၂၀၂၂ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၇၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး စားသုံးသူစျေးဆနှုန်း (CPI) ၁၉၉ ဒသမ ၃၁ ရှိလာခြင်း

၂၀၂၂ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၇၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး စားသုံးသူစျေးဆနှုန်း (CPI) ၁၉၉ ဒသမ ၃၁ ရှိလာခြင်း
ရန်ကုန်မြို့ရှိ စျေးတစ်စျေးတွင် စျေးသည်စျေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ - သီဟအောင်)
ရန်ကုန်မြို့ရှိ စျေးတစ်စျေးတွင် စျေးသည်စျေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ - သီဟအောင်)
Published 25 September 2022

၂၀၂၂ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၁၁ ဒသမ ၇၉ ရာခိုင်နှုန်းအထိ မြင့်တက်ခြင်း

၂၀၂၂ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၁၁ ဒသမ  ၇၉ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မေလတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း  (Annual Rate of Inflation) မှာ ၁၁ ဒသမ ၇၉  ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁၈ ဒသမ ၁၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မေလတွင်  မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂ ဒသမ ၂၇ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၂၂ ခုနှစ် မေလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသ မ ၇၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။

လအလိုက် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ မတ်တွင် ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၂ ဒသမ ၁ရရာခိုင်နှုန်း၊ မေ တွင် ၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ ဇွန်၌ ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၃ ဒသမ ၂ဝရာခိုင်နှုန်း၊ စက်တင် ဘာတွင် ၃ဒသမ ၆၄ ရာခိုင်နှုန်း၊ အောက်တိုဘာတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၂၂ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ၌ ၇ ဒသမ  ၃၀ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၈ ဒသမ ၃၅ ရာ ခိုင်နှုန်း၊ မတ်လတွင် ၉ ဒသမ ၅၇ ရာခိုင်နှုန်း၊ ဧပြီတွင်  ၁၀ ဒသမ ၇၂ ရာခိုင်နှုန်း၊ မေလတွင် ၁၁  ဒသမ ၇၉ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၁၅ ဒသမ ၀၅  ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁၅ ဒသမ ၀၆ ရာခိုင်နှုန်း ဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉  ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက်ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မေလတွင် စားသုံးသူ စျေးဆနှုန်း (CPI) ၁၉၉ ဒသမ ၃၁ ရှိလာခြင်း

၂၀၂၂ ခုနှစ် မေလတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၉၉ ဒသမ ၃၁ ရှိလာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် မတ်လတွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်း ပြန်လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၆၁ ဒသမ ၇၂ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ၁၆၁ ဒသမ ၃၃ ရှိခဲ့သည်။ ဇွန်လတွင် ၁၆၀ ဒသမ ၉၈ ရှိခဲ့ပြီး ဒီဇင်ဘာလတွင် ၁၆၂ ဒသမ ၉၄   ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ၁၆၂ ဒသမ ၅၃ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လတွင် ၁၇၀ ဒသမ ၁၃၊ ဇူလိုင်လတွင် ၁၇၁ ဒသမ ၆၃၊ သြဂုတ်လ၌ ၁၇၂ ဒသမ ၉၂၊  စက် တင်ဘာလတွင် ၁၇၄ ဒသမ ၉၇၊ အောက်တိုဘာလတွင် ၁၇၉ ဒသမ ၂၀၊ နိုဝင်ဘာလတွင် ၁၈၁ ဒသမ ၇၂၊ ဒီဇင်ဘာလတွင် ၁၈၃ ဒသမ ၅၁အထိ မြင့်တက်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်  ၁၈၄ ဒသမ ၈၉၊ ဖေဖော်ဝါရီလတွင် တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်း မှာ ၁၈၆ ဒသမ ၈၂၊ မတ်လတွင် ၁၉၂ ဒသမ ၇၁ ၊ ဧပြီတွင် ၁၉၆ ဒသမ ၀၁၊ မေလတွင် ၁၉၉ ဒသမ ၃၁ အထိ ရှိလာခဲ့သည်။

၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်မှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါ က ၂၀၁၉ ခုနှစ် မတ်လတွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်း ပြန်လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၆၁ ဒသမ ၇၂ ဖြစ် ပေါ်ခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှစ၍အစားအစာအုပ်စု စျေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ မေလတွင် ၁၆၀ ဒသမ ၁၂ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ၁၆၀ ဒသမ ၉၈ ဖြစ်ပေါ်ခဲ့သဖြင့် ယခင်လနှင့် နှိုင်းယှဉ်ပါက အနည်းငယ်ပြန် လည်မြင့်တက်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့်ကုန်ပစ္စည်းနှင် ဝန်ဆောင်မှု အမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူစျေးဆနှုန်း (CPI) တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း  ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူ တွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။      

တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား ရွှေဒင်္ဂါးပြားများကို  ရန်ကုန်နှင့် မန္တလေးမြို့တွင် ရောင်းချမည်

တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား ရွှေဒင်္ဂါးပြားများကို ရန်ကုန်နှင့် မန္တလေးမြို့တွင် ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် စတင် ရောင်းချမည်ဖြစ်ကြောင်း စက်တင် ဘာ ၂၂ ရက် ညပိုင်းက နိုင်ငံပိုင် သတင်းဌာန၏ ကြေညာချက်အရ သိရသည်။

စက်တင်ဘာ ၁၄ ရက်မှစတင်ကာ ရွှေဒင်္ဂါးပြားများကို နေပြည်တော် ကျောက်မျက်ရတနာခန်းမတွင် တစ်ကျပ်သား ကျပ် ၂၈ သိန်းဖြင့် ရောင်းချပေးခဲ့ပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင်ပါ ထပ်တိုး ရောင်းချမည်ဖြစ်သည်။

နေပြည်တော်ရှိ ကျောက်မျက်ရတနာပြတိုက်တွင် ရောင်းချပေးနေသည့် ရွှေဒင်္ဂါးပြားများ ရောင်းချရမှုသည် စက်တင်ဘာ ၁၆ ရက်အထိ ရွှေဒင်္ဂါးပြား အလေးချိန် လေးပိဿာကျော် ရောင်းချထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

နေပြည်တော်ရှိ ကျောက်မျက်ရတနာပြတိုက်တွင် ရောင်းချပေးနေသည့် ရွှေဒင်္ဂါးပြားများကို စက်တင်ဘာ ၁၃ ရက်အထိ တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းခွဲ၊ စက်တင်ဘာ ၁၄ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းနှင့် ရောင်းချပေးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ ရွှေဒင်္ဂါးများနှင့်ပတ်သက်၍ ကမ္ဘာ့ရွှေစျေးနှုန်းအပေါ် အခြေခံတွက်ချက်ကာ စျေးနှုန်းသတ်မှတ်ပြီး ရောင်းချပေးနေခြင်းဖြစ်သည်။ ရွှေတုံး၊ ရွှေခဲအရောင်းအဝယ် ဆောင်ရွက်ရာတွင် ဘဏ်စနစ်ဖြင့်သာ ပေးချေနိုင်ရန်အတွက်ဘဏ်များက ပံ့ပိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်သည့် ရွှေစျေးနှင့်ငွေကြေးစျေးကွက် တည်ငြိမ်ခိုင်မာစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်ရွှေနှင့် ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားသည်။

ရွှေနှင့် ငွေကြေးစျေးကွက် တည်ငြိမ်ခိုင်မာစေရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးက ဆက်လက်ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ၊ ရွှေတုံး၊ ရွှေခဲ အရောင်းအဝယ်ဆောင်ရွက် သည့်အခါ ဘဏ်စနစ်ဖြင့်သာ ပေး ချေနိုင်ရန်အတွက် ဘဏ်များက ပံ့ ပိုးပေးမည့်အစီအမံများ၊ သက်ဆိုင် ရာ ပြည်ထောင်စုဝန်ကြီးဌာနများ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့က ရွှေနှင့်ငွေကြေးစျေးကွက် တည်ငြိမ်စေရေးအတွက် ဆက်လက် ပံ့ပိုးပေးမည့် အစီအစဉ်များ၊ ရွှေ လုပ်ငန်းရှင်များက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်လက်ပူပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

 ရွှေဒင်္ဂါးပြားများကို ရောင်းချရာတွင် အလျော့တွက်နှင့် ကုန်ကျစရိတ်အဖြစ် တစ်ကျပ်သား ရွှေဒင်္ဂါးဆိုပါက ကျပ် ၃၈၉၅၀၊ ငါးမူးသား ရွှေဒင်္ဂါးဆိုပါက ကျပ် ၂၅၀၀၀၊ တစ်မတ်သား ရွှေဒင်္ဂါးဆိုပါက ကျပ် ၁၂၅၀၀၀ သတ်မှတ်ထားပြီး ယင်းကို ဘူးဖိုးကောက်ခံသည်ဟု နားလည်မှုလွဲနေခြင်းများရှိကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်သူထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ ကျောက်မျက်ရတနာပြတိုက်တွင် ရွှေဒင်္ဂါးပြားများကို အပတ်စဉ်ရုံးဖွင့်ရက်များဖြစ်သည့် တနင်္လာမှ သောကြာနေ့အထိ ရောင်းချပေးလျက်ရှိပြီး နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် ရုံးပိတ်ရက်များတွင် ရွှေဒင်္ဂါးပြားများကို ရောင်းချမည်မဟုတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေး သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၁၀၀ ဝန်းကျင် ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေး သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၁၀၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ငွေလဲကောင်တာအများစုတွင် ဒေါ်လာအရောင်းအဝယ် ပြုလုပ်ခြင်းမရှိဘဲ ပြင်ပစျေးကွက်တွင်သာ အရောင်းအဝယ် ပြုလုပ်မှုရှိကြောင်း သိရသည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ အရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့် နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင် နေသူများ၊ အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေများ ရောင်းဝယ်သူများ အပေါ် ယုံကြည်ဆောင်ရွက်ခြင်း မပြုကြပါရန်နှင့် နိုင်ငံခြားငွေများ  တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့် ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရထိရောက်စွာ အရေးယူဆောင်ရွက်မည်ဟု သိရသည်။  

Most Read

Most Recent