စက်ကပ်ရောဂါကြီးနဲ့ ပတ်သက်လို့ ၂၀၂၀ ပြည့်နှစ် ဧပြီ ၈ ရက်မှာ ပထမဆုံး POSITIVE အတည်ပြုလူနာစတင်တွေ့ရှိခဲ့ပြီး POSITIVE အတည်ပြုလူနာစတင်တွေ့ရှိခဲ့တဲ့ ဧပြီ ၈ ရက် မှ ဒီဇင်ဘာ ၃၁ ရက်အထိကို POSITIVE လူနာ ပေါင်း ၂၂၁၀ ဦးအထိရှိခဲ့ပြီးတော့ ဓာတ်ခွဲအ

တည်ပြုလူနာပေါင်း ၂၅ ဦးသေဆုံးခဲ့တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ သတင်းအချက် အလက်တွေအရ သိရပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ မွန်ပြည်နယ် သည်လည်း COVID-19 ကူးစက်ကပ်ရောဂါ ကြီးရဲ့ ဒုတိယလှိုင်းဒဏ်ကို အလူးအလဲခံစားခဲ့ ရပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းမှာ COVID-19 POSITIVE လူနာပေါင်း ၁၀၅၂ ဦး ပဲ ရှိခဲ့ပေမဲ့လည်း ဇွန် ၂၈ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း ၆၇၆၆ ဦးအထိ ကူးစက်ဖြစ်ပွားခဲ့ ပြီးတော့ ဓာတ်ခွဲအတည်ပြုလူနာ ၄၆၇ ဦး သေဆုံးခဲ့ပါတယ်။

ထို့အတူ ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်း မှာတော့ COVID-19 POSITIVE လူနာပေါင်း ၄၉၈၇ ဦးရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၅၉၀ ဦးအထိ သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ လအတွင်းမှာတော့ ဓာတ်ခွဲအတည်ပြုလူနာ ၃၂၀၉ ဦးရှိခဲ့ပြီးတော့ ဓာတ်ခွဲအတည်ပြု လူနာ ပေါင်း ၂၆၂ ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါ တယ်။

၂၀၂၂ ခုနှစ်ဆန်းပိုင်းကာလတွေဖြစ်တဲ့ ဖေဖော်ဝါရီနဲ့ မတ်လတွေအတွင်းမှာတော့ COVID-19 ကူးစက်ကပ်ရောဂါရဲ့ မျိုးကွဲတစ် ခုဖြစ်တဲ့ ဉာငခမသည ကြောင့် ရောဂါကူးစက်ဖြစ် ပွားမှုနှုန်း ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာ COVID-19 POSITIVE လူနာပေါင်း ၁၂၂ ဦး သာရှိခဲ့ပြီး အတည်ပြုလူနာပေါင်း ခုနစ်ဦး သေဆုံးခဲ့ပေမဲ့ ဖေဖော်ဝါရီလအတွင်းမှာတော့ ရောဂါကူးစက်မှုနှုန်းက အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီးတော့ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၂၆၇၀ ဦးရှိကာ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၃၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ COVID-19 ကူးစက်ကပ်ရောဂါအရေး ကူညီ ဆောင်ရွက်ပေးခဲ့ကြတဲ့ ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေထံမှ သိရပါ တယ်။

မတ်လအတွင်းမှာလည်း ဓာတ်ခွဲအတည် ပြုလူနာပေါင်း ၁၀၃၀ ဦးရှိခဲ့ပြီး အတည်ပြုလူ နာ ရှစ်ဦးသာရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပေမဲ့ သေဆုံးသူအရေ အတွက်မှာ ယင်းပမာဏထက် ပိုမိုများပြား တယ်လို့  COVID-19 ကူးစက်ကပ်ရောဂါ အရေး ကူညီဆောင်ရွက်ပေးခဲ့ကြသူတွေရဲ့ပြောကြားချက်တွေအရ သိရပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလကနေ သြဂုတ်လ အတွင်းမှာတော့ မွန်ပြည်နယ်မှာ COVID-19 POSITIVE လူနာပေါင်း ၁၇၀ ဦးသာရှိခဲ့ပြီး အများ အားဖြင့်က ပြည်ပနိုင်ငံကပြန်လာကြ သူတွေထံမှာ တွေ့ရှိခဲ့ရပြီးတော့ ပြည်တွင်းကူး စက်မှုက မရှိသလောက်သာဖြစ်ခဲ့ရပါတယ်။

လက်ရှိ စက်တင်ဘာလအတွင်းမှာတော့ မွန်ပြည်နယ်မှာ COVID-19 ကူးစက်ကပ်ရော ဂါ ဖြစ်ပွားမှုနှုန်းက အနည်းငယ် ပြန်လည်မြင့် တက်လာတယ်လို့ ဆိုရမှာပါ။

စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ၂၁ ရက်အတွင်းမှာ COVID-19 POSITIVE လူနာ သစ်ပေါင်း ၁၀၃ ဦးရှိခဲ့ပြီးတော့ ပြည်တွင်းကူး စက်မှုကနေ ၆၉ ဦးအထိ ရှိထားပါတယ်။ အဲဒီလို COVID-19 POSITIVE လူနာတွေထဲမှာ အရင်က ရောဂါကူးစက်ဖြစ်ပွားဖူးသူတွေ လည်း ပါဝင်ကြသလို COVID-19 ကာကွယ် ဆေးထိုးနှံထားသူတွေလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။

“ချောင်းဆုံမြို့နယ်က COVID-19 POSITIVE လူနာက အရင်ကလည်း COVID-19 ဖြစ်ဖူးသလို ကာကွယ်ဆေးကိုလည်း လေးကြိမ် ထိုးနှံထားပြီး သူလို့ သိရတယ်။ အခုလည်း ကူးစက်ခံရတယ်ဆိုပေမဲ့ သူ့ကျန်းမာရေးက ပုံမှန်ပါပဲ”လို့ ချောင်းဆုံးမြို့နယ်မှ COVID-19 ကူးစက်ကပ်ရောဂါအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

ထို့ပြင်ကို အခြေခံပညာကျောင်းတွေ မှာရှိတဲ့ ကျောင်းသားကျောင်းသူတွေမှာလည်း COVID-19 ကူးစက်မှုတွေဖြစ်ပွားခဲ့ပါသေး တယ်။

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က ကျောင်း သားကျောင်းသူများအပါအဝင် COVID-19- POSITIVE လူနာသစ် ခုနစ်ဦး တွေ့ရှိခဲ့တယ်လို့ ပေါင်မြို့နယ် အခြေစိုက် ပရဟိတလူမှုကူညီ ကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရပါ တယ်။

“စက်တင်ဘာလ ၁၀ ရက်က ပေါင် မြို့နယ်ပြည်သူ့ဆေးရုံမှာ တွေ့ရှိခဲ့တဲ့ POSITIVE လူနာနဲ့ ထိတွေ့ဆက်စပ်ခဲ့သူ ၄၅ ဦးကို ဆေး စစ်ကြည့်လိုက်တဲ့အခါမှာ ဆေးရုံက အခြား အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ အထ က (ပေါင်) စာသင်ကျောင်းက ကျောင်းသား သုံးဦးနဲ့ ကျောင်းသူ နှစ်ဦးမှာပါ COVID-19 POSITIVE ဖြစ်နေတာကို စစ်ဆေးတွေ့ရှိတယ်လို့ သိရပါတယ်” လို့ ပရဟိတလူမှုကူညီကယ်ဆယ် ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။

လက်ရှိ စက်တင်ဘာလအတွင်းမှာ COVID-19 ကူးစက်ကပ်ရောဂါနဲ့ ပတ်သက် လို့ ကူးစက်ဖြစ်ပွားသူ ပြန်လည်များပြားလာမှုနဲ့ ပတ်သက်လို့ COVID-19 ကူးစက်ကပ်ရောဂါ နှင့် ပတ်သက်ပြီး အကြံပေးကုသပေးနေသူ ဒေါက်တာသက်ကျော်စိုးက “ပြီးခဲ့တဲ့ ဖေဖော် ၀ါရီလနဲ့ မတ်လတွေအတွင်းက ဖြစ်ပွားခဲ့တဲ့ COVID-19 ကူးစက်ကပ်ရောဂါရဲ့ မျိုးကွဲတစ် ခုဖြစ်တဲ့ omicron ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ လက်ရှိ စက်တင်ဘာလအတွင်းမှာ ရောဂါကူး စက်မှုတွေ ပြန်လည်တွေ့ရှိလာရတယ်။ ရန်ကုန်မြို့မှာလည်း ကူးစက်ဖြစ်ပွားမှုနှုန်း များလာနေတော့ အများအားဖြင့် ရန်ကုန် ပြန်တွေမှာ ရောဂါကူးစက်ဖြစ်ပွားတဲ့ လက္ခ ဏာတွေ တွေ့လာရတယ်”လို့ သုံးသပ်ပြော ကြားပါတယ်။

၎င်းက ဆက်လက်ပြီး “ရောဂါအခြေအ နေကတော့ ကူးစက်ဖြစ်ပွားမှုနှုန်းများလာ နိုင်တယ်။ ပြီးရင်ပြန်လျော့သွားမယ်။ အဓိက ကတော့ လူများတဲ့နေရာတွေကိုသွားရင် ြေျု ပြန်တပ်ကြဖို့နဲ့ ကာကွယ်ဆေးထိုးကြဖို့ ကိုပဲ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

ထို့အပြင်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နဲ့ ၂၁ ရက်တွေမှာ မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြတဲ့သူ များအနက်က COVID-19 သံသယလူနာ နှစ်ဦးသေဆုံးခဲ့တယ်လို့ ပရဟိတလူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့တွေမှ သိရပါတယ်။

သို့ပေမဲ့လည်း အဆိုပါ သံသယလူနာ နှစ်ဦးမှာ နဂိုရှိရင်းစွဲရောဂါနဲ့သာ ကွယ်လွန် ခဲ့ကြတယ်လို့ သက်ဆိုင်ရာ ကျန်းမာရေးဌာန က တာဝန်ရှိသူတွေက ဆိုကြပါတယ်။

လက်ရှိ ရောဂါကူးစက်ဖြစ်ပွားမှုများနဲ့ ပတ်သက်လို့ COVID-19 မျိုးရိုးဗီဇကွဲများဖြစ် ကြတဲ့  Delta နဲ့ Omicron များမှာ ကူးစက်ဖြစ်ပွားမှု မရှိသလောက်ဖြစ်နေပြီး လက်ရှိ Positive လူနာများတွင် တွေ့ရှိရသည့် COVID-19 မျိုးရိုးဗီဇကွဲမှာ BA – 4, BA – 5 မျိုးကွဲများ ဖြစ်နိုင်သည် ဟုယူဆရပါကြောင်း ဒေါက်တာနန္ဒဝင်းက သုံးသပ်ပြောကြားပါ တယ်။

“လက်ရှိမှာ ပြည်သူတွေအနေနဲ့က Booster တွေထိုးထားမှ အဆင်ပြေနိုင်ပါတယ်။ အခုဆိုရင် Booster ကို လေးကြိမ်အထိကို ထိုးပေးနေပါတယ်။ လက်ရှိမှာလည်း ကာ ကွယ်ဆေးတွေကို ဆက်တိုက်ထိုးနှံပေးနေပါ တယ်။ ကာကွယ်ဆေးထိုးနှံထားတဲ့သူတွေ နေနဲ့ကတော့ ရောဂါကူးစက်မှုကို ခံနိုင်မှာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ထိုးဆေး အပြင် ကို သောက်ဆေးတွေပါရှိနေပါပြီ။ ဆေးရုံ ရောက်လာတဲ့ လူနာတွေကို သောက်ဆေးနဲ့ ကုသမှုတွေပေးနေပါပြီ”လို့ ဒေါက်တာနန္ဒဝင်း က ဆက်လက်ပြောကြားပါတယ်။

COVID-19 ကူးစက်ကပ်ရောဂါက သိပ် ကြောက်စရာမကောင်းတော့ဘူးလို့ ဆိုကြပေ မဲ့ ရာသီတုပ်ကွေးရောဂါဖြစ်သလို ဖျားနာခြင်း၊ နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ မောပန်းနွမ်း နယ်ခြင်း စတဲ့ ဝေဒနာတွေကို ခံစားရတယ်လို့ ဆရာဝန်တွေရဲ့ပြောကြားချက်တွေအရ သိရ ပါတယ်။

ပြည်သူတွေအနေနဲ့ကလည်း ဘယ်လို အခြေအနေမျိုးပဲ ဖြစ်နေပါစေ။ ကျန်းမာဖို့က အဓိကဖြစ်တဲ့အတွက်ကြောင့် ရောဂါကူးစက် ဖြစ်ပွားမှုမခံရလေအောင် မိမိကိုယ်ကို ဂရုစိုက်ပြီးနေထိုင်ပြုမူကြဖို့ လိုအပ်ပါလိမ့်မယ်။ ကျန်းမာရေးကောင်းနေမှ မိမိရဲ့ယုံကြည်ချက်၊ မျှော်လင့်ချက်တွေကို ဆက်ပြီးအကောင် အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် လည်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ COVID-19 ဆိုင်ရာ စည်းကမ်းချက်များကို လေးစားလိုက်နာပြီးပြုမူနေထိုင်ကြဖို့ လိုအပ်ပါဦးမယ်။

                  

Most Read

Most Recent