မြန်မာ့မီးရထားက ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမြန်ရထားတစ်စီးထပ်မံတိုးချဲ့ပြေးဆွဲခဲ့ပြီး ယခင်ရန်ကုန်ဘူတာကြီးက စတင်ထွက်ခွာသည့် စာပို့ရထားကိုမူ ကြည့်မြင်တိုင်ဘူတာမှ စတင်ထွက်ခွာခြင်းသို့ ပြောင်းလဲပြေးဆွဲ

မြန်မာ့မီးရထားက ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမြန်ရထားတစ်စီးထပ်မံတိုးချဲ့ပြေးဆွဲခဲ့ပြီး ယခင်ရန်ကုန်ဘူတာကြီးက စတင်ထွက်ခွာသည့် စာပို့ရထားကိုမူ ကြည့်မြင်တိုင်ဘူတာမှ စတင်ထွက်ခွာခြင်းသို့ ပြောင်းလဲပြေးဆွဲ
Published 22 August 2022

မြန်မာ့မီးရထားက ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် အမြန်ရထားတစ်စီးထပ်မံ တိုးချဲ့ပြေးဆွဲခဲ့ပြီး ယခင်ရန်ကုန်ဘူတာကြီးက စတင်ထွက်ခွာသည့် စာပို့ရထားကိုမူ ကြည့်မြင်တိုင်ဘူတာမှ စတင်ထွက်ခွာခြင်းသို့ ပြောင်းလဲပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားက သတင်းရရှိသည်။

မြန်မာမီးရထား၏ ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် မူလသတ်မှတ်ထားသော မီးရထားပြေးဆွဲချိန်များအစား သြဂုတ် ၂၀ ရက်မှစတင်ကာ ပြောင်းလဲပြောင်းဆွဲခဲ့ကြောင်း သိရသည်။ ရန်ကုန်မှ ပြည်သို့ ပြေးဆွဲနေသာ အမှတ် ၆၃ အဆန်စာပို့ရထားသည် ယခင်ရန်ကုန်ဘူတာကြီးမှ စတင်ပြေးဆွဲနေရာမှ သြဂုတ် ၂၀ ရက်မှစတင်ကာ ကြည့်မြင်တိုင်ဘူတာမှ ပြန်လည်စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

ယင်းကြောင့် အမှတ် ၆၃ အဆန်စာပို့ရထားသည် နေ့စဉ်ကြည့်မြင်တိုင်ဘူတာမှ နံနက် ၆နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ပြည်ဘူတာမှ ကြည့်မြင်တိုင်ဘူတာသို့ အမှတ် ၆၅ အစုန် စာပို့ရထားသည်လည်း နေ့စဉ်ပြည်ဘူတာကြီးမှ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်သည်။

ထို့ပြင် ရန်ကုန်မှ ပြည်သို့ ပြေးဆွဲနေသည့် အမှတ် ၇၁ အဆန်အမြန်ရထားသည်လည်း သြဂုတ် ၂၀ ရက်မှ စတင်ကာ ရန်ကုန်ဘူတာမှ နေ့စဉ်နေ့လည် ၁၁ နာရီတွင် စတင်ထွက်ခွာပြီး ပြည်မှ ရန်ကုန်သို့ အမှတ် ၇၂ အစုန်အမြန်ရထားသည်လည်း ပြည်ဘူတာကြီးမှ မူလပြေးဆွဲနေသော ည ၂၁ နာရီ မိနစ် ၃၀ တွင် ထွက်ခွာနေရာမှ နေ့စဉ် ည ၂၁ နာရီတိတိတွင် ထွက်ခွာမည်ဖြစ်သည်။

ယင်းပြင် ရန်ကုန်မှ ပြည်သို့ အမှတ် ၆၁ အဆန်အမြန်ရထားသည်လည်း ထပ်မံတိုးချဲ့၍ ရန်ကုန်ဘူတာကြီးမှနေ့စဉ် ည ၂၁နာရီ တိတိတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ပြည်မှ ရန်ကုန်သို့အမှတ် ၆၂ အစုန် အမြန်ရထားသည်လည်း ပြည်ဘူတာကြီးမှ နေ့စဉ်နံနက် ၇ နာရီ ၃၀ မိနစ်တိတိတွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားသည် ရန်ကုန်ဘူတာကြီးမှ မန္တလေး၊ မော်လမြိုင်၊ ပြည်နှင့် ပဲခူးမြို့များသို့ ရထားခရီးစဉ်များ ပြေးဆွဲနေပြီး ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ အစုန်-အဆန် ရထားသုံးစင်းအား လေအိတ်ရထားတွဲဆိုင်းများဖြင့် ပြေးဆွဲနေကြောင်း သိရသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ လေအိတ်ရထားတွဲဆိုင်းများဖြင့် ပြေးဆွဲပေးနေပြီး ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်၌ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အစုန်-အဆန်အမြန် ရထားနှစ်စင်း ထပ်မံပြေးဆွဲခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်သူများအနေဖြင့် ရထားစီးနင်း၍ ခရီးသွားလာမှု များပြားလာခြင်းကြောင့် ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် သြဂုတ် ၂၀ ရက်တွင် ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထား တိုးချဲ့ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent