နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက လာမည့်စက်တင်ဘာတွင် ရန်ကုန်-ဒူဘိုင်း-ရန်ကုန် စင်းလုံးငှားခရီးစဉ် ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။ လာမည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် အဆိုပါ စင်းလုံးငှားခရီးစဉ်အား ပျံသန်းမည်ဖြစ်ကာ မြန်မာနိုင်ငံမှ အခြားနိုင်ငံသို့သွားရောက်မည့် ခရီးသည်များအနေဖြင့် သက်ဆိုင်ရာနိုင်ငံမှ လိုအပ်သောအထောက်အထားများ၊ COVID-19 Restriction သတ်မှတ်ချက်များကို အတိအကျ လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းခရီးစဉ်များအတွက် Check in ကောင်တာအား လေယာဉ်မထွက်မီ နှစ်နာရီအလိုနှင့် ပြည်ပခရီးစဉ်များအတွက် သုံးနာရီအလိုတွင် ဖွင့်လှစ်ဆောင်ရွက်ပေးနေ ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းက သတင်းရရှိသည်။နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း ၇၄ နှစ်ပြည့်အဖြစ် ပြည်တွင်းပြည်ပခရီးစဉ်များကို ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ စျေးလျှော့ရောင်းချမည့် MNA 74 th Anni-versary Promotion အား သြဂုတ် ၁၇ ရက်တွင် စတင်ခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်း လိုင်း၏ခရီးစဉ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းစျေးလျှော့ရောင်းချမည့် MNA 74 th Anni-versary Promotion အား သြဂုတ် ၁၇ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MNA 74 th Anni-versary Promotion ကာလအတွင်း ဝယ်ယူသော လေယာဉ် လက်မှတ်များအတွက် ခရီးသွားကာလကို ၂၀၂၂ခုနှစ်၊ သြဂုတ် ၁၇ မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ပေးထားသည့်အပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်မတိုင်ခင်အထိ တစ်ကြိမ်အခမဲ့ရက် ချိန်းနိုင်ကြောင်း သိရသည်။
အထူးအစီအစဉ်အနေဖြင့် ၂၀၂၂ခုနှစ် စက်တင်ဘာ ၁၅ ရက် ခရီးစဉ်များတွင်လိုက်ပါ စီးနင်းမည့်ခရီးသည်များအား လေယာဉ်ပေါ်တွင် လက်မှတ်များကို မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထပ်မံ၍ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ပျံသန်းထားသော ပြည်ပခရီးစဉ်၏ အသွားအပြန် Boarding နှစ်စောင်ကို စက်တင်ဘာ ၃၀ ရက်မတိုင်မီ မြန်မာအမျိုးသားလေကြောင်း လက်မှတ်အရောင်းကောင်တာများတွင် ပြသ၍ ပြည်တွင်းခရီးစဉ် One Way Ticket အား 20%လျှော့စျေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များကို MNA website www.flymna.com ၊ Mobile Application ၊ MNA Ticketing Counters နှင့် Authorized Travel Agent များတွင် ဒေါ်လာနှင့် မြန်မာကျပ်ငွေများဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ဇူလိုင် ၂၂ ရက်မှစ၍ ခရီးစဉ်တစ်ကြောင်းလျှင် ဒေါ်လာ ၄၉၀ မှစတင်ကာ ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။