■ ဟော်လန်းမှာ သွင်းဂိုးများအတွက် မွေးဖွားလာသူဖြစ်ပြီး အွန်နရီ၊ အလန်ရှီးယား၊ စီရော်နယ်လ်ဒိုတို့နှင့် တစ်တန်းတည်းထားရမည့်အဆင့် ရောက်ရှိသွားပြီဟု ဂွါဒီယိုလာ ချီးကျူး

■ ဟော်လန်းမှာ သွင်းဂိုးများအတွက် မွေးဖွားလာသူဖြစ်ပြီး အွန်နရီ၊ အလန်ရှီးယား၊ စီရော်နယ်လ်ဒိုတို့နှင့် တစ်တန်းတည်းထားရမည့်အဆင့် ရောက်ရှိသွားပြီဟု ဂွါဒီယိုလာ ချီးကျူး
Photo : Manchester City
Photo : Manchester City
Published 9 August 2022

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်ပွဲဦးထွက်တွင် နှစ်ဂိုးသွင်းယူခဲ့သည့် ကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းမှာ သွင်းဂိုးများအတွက် မွေးဖွားလာသူဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

ဟော်လန်းသည် တနင်္ဂနွေနေ့က ဝက်စ်ဟမ်းအသင်းအား အနိုင်ရသည့်ပွဲတွင် မန်စီးတီးအသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးစလုံး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ် ပထမဆုံးပွဲ ဦးထွက်မှာပင် Man of the Matchဆု ရရှိခဲ့သည်။

ယင်းပွဲအပြီးတွင် ဂွါဒီယိုလာက ''သူက ဒီအသင်းမှာ ငါးနှစ်ကျော်ကြာ နေရဦးမှာပါ။ သူ့စာချုပ်သက်တမ်းတင်မဟုတ်ဘဲ ဒီထက်ပိုပြီး ကြာကြာနေဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့က အသင်းကို ရောက်လာတဲ့ ကစားသမားသစ်တိုင်း ပျော်ရွှင်စေဖို့ အလိုရှိ ပါတယ်။ မန်စီးတီးအသင်းနဲ့အတူ၊ မန်စီးတီး ကစားသမားတွေနဲ့အတူ ခံစားမှုကောင်းကို ရစေချင်တယ်။ ဟော်လန်းက အလွန်မြင့်မားတဲ့ ပါရမီတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမားပါ။ အလွန်ကောင်းမွန်တဲ့ ဂိုးသွင်းမှတ်တမ်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ကျွန် တော်တို့က သူ့ရဲ့ကစားဟန်ထဲကို ပိုကောင်းမွန်တဲ့အရာတွေ ထပ်ဖြည့်ပေးချင်ပါသေးတယ်။ ဂိုးတွေသွင်းရုံ ကစားသမားမျိုး မဟုတ်ပါဘူး။ အဲဒီအချက်က အရမ်းအရေးကြီးပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က သူ့ ကို ပိုကောင်းတဲ့ ကစားသမားဖြစ်လာအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဟော်လန်းရဲ့ ပင်ကိုဗီဇကတော့ ဂိုးတွေသွင်းဖို့ မွေးဖွားလာတဲ့ ကစားသမားဖြစ်ပါတယ်''ဟု ချီးကျူးပြောကြားသည်။

ထို့ပြင် ဟော်လန်းအနေဖြင့် ရာသီကြို ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများခံခဲ့ရသော်လည်း ယခုအခါ ချီးကျူးမှုများရရှိနေခြင်းအတွက် ၄င်းမှာ ပရီးမီးယားလိဂ်ဂန္ထဝင် အွန်နရီ၊ အလန်ရှီးယား၊ စီရော်နယ်လ်ဒိုတို့နှင့် တစ်တန်းတည်းထားရမည့်အဆင့် ရောက်ရှိသွားပြီဟု ဂွါဒီယိုလာက တုံ့ပြန်ပြောကြားသည်။

''လွန်ခဲ့တဲ့တစ်ပတ်တုန်းကတော့ သူက ပရီးမီးယားလိဂ်နဲ့ သိပ်ပြီးအံမဝင်ပါဘူး။ အခုတော့ သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်သွားပြီ။ တီတီ (အွန်နရီ)၊ အလန်ရှီးယား၊ ခရစ္စတီယာနိုတို့နဲ့ တစ်တန်းတည်းထားရမယ့်အဆင့်ကို ရောက်သွားပါပြီ။ ကျွန်တော်ကတော့ ဝေဖန်မှုတွေကို သူကောင်းကောင်းကိုင်တွယ်နိုင်တယ်လို့ ထင်ပါတယ်။ သူက လေ့ကျင့်ရေးကွင်းမှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ အရမ်းကြိုးစားပါတယ်''ဟု ဂွါဒီ ယိုလာက ဝက်စ်ဟမ်းနှင့်ပွဲအပြီးတွင် ပြောကြားသည်။

Most Recent