ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ကြက်သွန်နီစျေး ထပ်မံမြင့်တက်ပြီး တစ်ပိဿာ ကျပ် ၃၀၀၀ အထိ ရောက်ရှိ

ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ကြက်သွန်နီစျေး ထပ်မံမြင့်တက်ပြီး တစ်ပိဿာ ကျပ် ၃၀၀၀ အထိ ရောက်ရှိ
Published 22 August 2022

ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း သြဂုတ်လနောက်ဆုံးပတ်တွင် ကြက်သွန်နီ စျေးနှုန်းထပ်မံမြင့်တက်နေပြီး တစ်ပိဿာ ကျပ် ၃၀၀၀ အထိ ရောက်ရှိလာကြောင်း ကုန် သည်များထံမှ သိရသည်။

ပခုက္ကူကြက်သွန်နီစျေးကွက်တွင် သြ ဂုတ်လ ပထမပတ်တွင် တစ်ပိဿာ ကျပ် ၁၇၀၀၊  ဒုတိယပတ်တွင် တစ်ပိဿာ ကျပ် ၂၀၀၀ နှင့် တတိယပတ်တွင် တစ်ပိဿာ ကျပ် ၂၆၀၀ ပေါက် စျေးရှိရာမှ စျေးနှုန်း ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပခုက္ကူကြက်သွန်စျေးကွက်အတွင်းသို့ ပိဿာချိန် ၂၄၀၀၀ ခန့် ဝင်ရောက်သည့် သြ ဂုတ် ၂၂ ရက် စျေးကွက်တွင် ဂျွန်သေးတစ်ပိဿာ ကျပ် ၁၈၀၀ - ၂၂၀၀၊ ဂျွန်လတ်တစ်ပိဿာ ကျပ် ၂၃၀၀ -၂၅၀၀ နှင့် ဂျွန်ကြီးတစ်ပိဿာ ကျပ် ၂၆၀၀ - ၃၀၀၀ ပေါက်စျေးရှိကြောင်း သိရသည်။

“ကြက်သွန်စျေးကောင်းတယ်။ ကုန်ဝင် ကနည်းတယ်။ စျေးတက်ပေး စျေးတက်ရောင်း ပဲ။ လက်ရှိက ဝယ်လက်ကောင်းလို့ကို စျေးက ကောင်းတယ်။ ပုံမှန်အချိန်ဆိုရင် ဒီစျေးတန်း မှာ ကုန်ဝင်က တစ်ရက်ပိဿာချိန် တစ်သိန်း ဝန်းကျင်ဝင်တယ်။ ဒီနှစ်တော့ အကြောင်းအ မျိုးမျိုးကြောင့် ကြက်သွန်အဝင်နည်းတယ်။ အဝယ်ရှိပြီး အဝင်နည်းတော့ စျေးပေးဝယ်ကြ တာပေါ့” ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ် ရေးလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ကြက်သွန်စိုက်ပျိုးချိန်တွင် နယ်မြေမတည်ငြိမ်မှုကြောင့် အချို့တောင်သူ များ လုံးဝစိုက်ပျိုးနိုင်ခြင်းမရှိဘဲ အချို့တောင် သူများမှာ စိုက်ပျိုးပြီးနောက် ထိန်းသိမ်းနိုင်ခြင်း မရှိသည့်အတွက် ပုံမှန်ထက် အထွက်နှုန်းလျော့ ကျခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ကြက်သွန်နီ တစ်ပိဿာ ကျပ် ၃၀၀၀ ကျော်အထိ ရောင်း ဝယ်ခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းအထိ တစ်ပိဿာ ကျပ် ၁၀၀၀ အောက်ဖြင့်သာ ရောင်းဝယ်ခဲ့ရကြောင်း သိရ သည်။

ပခုက္ကူနှင့် ပေါက်မြို့နယ်အတွင်းရှိ ကြက် သွန်စိုက်တောင်သူများထံတွင် ကြက်သွန် ရောင်းချရန် ကျန်ရှိနေသေးပြီး နယ်မြေတည် ငြိမ်မှုအပေါ်မူတည်၍ ရောင်းဝယ်မှုပြုလုပ်နေ ရကြောင်း ဒေသခံတောင်သူများ၏ ပြောကြား ချက်အရ သိရသည်။

Most Read

Most Recent