အကြမ်းဖက်အဖွဲ့အစည်းဟု ကြေညာခံရသည့်အဖွဲ့က ပစ်ခတ်သော ကျည်ဆန်၊ ဗုံးဒဏ်များ ထိခိုက်ခံရသည့် မော်တော်ယာဉ်များ အာမခံလျော်ကြေးနှင့် အကျုံးမဝင်ကြောင်း MIA ထုတ်ပြန်

အကြမ်းဖက်အဖွဲ့အစည်းဟု ကြေညာခံရသည့်အဖွဲ့က ပစ်ခတ်သော ကျည်ဆန်၊ ဗုံးဒဏ်များ ထိခိုက်ခံရသည့် မော်တော်ယာဉ်များ အာမခံလျော်ကြေးနှင့် အကျုံးမဝင်ကြောင်း MIA ထုတ်ပြန်
Published 22 September 2022

အကြမ်းဖက်အဖွဲ့အစည်းဟု ကြေညာခံရသည့်အဖွဲ့က ပစ်ခတ်သော ကျည်ဆန်၊ ဗုံး ဒဏ်များ ထိခိုက်ခံရသည့် မော်တော်ယာဉ်များမှာ အာမခံလျော်ကြေးနှင့် အကျုံးမဝင် ကြောင်း MIA (Myanmar Insurance Asso- ciation ) က ထုတ်ပြန်သည်။

မော်တော်ယာဉ် အလုံးစုံအာမခံနှင့် ပတ်သက်ပြီး အထွေထွေအာမခံကော်မတီ အစည်းအဝေးကို သြဂုတ် ၂၄ ရက်က ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင် MIA က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေအရပ်ရပ်တို့ကြောင့် အာမခံထားသည့်ယာဉ်သည် သေနတ်ကျည်ဆန်၊ ဗုံးဆန်၊ မိုင်းဆန် စသည့် စစ်လက်နက်ပစ္စည်း တို့ကြောင့် ထိခိုက်ပျက်စီးမှုများတွင် Terro-rism Act ဖြင့် ထိခိုက်ပျက်စီးမှုများမှာ လျော်ကြေးတွင်အကျုံးမဝင်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

အာမခံကိုယ်စားလှယ်တစ်ဦးဖြစ်သည့် အရည်ကြို၏ အကောင့်တွင်လည်း “War Risk ပေးပါသေးတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဖြစ်ရင် လျော်မှာပါ။ ပြည်တွင်းမှာ သေနတ်- ကျည် - ဗုံးမှန်ရင်လဲ လျော်ပေး မှာပါ။ မလျော်တော့တာက သက်ဆိုင်ရာက အကြမ်းဖက် အဖွဲ့အစည်းလို့ ကြေငြာထားတဲ့ အဖွဲ့ အစည်းကပစ်ရင် မလျော်ပေးပါဘူး။ နောက် ဥပမာတစ်ခုက ကားကို လောင်ချာနဲ့ထုတယ်။ နောက်တစ်ရက်မှာ အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေငြာခံထားရတဲ့ အဖွဲ့အစည်းက ကြေငြာချက်ထုတ်ပြန်ပြီး သူတို့လုပ်ကြောင်း ကြေငြာလိုက်ရင်လဲ မလျော်ပေးတော့ဘူး ပြောချင်တာပါ” ဟု ရေးသားဖော်ပြထားသည် ကို တွေ့ရသည်။

“ဥပမာ ဘဏ်ရှေ့မှာ ကားရပ်ထား တယ်။ ဗုံးပေါက်လို့ ကားကို ထိခိုက်တာရှိရင် အရင်က လျော်ကြေးရတယ်။ အခုက မရတော့ ဘူး”ဟု မော်တော်ယာဉ်အာမခံလုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ယခင်မော်တော်ယာဉ်ရပ်နား ထားစဉ် တိရစ္ဆာန်တစ်ကောင်၏ ပြုလုပ်မှု ကြောင့် ဖြစ်ပွားသည့် မတော်တဆမှု ထိခိုက် ပျက်စီးခြင်း၊ ခွေးကုတ်ခြင်း၊ ကြောင်ကုတ်ခြင်း တို့ကို အာမခံလျော်ကြေးတွင် အကျုံးဝင် ကြောင်း သတ်မှတ်ထားခဲ့သော်လည်း ယခု ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အရ အာမခံ လျော်ကြေး၌ အကျုံးဝင်မည် မဟုတ်ကြောင်း၊ မောင်းနှင်နေစဉ်အတွင်း တိရစ္ဆာန်တစ် ကောင်၏ ပြုလုပ်မှုကြောင့် ထိခိုက်ပျက်စီးမှ သာ အာမခံတွင် အကျုံးဝင်မည်ဟု ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“လူတစ်ဦးတစ်ယောက်မှ မသမာသော အကြံဖြင့် ခွေးကြောင်များဖြင့် ကုတ်ခြစ်ရန် ခိုင်းစေခြင်းကိုလဲ ပေးလျော်ပါတယ်။ ည သူ့ဘာသာထွက်လာပီး ကုတ်ခြစ်သော ခွေး ကိုက်ဒဏ်ရာများ မပေးလျော်တော့ပါ” ဟု မော်တော်ယာဉ်အာမခံ လုပ်ကိုင်သူတစ်ဦး ဖြစ်သည့် ကိုအရည်ကြိုက ရေးသားထား သည်။

ထို့ပြင် တည်ဆဲ မော်တော်ယာဉ်ဥပဒေကို ဖောက်ဖျက်ကျူးလွန်ပြီး ယာဉ်တိုက်မှုဖြစ်သည့် အာမခံထား သော မော်တော်ယာဉ်မှာ အာမခံလျော်ကြေး ရရှိမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်၌ ရေးသားထားသည်ကို တွေ့ ရသည်။

Most Read

Most Recent