ဒဂုံမြို့သစ်(တောင်ပိုင်း) ယောက်ကော် ပန်းခြံအနီးတွင် အငှား ယာဉ်မောင်းတစ်ဦးအား လူငါးဦးခန့်မှ ဓားဖြင့် ထိုးပြီး ဖုန်းလုယက်

ဒဂုံမြို့သစ်(တောင်ပိုင်း) ယောက်ကော် ပန်းခြံအနီးတွင် အငှား ယာဉ်မောင်းတစ်ဦးအား လူငါးဦးခန့်မှ ဓားဖြင့် ထိုးပြီး ဖုန်းလုယက်
ဓာတ်ပုံ - သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့
ဓာတ်ပုံ - သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့
Published 21 July 2022

ဒဂုံမြို့သစ်(တောင်ပိုင်း)  ယောက်ကော်ပန်းခြံအနီးတွင် အငှားယာဉ်မောင်းတစ်ဦးအား လူငါးဦးခန့်မှ ဓားဖြင့်ထိုးပြီး ဖုန်းလုယက်မှု ဇူလိုင် ၂၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။

ဇူလိုင် ၂၀ ရက် ၊ ည ၁၁ ခွဲခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ အငှားယာဉ်မောင်းဖြစ်သူသည် ဒဂုံတောင်မြို့နယ် ယောက်ကော်ပန်းခြံအနီး အပေါ့သွားနေစဉ် အမျိုးသားငါးဦးခန့်ရောက်ရှိလာပြီး ဓားဖြင့်ထိုးကာ ဖုန်းလုယက်သွားခဲ့ကြောင်းသိရသည်။

“မိသားစု ပြောတာကတော့ ယောက်ကော်ပန်းခြံမှာ အပေါ့သွားရင်း လူငါးယောက်လောက်က ဓားနဲ့ထိုး ဖုန်းလုသွားတာ။အဲ့ဒါနဲ့ အငှားယာဉ်မောင်းက ဓားဒဏ်ရာနဲ့ တောင်ဥက္ကလာပမြို့နယ်က သူ့အိမ်ကို ရောက်အောင် ပြန်လာပြီး အိမ်နောက်ကို တန်းဝင်သွားတာ။ကျွန်မတို့ကိုကျ ရပ်ကွက်က တာဝန်ရှိတဲ့သူက ဖုန်းဆက်အကြောင်းကြားတာပါ။ရောက်တဲ့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေပြုလုပ်ပြီး ဆေးရုံပို့လိုက်ပါတယ်”ဟု လူနာအားဆေးရုံသို့ ပို့ဆောင်ခဲ့သည့် သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဌ မရွှေမှုန်က ပြောကြားသည်။

ဓားဒဏ်ရာရရှိသူအား မြောက်ဥက္ကလာပမြို့နယ် ဆေးရုံသို့ ပိုဆောင်ထားကြောင်း သိရသည်။