AD လိုင်စင်ရဘဏ်များက ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းနှင့်  ၁၀၀ ရာခိုင်နှုန်းကင်းလွတ်ခွင့်ရရှိသူတို့ထံမှဝယ်ယူထားသော နိုင်ငံခြားငွေများအနက် စက်သုံးဆီနှင့်စားသုံးဆီ တင်သွင်းသည့်ကုမ္ပဏီများသို့  ပြန်လည်ရောင်းချခဲ့သည့်စာရင်းကို ဗဟိုဘဏ်သို့ တင်ပြရမည်

AD လိုင်စင်ရဘဏ်များက ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းနှင့်  ၁၀၀ ရာခိုင်နှုန်းကင်းလွတ်ခွင့်ရရှိသူတို့ထံမှဝယ်ယူထားသော နိုင်ငံခြားငွေများအနက် စက်သုံးဆီနှင့်စားသုံးဆီ တင်သွင်းသည့်ကုမ္ပဏီများသို့  ပြန်လည်ရောင်းချခဲ့သည့်စာရင်းကို ဗဟိုဘဏ်သို့ တင်ပြရမည်
Published 26 August 2022

AD လိုင်စင်ရဘဏ်များက ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းနှင့်  ၁၀၀ ရာခိုင်နှုန်းကင်းလွတ် ခွင့်ရရှိသူတို့ထံမှ ဝယ်ယူထားသော နိုင်ငံခြား ငွေများအနက် စက်သုံးဆီနှင့်စားသုံးဆီ တင် သွင်းသည့်ကုမ္ပဏီများသို့ ပြန်လည်ရောင်း ချခဲ့သည့်စာရင်းကို ဗဟိုဘဏ်သို့ စာရင်းပြု တင်ပြရမည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်စွဲ ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သြဂုတ် လ ၁၆ ရက်က ထုတ်ပြန်ခဲ့သော ရည်ညွှန်း ချက်(၁)နှင့် (၂)ပါစာများအရ နိုင်ငံခြားသုံး ငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များက ပို့ကုန်တင် ပို့သူများထံမှ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းအ နက်မှဖြစ်စေ၊ ကင်းလွတ်ခွင့်ရရှိသည့် ကုမ္ပ ဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့ထံမှဖြစ်စေ နိုင်ငံခြားငွေများကို ဝယ်ယူခဲ့ပြီး အဆိုပါနိုင်ငံ ခြားငွေများအနက် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများ၊ စာသုံးဆီတင်သွင်းသည့်ကုမ္ပဏီ များသို့ ရောင်းချခဲ့သောစာရင်းကို မြန်မာနိုင် ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲ မှုဌာနသို့ စာရင်းပြုတင်ပြရန် ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။

ယင်းကဲ့သို့ စာရင်းပြုတင်ပြခြင်းကို သြဂုတ်လ ၁၇ ရက်နေ့စာရင်းမှ စတင်၍ ပြုစုရန် ဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန emailss.femd@cbm.gov.mm သို့ ပူးတွဲ(၁)နှင့် (၂) ပါ excel ပုံစံဖြင့် သြဂုတ်လ ၁၇ ရက်မှ ၂၆ ရက်အထိ စာရင်းများအား သြဂုတ် ၂၆ ရက် ညနေ (၅)နာရီနောက်ဆုံးထား၍လည်း ကောင်း၊ သြဂုတ်လ ၂၉ ရက်မှစ၍ နေ့စဉ် ညနေ (၅)နာရီ နောက်ဆုံးထား၍ မပျက်မ ကွက်ပေးပို့ရန် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ် ပြန်ခဲ့သော ရည်ညွှန်းချက်ပါ အမိန့်ကြော်ငြာ စာအမှတ်(၃၆/၂၀၂၂)အရ ပို့ကုန်တင်ပို့ သူများသည် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ ကုန်ရငွေပမာဏ၏ ၆၅ရာခိုင်နှုန်းကိုသာ အ မိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)ပါ  သတ်မှတ်ချက်များနှင့်အညီ မြန်မာကျပ်ငွေ ဖြင့် လဲလှယ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါ သည်။

ကျန်ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင် နှုန်းကို ပို့ကုန်တင်ပို့သူအနေဖြင့် မိမိကိုယ် တိုင်အတွက် သုံးစွဲခြင်း၊AD လိုင်စင်ရဘဏ် မဟုတ်သော အခြားသူများထံသို့ လွှဲပြောင်း ခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချ ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း   ဖော်ပြထားသည်။

ဒေါ်လာမှကျပ်ငွေသို့ လဲလှယ်မှုမှ ကင်း လွတ်ခွင့်ပြုထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိ သောဝင်ငွေပမာဏ၏ ၁၀၀ ရာခိုင် နှုန်းအား ပြန်လည်ရောင်းချခွင့်ပြုကြောင်း  သြဂုတ် ၁၅ ရက်စွဲနှင့် ၁၆ ရက်စွဲများဖြင့်  မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ၏ လမ်းညွှန်ချက်နှင့်အညီ ရည်ညွှန်းချက် (၁) ပါ အမိန့်ကြော်ငြာစာမှ ကင်းလွတ်ခွင့် ပြုသည့် ကုမ္ပဏီ၊ အ ဖွဲ့အစည်း၊လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံး ငွေဖြင့်ရရှိသောဝင်ငွေ  များနှင့်စပ်လျဉ်း၍ အဆိုပါကုမ္ပဏီ၊အ ဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်အနေဖြင့် မိမိကိုယ်တိုင် အတွက်သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မ ဟုတ်သော အခြားသူများထံသို့ ရောင်းချ ခြင်း၊ AD လိုင်စင်ရဘဏ်များသို့ရောင်းချ ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန် ထားသည်။

သြဂုတ်လ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ထား သော ထုတ်ပြန်ချက်နှစ်ခုအရ ကျပ်ငွေသို့ လဲ လှယ်မှုမှ ကင်းလွတ်ခွင့်ရရှိထားသော ပို့ကုန် ရငွေ ၃၅ ရာခိုင်နှုန်းနှင့် ၁၀၀ ရာခိုင်နှုန်း ကင်း လွတ်ခွင့်ပြုထားသည့် ကုမ္ပဏီ၊ အဖွဲ့အ စည်း၊ လူပုဂ္ဂိုလ်တို့က ၎င်းင်းကိုယ်တိုင်အတွက်  သုံးစွဲခြင်းပြုရာတွင် နိုင်ငံဖြတ်ကျော် ဆောင် ရွက်သည့် cross border transaction  ကိုလည်းကောင်း၊ ၎င်းင်းတို့ထံမှ ဝယ်ယူထား သည့် နိုင်ငံခြားငွေများကို မိမိကိုယ်တိုင်အ တွက် သုံးစွဲခြင်းပြုရာတွင် နိုင်ငံဖြတ်ကျော် ဆောင်ရွက်သည် ့ cross border transaction  ကိုလည်းကောင်း၊ နိုင်ငံခြားသုံး ငွေ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ် သည်။

Most Read

Most Recent