ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး
Published 29 August 2022

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည် ့အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်            ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၇ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှပြင်ဆင်လိုသည့်အချက်များနှင့်စပ်လျဉ်း၍  နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့မှ အဆိုပြုချက်များအပေါ် ညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ် တွေ့ရှိချက်များအား တစ်ချက်ချင်းစီရှင်း လင်းဆွေးနွေးပြီး တက်ရောက်လာသူများက အဆိုပြုချက်များနှင့်စပ်လျဉ်း၍ ၎င်းတို့၏သဘောထားအမြင်ကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ယင်းနောက်ညှိနှိုင်းရေးကော်မတီက ဂျာမနီနိုင်ငံ၏ ဖက်ဒရယ်စနစ်ကျင့်သုံးနေမှုအပေါ် လေ့လာတွေ့ရှိချက်များကို ရှင်းလင်းဆွေးနွေးပြီးဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ဇယား-၁၊ ဇယား-၂ တို့မှ ဥပဒေပြဋ္ဌာန်းရန်ကျန်ရှိနေသည့် ဥပဒေပြုခွင့်ရစာရင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် ဆွေးနွေးချက်များအရ နှစ်ဖက်သဘောထားများကို သဘောထား စုစည်းချက်များအဖြစ်မှတ်တမ်းတင်ကြပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent