အင်တာမီလန်ကွင်းလယ်လူ ဘရိုဇိုဗစ်ကို ဖေမီနို၊ နာဘီကီတာတို့နှင့် အလဲအထပ်လုပ်ရန် လီဗာပူးလ် စီစဉ်နေ

အင်တာမီလန်ကွင်းလယ်လူ ဘရိုဇိုဗစ်ကို ဖေမီနို၊ နာဘီကီတာတို့နှင့် အလဲအထပ်လုပ်ရန် လီဗာပူးလ် စီစဉ်နေ
Photo: Twitter
Photo: Twitter
Published 10 August 2022

 

လီဗာပူးလ်အသင်းသည် အင်တာမီလန်အသင်းမှ ခရိုအေးရှားကွင်းလယ်ခံစစ်ကစားသမား ဘရိုဇိုဗစ်ကို ခေါ်ယူရန် ချိန်ရွယ်နေပြီး အသင်းမှ တိုက်စစ်မှူး ဖေမီနို၊ ကွင်းလယ်ကစားသမား နာဘီကီတာတို့နှင့် အလဲအထပ်ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ 

ဘရိုဇိုဗစ်(၂၉ နှစ်)သည် လမ်းပတ်နှင့် ခိုင်းနှိုင်းခံရသူဖြစ်ပြီး ယခုနှစ်အစောပိုင်းကမှ အင်တာမီလန် အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် သီယာဂိုအယ်လ်ကန်တာရာအပါအဝင် ကွင်းလယ်ကစားသမားအချို့၏ ဒဏ်ရာပြဿနာကြောင့် ဘရိုဇိုဗစ်ကို ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ပြီး မကြာမီ ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။ 

Most Read

Most Recent