မန်စီးတီးအသင်းဟာ ၂၀၁၃-၁၄ ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့သလို၊ လိဂ်ဖလားပြိုင်ပွဲမှာလည်း ဗိုလ်စွဲခဲ့တယ်။ ဒါဟာ အဂွဲရိုးအတွက် သူ ရရှိခဲ့တဲ့ လိဂ်ဖလား (၆)လုံးမှာ ပထမဆုံး လိဂ်ဖလားလည်း ဖြစ်တယ်။ အဂွဲရိုးက ဒဏ်ရာပြဿနာတွေကြောင့် (၂၃) ပွဲသာ ကစားခဲ့ရပေမဲ့ (၁၇) ဂိုးအထိသွင်းယူနိုင်ခဲ့တယ်။ အဂွဲရိုး ပွဲအနည်းငယ်သာ ကစားခဲ့ရပြီး (၁၇)ဂိုးသာ သွင်းနိုင်ခဲ့တဲ့ ရာသီမှာ မန်စီးတီးအသင်းက အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပြီး အဂွဲရိုးရဲ့ မန်စီးတီးကစားသမားဘဝ ဂိုးအများဆုံးရာသီဖြစ်တဲ့ ၂၀၁၄-၁၅ ရာသီမှာတော့ မန်စီးတီးအသင်းက ဒုတိယနေရာမှာပဲ ရပ်တည်ခဲ့တယ်။ အဂွဲရိုးက ပရီးမီးယားလိဂ် ဂိုး (၂၆) ဂိုးအထိ သွင်းယူခဲ့တဲ့ သူ့ရဲ့အကောင်းဆုံး ရာသီ ဖြစ်လာခဲ့ပြီး၊ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တယ်။ သြဂုတ်လ၊ ၂၀၁၄ မှာတော့ မန်စီးတီးအသင်းက အဂွဲရိုးကို ၂၀၁၉ ခုနှစ်အထိ သက်တမ်းရှိမယ့် နှစ်ရှည်စာချုပ်ကို သက်တမ်းတိုးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အသင်းက ထွက်ခွာသွားတဲ့ ဂျက်ကိုရဲ့ ကျောနံပါတ် (၁၀) ကို သူ ဆက်ခံခဲ့တယ်။
မန်စီးတီးရဲ့ Golden Boy (သို့မဟုတ်) အဂွဲရိုး (၂)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















