ရေးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်တစ်ဦး စေလွှတ်ပေးရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကမ်းလှမ်းခဲ့သော်လည်း ပါတီက ငြင်းပယ်ခဲ့ကြောင်း သိရ

ရေးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်တစ်ဦး စေလွှတ်ပေးရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကမ်းလှမ်းခဲ့သော်လည်း ပါတီက ငြင်းပယ်ခဲ့ကြောင်း သိရ
Published 21 August 2022

မွန်ပြည်နယ် ရေးခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင် ရန် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်တစ်ဦး စေလွှတ်ပေးရန်တောင်းဆိုခဲ့သော်လည်း လုံခြုံ ရေးအခြေအနေကြောင့် တာဝန်ထမ်းဆောင် မည့်သူမရှိသည့်အတွက် ငြင်းပယ်ခဲ့ကြောင်း သိရသည်။

“ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကနေ ပါတီကို ရေးခရိုင်စီမံအုပ်ချုပ်ရေးကောင် စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပေးဖို့ ကမ်းလှမ်းလာတာရှိခဲ့တယ်။ ကျွန်တော်တို့လည်း သြဂုတ်လပထမပတ်အတွင်းမှာ အစည်းအဝေး တွေခေါ်ခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ မှာက လူရှာလို့မရဘူး။ အဓိကက လုံခြုံရေးအခြေအနေကြောင့်ပေါ့လေ။ အဲဒီတော့ ရေးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မယ့်သူမရှိတော့ ကမ်းလှမ်း ချက်ကို ငြင်းပယ်ခဲ့ပါတယ်”ဟု မွန်ညီညွတ် ရေးပါတီ အတွင်းအရေးမှူးဖြစ်သူ နိုင်စံတင်က ပြောကြားသည်။

မွန်ပြည်နယ်အတွင်း ယခင်က မော်လမြိုင် ခရိုင်နှင့် သထုံခရိုင်နှစ်ခုသာရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်က ပြည်ထဲရေးဝန် ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၂၉/၂၀၂၂) အရ ရေးခရိုင်နှင့် ကျိုက်ထိုခရိုင်နှစ်ခု အား တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်းနှင့် ရေးခရိုင်အ တွင်း ရေးမြို့နယ်၊ ကျိုက်ထိုခရိုင်အတွင်း ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့ဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်အတွင်း မကြာခဏ ပစ်ခတ် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် သြဂုတ် ၃ ရက်က ရေးမြို့နယ် လ.၀.ကရုံးအတွင်းရေးဘီလူးအဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ် မှုကြောင့် မြို့နယ်လဝက ဝန်ထမ်းနှစ်ဦးနှင့် အရပ်သားတစ်သေဆုံးခဲ့ပြီး ဝန်ထမ်းတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေးမြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်ကလည်း သီရိခေမာရပ်ကွက်ရှိ ရေးမြို့ မရဲစခန်းရှေ့၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းကလည်း ရေး - ထားဝယ်ကားလမ်းပေါ်ရှိ ရေးမြို့အဝင် အထွက် စစ်ဆေးရေးဂိတ်ပြုလုပ်ထားသည့် တံတားဖြူစစ်ဆေးရေးဂိတ်အတွင် ပစ်ခတ်မှု များဖြစ်ပွားခဲ့ကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်ကလည်း ရေး - ချောင်းတောင် မြစ်ကူးတံ တားပေါ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ သေနတ် ဖြင့် ပစ်ခတ်ခံရခဲ့သေးကြောင်း ရေးမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် ပိုင်း ရေးမြို့နယ်အတွင်း လုံခြုံရေးတိုးမြှင့်ခြင်း နှင့် အသွားအလာကန့်သတ်ခြင်းများလုပ် ဆောင်ထားကြောင်း သိရသည်။

ဘိုဘိုမြင့်

 

Most Read

Most Recent