နိုင်ငံခြားငွေများကို သတ်မှတ်ချိန်ကျော်လွန်သည်အထိ ကိုင်ဆောင်ထားပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းအတိုင်း ကြီးကြပ်ထိန်းကျောင်းမှုကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ် ညွှန်ချုပ် ပြောကြား

နိုင်ငံခြားငွေများကို သတ်မှတ်ချိန်ကျော်လွန်သည်အထိ ကိုင်ဆောင်ထားပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းအတိုင်း ကြီးကြပ်ထိန်းကျောင်းမှုကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ် ညွှန်ချုပ် ပြောကြား
Published 29 August 2022

ပို့ကုန်ရငွေနှင့် ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံခြားငွေများကို သက်မှတ်ချိန် ကျော်လွန်သည်အထိ ကိုင်ဆောင်ထားပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းအတိုင်း ကြီးကြပ်ထိန်းကျောင်းမှုကို ထိရောက်စွာ ဆောင်ရွက်သွားဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က သြဂုတ် ၂၉ ရက်တွင် ပြောကြားသည်။

“၂၆ ရက် ၈ လ ၂၀၂၂ ရက်အထိကို ပို့ကုန်ရငွေအနက်မှ ပို့ကုန်တင်ပို့သူ၊ လွှဲပြောင်းသူ၊ AD လိုင်စင်ရ ဘဏ်များလက်ဝယ်မှာ အမေရိကန်ဒေါ်လာ ၁၉ သန်းခန့် ကိုင်ဆောင်ထားကြောင်း တွေ့ရှိရပါသောကြောင့် ပို့ကုန် တင်ပို့သူ၊ လွှဲပြောင်းသူ၊ AD လိုင်စင်ရဘဏ်များအနေနဲ့ သွင်းကုန်အတွက် ပြည်ပကို ငွေလွှဲပြောင်း ဆောင်ရွက်ခြင်းကို ဆောလျင်စွာ ဆောင်ရွက်ရန်ဖြစ်ပါသည်။ အဲ့လိုမဆောင်ရွက်ဘဲ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်သည့် အချိန်ကို စောင့်ပြီးတော့ အချိန်မီပေးချေရန်ရှိသည်များကို မပေးချေဘဲ သက်မှတ်ချိန် ကျော်လွန်သည်အထိ ကိုင်ဆောင်ထားပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းအတိုင်း ကြီးကြပ်ထိန်းကျောင်းမှုကို ထိရောက်စွာဆောင်ရွက်သွားမှာဖြစ်ပါတယ်”  ဗဟိုဘဏ်ညွှန်ချုပ် ဟု ဦးအောင်အောင်က ပြောကြားသည်။

ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေပမာဏ ၃၅ ရာခိုင်နှုန်းအနက်မှ ကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ အခြားသူများထံ လွှဲပြောင်းခြင်း၊  AD လိုင်စင်ရ ဘဏ်များသို့ ရောင်းချခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၂၂ ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၂၂ ခုနှစ် သြဂုတ် ၂၆ ရက် ရက်စွဲပါစာအမှတ်၊ အက်ဖ်အီး-၁/ပက/၂၀၇၁ ဖြင့်လည်းကောင်း၊ ပို့ကုန်တင်ပို့သူများက AD လိုင်စင်ရဘဏ်များ၌ တင်ပြလာပါက ဘဏ်၏ လုပ်ထုံးလုပ်နည်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ ညွှန်ကြားစာများနှင့်အညီ သေချာစွာ စိစစ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ကြိုတင်ခွင့်ပြုချက် ရယူရန်မလိုဘဲ ပြည်ပသို့ လွှဲပြောင်းခြင်း(Outward Transactions) ဆောင်ရွက်ပေးရန် ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း ဦးအောင်အောင်က ပြောကြားသည်။

“ ၂၆ ရက် ၈ လ ၂၀၂၂ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုသည့် ကုမဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များရဲ့ ပြည်ပကနေပြီးတော့ နိုင်ငံခြားသုံးငွေဖြင့်ရ ရှိတဲ့ ဝင်ငွေများအနက် ဘဏ်က ဝယ်ယူထား သည့် ပမာဏဟာ အမေရိကန်ဒေါ်လာ ၂၀ သန်းခန့်နှင့် ကုမဏီအဖွဲ့အစည်းများက ဝယ်ယူထားတဲ့ ပမာဏဟာ ၂၀ သန်းခန့်တို့ကို နိုင်ငံခြားငွေလဲနှုန်း မြှင့်တက်တဲ့ အချိန်ကို စောင့်ဆိုင်းပြီးတော့ ပေးချေရန် ရှိသည်များကို မပေးချေဘဲ သတ်မှတ်ချိန် ကျော်လွန်တဲ့အထိ ကိုင်ဆောင်ထားပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းအတိုင်း ထိရောက်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးလို၍ ဖြေကြားခြင်း ဖြစ်ပါတယ်” ဟု  ဦးအောင်အောင်က ပြောကြားသည်။

ကင်းလွတ်ခွင့်ပြုသည့် ကုမဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသည့် ဝင်ငွေများနှင့်စပ်လျဉ်းပြီး အဆိုပါ ကုမဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအနေနှင့် ကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ အခြားသူများထံသို့ လွှဲပြောင်းခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်း တို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၁၆ ရက် ၈ လ ၂၀၂၂ ခုနှစ် ရက်စွဲပါ စာအမှတ် အက်ဖ်အီး-၁/ပက/၁၉၅၇ ဖြင့် ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်းလည်း ဦးအောင်အောင်က ပြောကြားသည်။

 

Most Read

Most Recent