၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ်သန်း ၇၉၀ ကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ဒုတိယသုုံးလပတ်ထက် ၁၅ ရာခိုင်နှုန်းကျဆင်း

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ်သန်း ၇၉၀ ကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ဒုတိယသုုံးလပတ်ထက် ၁၅ ရာခိုင်နှုန်းကျဆင်း
ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ဖြစ်မှုအခြေအနေကို လာရောက်ကြည့်ရှုနေသူများအား တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ဖြစ်မှုအခြေအနေကို လာရောက်ကြည့်ရှုနေသူများအား တွေ့ရစဉ်
Published 26 July 2022

ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ်သန်း ၇၉၀ ကျော်အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ဒုတိယသုုံးလပတ်ထက် ၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိလအတွင်း စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှုနှင့် တတိယသုံးလပတ်ဖြစ်သည့် ဧပြီမှဇွန်လအထိ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှု စျေးကွက်အခြေအနေများကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်အရ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီခုနစ်ခုမှ တတိယသုံးလပတ်အတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေစုစုပေါင်းမှာ တတိယသုံးလပတ်အတွင်း ၁၄၈၁၄၅ ဖြစ်ပြီး ဒုတိယသုံးလပတ်အတွင်း ၁၉၄၁၃၄ ဖြစ်ကာ တတိယသုံးလပတ်အတွင်းမှာ ဒုတိယသုံးလပတ်ကာလထက် ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုးစုစုပေါင်းအနေဖြင့် ဒုတိယသုံးလပတ်အတွင်း ကျပ်သန်း ၉၃၀ ဒသမ ၅၈သန်းရှိသည်၊ တတိယသုံးလပတ်အတွင်း ကျပ် ၇၉၀ ဒသမ ၈၇ သန်းရှိခဲ့သည်။  တတိယသုံးလပတ်အတွင်းမှာ ဒုတိယသုံးလပတ်ကာလထက် အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး ၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေအနေဖြင့် ဒုတိယသုံးလပတ်အတွင်း ၃၁၈၃ ရှိခဲ့ပြီး တတိယသုံးလပတ်အတွင်း ၂၅၁၁ သာရှိခဲ့သဖြင့် တတိယသုံးလပတ်ကာလအနေဖြင့် ဒုတိယသုံးလပတ်ကာလထက် ၂၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုးအနေဖြင့် ဒုတိယသုံးလပတ်အတွင်း ကျပ်သန်းပေါင်း ၁၅ ဒသမ ၂၆ ရှိခဲ့ပြီး တတိယသုံးလပတ်အတွင်း ကျပ်သန်း ၁၃ဒသမ ၄၀ ရှိခဲ့သည်။ သို့ဖြစ်ရာ တတိယသုံးလပတ်မှာ ဒုတိယသုံးလပတ်ကာလထက်  ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာအရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဇူလိုင် ၂၆ ရက်ထုတ်ပြန်ချက်အရ FMI ကုမ္ပဏီကစျေးနှုန်းမှာ ၇၂၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၁၀၃၀ ခုရှိသည်။ MTSH ကုမ္ပဏီက စျေးနှုန်းမှာ ၂၅၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၇၄၁၆ ခု ရှိနေသည်။ MCB ကုမ္ပဏီက စျေးနှုန်း မှာ ၆၉၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၃၈ ခု၊ FPB ကုမ္ပဏီက စျေးနှုန်းမှာ ၁၇၅၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၁၅၀ ခု၊ TMH ကုမ္ပဏီကစျေးနှုန်းမှာ ၂၄၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၇၅၀ ခုရှိနေသည်။ EFR ကုမ္ပဏီကစျေးနှုန်းမှာ ၂၅၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၀ ခု၊ AMATA ကုမ္ပဏီက စျေးနှုန်းမှာ ၅ဝဝဝကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၃၀၀ ခုရှိနေသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ်သန်း  ၉၃၀ ကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ပထမသုံးလပတ်ထက် လေးရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

 

 

 

Most Read

Most Recent