ကိုဗစ်ကပ်ရောဂါနှင့် ဆူပူအကြမ်းဖက်မှုများကြောင့် စီးပွားရေးကျဆင်းခဲ့သော်လည်း လက်ရှိတွင် ကိုဗစ်နှင့် ဆူပူအကြမ်းဖက်မှုများကို ထိန်းချုပ်နိုင်သည့်အခြေအနေ ရောက်လာရှိသည့်အတွက် စီးပွားရေးတည်ငြိမ်စပြုလာပြီဟု နစကဥက္ကဋ္ဌ ပြောကြား

ကိုဗစ်ကပ်ရောဂါနှင့် ဆူပူအကြမ်းဖက်မှုများကြောင့် စီးပွားရေးကျဆင်းခဲ့သော်လည်း လက်ရှိတွင် ကိုဗစ်နှင့် ဆူပူအကြမ်းဖက်မှုများကို ထိန်းချုပ်နိုင်သည့်အခြေအနေ ရောက်လာရှိသည့်အတွက် စီးပွားရေးတည်ငြိမ်စပြုလာပြီဟု နစကဥက္ကဋ္ဌ ပြောကြား
နကစဥက္ကဋ္ဌအား RIA သတင်းဌာနမှ အထူးသတင်းထောက်က တွေ့ဆုံမေးမြန်းနေစဉ်
နကစဥက္ကဋ္ဌအား RIA သတင်းဌာနမှ အထူးသတင်းထောက်က တွေ့ဆုံမေးမြန်းနေစဉ်
Published 13 September 2022

ကိုဗစ်ကပ်ရောဂါနှင့် ဆူပူအကြမ်းဖက်မှုများကြောင့် စီးပွားရေးကျဆင်းခဲ့သော်လည်း လက်ရှိတွင် ကိုဗစ်နှင့် ဆူပူအကြမ်းဖက်မှုများကို ထိန်းချုပ်နိုင်သည့်အခြေအနေရောက်လာရှိသည့်အတွက် စီးပွားရေးတည်ငြိမ်စပြုလာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

စက်တင်ဘာ ၆ ရက်က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၌ ရုရှားနိုင်ငံ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms.Kukushkina Tatiana ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းခဲ့တာတော့ မှန်ပါတယ်။ ကိုဗစ်ဖြစ်တာ ၂၀၂၀ ပြည့်နှစ် မတ်လမှာ မြန်မာနိုင်ငံမှာ စတွေ့တာပေါ့။ အဲဒီမတိုင်ခင် စီးပွားရေးကျဆင်းနေတယ်ဆိုတဲ့ ကိန်းဂဏန်းတွေနဲ့ ဖော်ပြနေတော့ အဲဒီအရှိန်ကြောင့် ကိုဗစ်ဖြစ်တဲ့အချိန် ပိုဆိုးခဲ့တယ်။ ဒုတိယကတော့ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်လာတာကြောင့် စီးပွားရေးမလည်ပတ်နိုင်တဲ့အတွက် ကျဆင်းခဲ့တာတွေရှိပါတယ်။ သို့သော်လည်းပဲ အခုကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်လာနိုင်တယ်။ ဆူပူအကြမ်းဖက်မှုတွေကိုလည်း တော်တော်ကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်လာပါပြီ။ ဒါကြောင့် စီးပွားရေးက တည်ငြိမ်စပြုလာနိုင်ပြီဟု ပြောနိုင်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စီးပွားရေးကို ပြန်လည်ဦးမော့လာရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ နိုင်ငံရေးသည် စီးပွားရေးနှင့် ဆက်စပ်နေကြောင်း၊ စီးပွားရေးကျဆင်းပါက နိုင်ငံရေးမှာ မတည်မငြိမ်ဖြစ်တတ်သည့် သဘောသဘာဝရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စီးပွားရေးကောင်းမွန်အောင် ပြန်လည်လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“ကျွန်တော်တို့ အစိုးရအနေနဲ့ စီးပွားရေးပြန်လည်ဦးမော့လာအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ အဲဒီတော့ နိုင်ငံရေးနဲ့ စီးပွားရေး ဆက်စပ်နေပါတယ်။ စီးပွားရေးကျဆင်းမယ်ဆိုရင် နိုင်ငံရေးက နည်းနည်းမတည်မငြိမ် ဖြစ်တတ်တဲ့ သဘောသဘာဝရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က စီးပွားရေးကောင်းမွန်အောင် ပြန်လုပ်နေပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

၂၀၂၁ ခုနှစစ်တွင် အကြမ်းဖက်ဆူပူမှုများ ပြင်းထန်ခဲ့ကြောင်း၊ သို့သော် ၂၀၂၂ ခု နှစ် ဧပြီလနောက်ပိုင်းတွင် ဖျက်ဆီးမှု၊ သတ်ဖြတ်မှုဖြစ်စဉ်များ ကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ လက်ရှိတွင် ထိန်းသိမ်းနိုင်သည့် အခြေအနေရောက်ပြီဟု ပြော၍ရသော်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့ အခြေအနေတော့ရှိပြီဆိုပြီးတော့ အကြမ်းဖျင်းအားဖြင့် ပြောလိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတော့ အကြမ်းဖက်ဆူပူမှုတွေ ပြင်းထန်ခဲ့ရတာတော့ရှိပါတယ်။ အကြမ်းဖက်ဆူပူမှုတွေ ပြင်းထန်ခဲ့သလို ဖျက်ဆီးမှုတွေ၊ သတ်ဖြတ်မှုတွေလည်း တော်တော်များများ ရှိခဲ့တာကိုလည်း ကျွန်တော်တို့ ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ ပြီးခဲ့တဲ့ဧပြီလကစပြီးတော့ နောက်ပိုင်းမှာတော့ ဖြစ်ပွားမှုတွေက တော်တော်ကျဆင်းလာတာကို ကျွန်တော်တို့ တွေ့ပါတယ်။ ထိန်းသိမ်းနိုင်တဲ့အခြေအနေရောက်ပြီလို့ ပြောရပါမယ်။ သို့သော်လည်း အားလုံးကင်းစင်သွားပြီလား ဒီလိုတော့ မဟုတ်သေးပါဘူး။ တချို့ပြည်နယ်နဲ့ တိုင်းတချို့တွေမှာတော့ ကျန်နေပါသေးတယ်။ ဒါလည်း ကျွန်တော်ဒီထက်ပိုပြီး တည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်နေတယ် ဆိုတာလေးကို ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent