နောက်ဆုံး(၁၀)ရာသီအတွင်းမှာ အမှတ်ပေးချန်ပီယံဆု (၈)ကြိမ်ရယူနိုင်ခဲ့တဲ့အသင်းကို ဘယ်သူက မအောင်မြင်ဘူးလို့ ပြောမှာလဲ။ ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်ဘူးလို့ ပြောမယ့်သူတော့ အများကြီးရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လယ်သမားလိဂ်လို့ လှောင်ပြောင်ခံရတဲ့ ပြင်သစ်လိဂ်မှာ သူတို့လောက် ဘယ်အသင်းမှ ဘဏ္ဍာရေး မတောင့်တင်း၊ အလုပ်မလုပ်နိုင်တာကြောင့်ပါပဲ။ သူတို့က PSG အသင်းပါ။ မြို့တော် ပါရီမှာ အခြေစိုက်ထားတဲ့ လက်ရှိ ပြင်သစ်ဘောလုံးလောကရဲ့ အင်အားအကြီးဆုံးအသင်းပါ။ ဒါက ပြင်သစ်လိဂ်တစ်ခုတည်းအတွက် မြင်သာတဲ့ ညွှန်းဆိုချက်သာဖြစ်ပြီး ဥရောပတန်းနဲ့ ညှိကြည့်မယ်ဆိုရင်လည်း သူတို့က တန်ဖိုးအကြီးဆုံး(၁၀)သင်းစာရင်းဝင်နေပါတယ်။
အသစ်တစ်ဖန်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















