ပရီးမီးယားလိဂ်ပြိုင်ပွဲရာသီသစ်၌ အသင်းနှင့် အစောဆုံးလမ်းခွဲရနိုင်သည့် နည်းပြအလေးပေးချက်တွင် အဲဗာတန်အသင်းနည်းပြ လမ်းပတ် ဦးဆောင်နေပြီး ထိပ်ဆုံး ကိုးဦးစာရင်းတွင် Big Six နည်းပြများ မပါဝင်

ပရီးမီးယားလိဂ်ပြိုင်ပွဲရာသီသစ်၌ အသင်းနှင့် အစောဆုံးလမ်းခွဲရနိုင်သည့် နည်းပြအလေးပေးချက်တွင် အဲဗာတန်အသင်းနည်းပြ လမ်းပတ် ဦးဆောင်နေပြီး ထိပ်ဆုံး ကိုးဦးစာရင်းတွင် Big Six နည်းပြများ မပါဝင်
Photo: Getty Images
Photo: Getty Images
Published 10 August 2022

ပရီးမီးယားလိဂ်ပြိုင်ပွဲရာသီသစ်၌ အသင်းနှင့် အစောဆုံးလမ်းခွဲရနိုင်သည့် နည်းပြအလေးပေးချက်တွင် အဲဗာတန်အသင်းနည်းပြ လမ်းပတ် ဦးဆောင်နေပြီး ထိပ်ဆုံး ကိုးဦးစာရင်းတွင် Big Six နည်းပြများ မပါဝင်

ပရီးမီးယားလိဂ်ပြိုင်ပွဲရာသီသစ်တွင် အသင်းနှင့် အစောဆုံးလမ်းခွဲရနိုင်သည့် နည်းပြအလေးပေးချက်တွင် အဲဗာတန်အသင်းနည်းပြ ဖရန့်လမ်းပတ် ဦးဆောင်နေပြီး ထိပ်ဆုံး ကိုးဦးတွင် Big Six စာရင်းဝင်အသင်းများထဲမှ နည်းပြတစ်ဦးမျှ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းအား အိမ်ကွင်းတွင် အရေးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်၌ အဲဗာတန်အသင်း၏ကစားပုံ ကောင်းမွန်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီ တန်းဆင်းဇုန် အန္တရာယ်မှလွတ်မြောက်အောင် မနည်းရုန်းကန်ခဲ့ရသည့်အနေအထားကြောင့် လမ်းပတ် ကို ဗြိတိန်လောင်းကစားကုမ္ပဏီ Betfair က ၄း၁ လေးဖြင့် ထိပ်ဆုံးတွင် ထားရှိခြင်းဖြစ်သည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ရေးသားခဲ့သည်။ 

ဒုတိယနေရာတွင် ဆောက်သမ်တန်အသင်း၏ ဂျာမန်လူမျိုးနည်းပြ ဟာဆန်ဟူတယ်လ် ရှိနေပြီး အလေးပေးချက်မှာ ၉း၂ လေးဖြစ်သည်။ ဆောက်သမ်တန်အသင်းသည် အပြောင်းအရွှေ့စျေးကွက်အတွင်း ကစားသမားသစ် ခြောက်ဦး ခေါ်ယူအားဖြည့် ထားသော်လည်း ကျွမ်းကျင်သူများက ဟာဆန်ဟူတယ်လ်၏အသင်းသည် ယခုရာသီတွင် ရုန်းကန်ရဖွယ်ရှိသည်ဟု သုံးသပ်ထားသည်။ 

ယင်းနောက်တွင် လိဒ်စ်အသင်းနည်းပြ ဂျက်ဆီမက်ရှ်က ၆း၁ လေး၊ လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာစ်က ၁၅း၂ လေး၊ အက်စတွန်ဗီလာအသင်းနည်းပြ ဂျရတ် က ၁၅း၂ လေး၊ ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားက ၉း၁ လေး၊  ဝုလ်ဗ်အသင်း နည်းပြ ဘရူနိုလာဂျီက ၁၂း၁ လေး၊ ဘုန်းမောက်အသင်းနည်းပြ စကော့ပါကားက ၁၂း၁ လေး၊ နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ၁၂း၁ လေး၊ ချယ်လ်ဆီး အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ၁၄း၁ လေး၊ အာဆင်နယ်အသင်းနည်းပြ အာ တီတာက ၁၆း၁ လေး၊ ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ပက်ထရစ်ဗီယာရာက ၁၆း၁ လေး၊ မန်ယူအသင်းနည်းပြ အီရစ်တန်ဟက်ဂ်က ၂ဝး၁ လေး၊ နော်တင်ဟမ်အသင်းနည်းပြ စတိဗ်ကူးပါးက ၂ဝး၁ လေး၊ ဘရိုက်တန်အသင်းနည်းပြ ဂရေဟမ်ပေါ်တာက ၂ဝး၁ လေး၊ စပါးအသင်းနည်းပြ ကွန်တီက ၂၅း၁ လေး၊ ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ၂၅း၁ လေး၊ ဝက်စ်ဟမ်းအသင်း နည်းပြ ဒေးဗစ်မွိုက်စ်က ၃၃း၁ လေး၊ လီဗာ ပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ၆၆း၁ လေး၊ မန်စီးတီးအသင်းနည်းပြ ဂွါဒီယို လာက ၆၆း၁ လေးဖြင့် အသီးသီးရှိနေကြသည်။ 

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ဘရိုက်တန်အသင်းအား အိမ်ကွင်း၌ မထင်မှတ်ဘဲအရေးနိမ့်ခဲ့သည့် တန်ဟက်ဂ်သည် ယင်း ပွဲမတိုင်မီ ၃၃း၁ လေးသာရှိရာမှ အရေးနိမ့် ပြီးနောက် ၂ဝး၁ လေးအထိ မြင့်တက်လာခြင်း ဖြစ်သည်။ ၂၀၂၂-၂၃ ပရီးမီးယားလိဂ်ပြိုင်ပွဲ ရာသီတွင် အင်္ဂလိပ်လူမျိုးနည်းပြ ငါးဦးအထိ ရှိပြီး ယင်းထဲမှ ဂရေဟမ်ပေါ်တာမှအပ ကျန်လေးဦးမှာ ရေပန်းအစားဆုံးရှစ်ဦးစာရင်းထဲ ဝင်ရောက်လျက်ရှိသည်။

 

Most Read

Most Recent