၀ါရင့်နောက်ခံလူ အက်ဇ်ပီလီကွယ်တာကို ချယ်လ်ဆီးအသင်း(၂)နှစ် သက်တမ်းတိုး

၀ါရင့်နောက်ခံလူ အက်ဇ်ပီလီကွယ်တာကို ချယ်လ်ဆီးအသင်း(၂)နှစ် သက်တမ်းတိုး
Photo: Chelsea FC
Photo: Chelsea FC
Published 5 August 2022

ချယ်လ်ဆီးအသင်းသည် ၀ါရင့်စပိန်နောက်ခံလူ အက်ဇ်ပီလီကွယ်တာကို (၂)နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။

အက်ဇ်ပီလီကွယ်တာ(၃၂ နှစ်)သည် ၂၀၁၂ ခုနှစ်ကတည်းက ချယ်လ်ဆီးအသင်းသို့ ရောက်ရှိနေခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းက အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

၎င်းအနေဖြင့် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၄၇၆)ပွဲ ကစားပေးထားသော်လည်း ယခုနွေရာသီတွင် အသင်းသစ် ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းထွက်ခဲ့သည်။

ဘာစီလိုနာအသင်းက ၎င်းကို ခေါ်ယူရန် နီးစပ်နေပြီဟု မီဒီယာများစွာက ဖော်ပြခဲ့ကြသော်လည်း ပိုင်ရှင်သစ် တော့ဒ်ဘိုလီက အသင်းတွင် ဆက်ထိန်းထားရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ချယ်လ်ဆီးအသင်းတွင် ဆက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် အက်ဇ်ပီလီကွယ်တာ ကို ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးခဲ့ခြင်းဖြစ်ပြီး တော့ဒ်ဘိုလီက ''ဆီဆာ(အက်ဇ်ပီလီကွယ်တာ) အသင်းမှာ အနည်းဆုံးနောက်ထပ်(၂)နှစ် ဆက်ရှိမယ့်အတွက် ကျွန်တော်တို့ အလွန်ပျော်ရွှင်ပါတယ်။ သူ့ရဲ့ ဦးဆောင်မှုကို ဆက်မြင်တွေ့ရမယ့်  အခြေအနေအတွက်လည်း ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်''ဟု ပြောကြားခဲ့သည်။

အက်ဇ်ပီလီကွယ်တာကလည်း မိမိ၏ နေအိမ်လိုဖြစ်နေသည့် ချယ်လ်ဆီးနှင့် သက်တမ်းတိုးရသည့်အတွက် ပျော်ရွှင်သည်ဟု ဆိုခဲ့သည်။

Most Read

Most Recent