ရာသီကြိုတွင် အခွင့်အရေးကို အသုံးချနိုင်ရန် ဆုံးဖြတ်ထားသည်ဟု ဇီဒန်းအစ်ဘယ်လ် ဆို

ရာသီကြိုတွင် အခွင့်အရေးကို အသုံးချနိုင်ရန် ဆုံးဖြတ်ထားသည်ဟု ဇီဒန်းအစ်ဘယ်လ် ဆို
Photo: Getty Images
Photo: Getty Images
Published 18 July 2022

မန်ယူအသင်း၏ လူငယ်ကစားသမား ဇီဒန်းအစ်ဘယ်လ်က ရာသီကြိုကာလတွင် အခွင့်အရေးကို အသုံးချနိုင်ရန် ဆုံးဖြတ်ထားသည်ဟု ပြောကြားခဲ့သည်။

အီရတ်လက်ရွေးစင်ကွင်းလယ်ကစားသမား ဇီဒန်းအစ်ဘယ်လ်(၁၉ နှစ်)သည် ၂၀၂၁ ခုနှစ်က မန်ယူအသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် စတင်ချုပ်ဆိုခဲ့သော်လည်း ချန်ပီယံလိဂ်တစ်ပွဲသာ လူစားဝင်ကစားခွင့်ရထားသည်။

သို့သော် ၎င်းက နည်းပြတန်ဟက်ဂ်လက်ထက်၌ အသင်းကြီးတွင် ကစားခွင့်ရရန်အတွက် ယခုရာသီကြိုကာလတွင် အခွင့်အရေးကို အသုံးချပြီး ကြိုးစားသွားရန် ဆုံးဖြတ်ထားသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်၊ မဲလ်ဘုန်းဗစ်ထရီတို့နှင့်  ခြေစမ်းပွဲနှစ်ပွဲတွင် ပါဝင်ကစားခဲ့သည့် ၎င်းကို မန်ယူပရိသတ်အချို့က သဘောကျနေကြောင်း သိရသည်။

Most Read

Most Recent