ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၀ ကျပ်နှုန်း သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ၂၅၅၀ ကျပ်ဝန်းကျင်ရှိနေပြီး ငွေလဲကောင်တာအချို့ အမေရိကန်ဒေါ်လာ ဝယ်ယူ၊ ရောင်းချခြင်း ခေတ္တရပ်နားထား

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၀ ကျပ်နှုန်း သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ၂၅၅၀ ကျပ်ဝန်းကျင်ရှိနေပြီး ငွေလဲကောင်တာအချို့ အမေရိကန်ဒေါ်လာ ဝယ်ယူ၊ ရောင်းချခြင်း ခေတ္တရပ်နားထား
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ်
Published 27 July 2022

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၀ ကျပ်နှုန်း သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင်  တစ်ဒေါ်လာ ၂၅၅၀ ကျပ်ဝန်းကျင်ရှိနေပြီး ငွေလဲကောင်တာအချို့ အမေရိကန်ဒေါ်လာ ဝယ်ယူ၊ ရောင်းချခြင်း ခေတ္တရပ်နားထားကြောင်း သိရသည်။

“ကျွန်တော်တို့ ငွေလဲကောင်တာအနေနဲ့ အမေရိကန်ဒေါ်လာက ဝယ်ယူ၊ ရောင်းချခြင်းကို ငွေစျေးမငြိမ်လို့ ခနရပ်ထားပြီး အခြားငွေကြေးတွေကိုပဲ ဝယ်ရောင်းပြုလုပ်ပေးနေပါတယ်” ဟု နိုင်ငံခြားငွေလဲကောင်တာတစ်ခုမှာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၂၂ ခုနှစ် ဇူလိုင် ၂ရရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၁၀၇ ပွိုင့်ဝန်းကျင်ရှိကာ ဗဟိုဘဏ်သတ်မှတ်သည့်  နိုင်ငံခြားငွေလဲနှုန်းမှာတစ်ဒေါ်လာ ၁၈၅၀ ကျပ် ဝန်းကျင်ရှိနေသော်လည်း ပြင်ပ စျေးကွက်တွင်မူ  နိုင်ငံခြား ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၂၅၅ဝဝန်းကျင်ရှိနေကြောင်း သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ခုနှစ် ဇူလိုင် ၂ရရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို၂၅၅ဝကျပ်၊ စင်ကာပူ ဒေါ်လာ ၁ရရဝကျပ်၊ မလေးရှားရင်းဂစ် ၅၆၀ ကျပ်၊ ထိုင်း ဘတ် ကျပ် ၆၉၊ ဂျပန်ယန်း ၁၈ ကျပ်၊ တရုတ်ယွမ်  ၃၅၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းတို့ လုပ်ဆောင်ရာတွင် CBM Reference Rate အား Mid-rate ဖြင့် သတ်မှတ်၍ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းကို သုည ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ် ဆောင်ရွက်ခြင်း၊ မြန် မာကျပ်ငွေတန်ဖိုးမြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာ ကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင် လေလံကို  ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို  Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချ ခြင်းဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်ဖြစ်သည်။        

Most Read

Most Recent