သြဂုတ် ၃၀ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၀၃၂၀၀၀ သတ်မှတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်

သြဂုတ် ၃၀ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၀၃၂၀၀၀ သတ်မှတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်
Published 30 August 2022

၂၀၂၂ ခုနှစ် သြဂုတ် ၃၀ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၀၃၂၀၀၀ သတ်မှတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

 သြဂုတ် ၂၉ ရက်တွင် ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေး ကျပ် ၂၉၂၀၀၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သော်လည်း ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၀၂၃၀၀၀ ဝန်းကျင်ဖြင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။

သြဂုတ်၂ရရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၈၉၅၀၀၀ ဝန်းကျင်ဖြင့် စျေးစဖွင့်ခဲ့ပြီး နေ့လည်ပိုင်းတွင် ၂၉၃၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ သို့သော်သြဂုတ်၂၇ ရက် ညနေသုံးနာရီ ဝန်းကျင်တွင် ပြင်ပစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၈၈၅၀၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့သည်။

သြဂုတ် ၁၂ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆သိန်းသို့ ရောက်ရှိခဲ့ပြီး၊ သြဂုတ် ၁၃ တစ်ရက်တည်းတွင် နံနက်ပိုင်း၌ ၂၇ သိန်း၊ နေ့လည်ပိုင်းတွင် ၂၈ သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်းစံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက်စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊  သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent