ကချင်ပြည်နယ် လွယ်ဂျယ်မြို့တွင် ငါး နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သတ်ဖြတ် အလောင်းဖျောက်ခံရပြီး မုဒိမ်းမှုဖြစ်ပွားခြင်း ရှိ မရှိ စစ်ဆေး နေကြောင်း လွယ်ဂျယ်ရဲစခန်း မှ သတင်းရရှိသည်။
ငါးနှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ကို ပြီးခဲ့သည့် ဇူလိုင် ၇ ရက်က သတ်ဖြတ်ကာ မြို့အနီး ကြံခင်းတစ်ခုတွင် မြှုပ်နှံထားခဲ့ရာ တွင် ဇူလိုင် ၁၁ ရက်က ပြစ်မှုကျူးလွန်သူဟု ယူဆရသူကို ဖမ်းမိခဲ့ပြီးနောက် ဇူလိုင် ၁၂ ရက် တွင် အလောင်းကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
လွယ်ဂျယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က “သူ့ကိုဖမ်းမိပြီးတော့မှ ကလေးအလောင်း ပြန်ရတယ်။ မုဒိမ်းမှု ပါမပါတော့ ဆေးစစ်ချက် လုပ်နေဆဲဖြစ်ပါတယ်။ လွယ်ဂျယ်မှာ ဆရာ ဝန်မရှိတော့ မိုးမောက်ဆေးရုံ ပို့လိုက်ရပါ တယ်။ လောလောဆယ်စစ်ဆေးနေဆဲပါ” ဟု ပြောကြားသည်။
ယင်းကလေး အလောင်းတူးဖော်ရာတွင် ကူညီခဲ့သည့် မေတ္တာမွန်လူမှုကူညီရေးအသင်း မှ အတွင်းရေးမှူးဖြစ်သူက “ကြံခင်းထဲမှာ မြှုပ်ထားတယ်။ ပေါင်လေးပဲ ပေါ်နေတယ်။ဘယ်ပုံ အသတ်ခံရတယ်ဆိုတာ ဘယ်ပုံစံမှန်း မသိရဘူး။ အလောင်းက တော်တော်ပျက်နေ ပါပြီ။ သေသေချာချာပဲ ထုပ်ပိုးပြီး မိုးမောက် ဆေးရုံကို သယ်ဆောင်သွားရပါတယ်။ က လေးမလေးအိမ်နဲ့က မြှုပ်ထားတဲ့နေရာက မိုင်ဝက်လောက်ပဲ ဝေးမှာပါ” ဟု ဆိုသည်။
လွယ်ဂျယ်မြို့ခံများ၏ ပြောကြားချက် အရ အခင်းဖြစ်ပွားရာတွင် ကျူးလွန်သူမှာ သာစည်ဒေသမှ လာသူဖြစ်ကြောင်း၊ သတ် ဖြတ်ခြင်းခံရသည့် ကလေး၏မိဘများမှာ ကျောက်ဆည်ဒေသမှဖြစ်ကာ ရွှေ့ပြောင်း အလုပ်သမားများအဖြစ် နေထိုင်သူများ ဖြစ် ကြောင်း၊ ပြစ်မှုကျူးလွန်သူဟု ယူဆရသည့် ဦးကျော်မင်း၏ ဇနီးနှင့် သေဆုံးသူ ကလေးငယ် ၏ မိခင်တို့မှာ လွန်ခဲ့သည့် ရက်ပိုင်းက စကား များခဲ့ကြောင်း၊ ဦးကျော်မင်း၏ ဇနီးမှာ သွေး လန့်သည့် အခြေအနေဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့ သည့် ဇူလိုင် ၇ ရက်က ဦးကျော်မင်းက ဇနီး သည်နှင့် စကားများခဲ့သည့် အမျိုးသမီး၏ ကလေးငယ်အား ခေါ်ဆောင်သွားကြောင်းကို CCTV မှတ်တမ်းများအရ တွေ့ရှိရာမှ ဖမ်း ဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်ခဲ့သူဟု ယူဆ ရသူ အသက် ၃၀ အရွယ်ရှိ ဦးကျော်မင်းကို လွယ်ဂျယ်ရဲစခန်းတွင် (ပ) ၃/၂၀၂၂၊ ပုဒ်မ ၃၀၂ ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
ထွန်းလင်းအောင် (မြစ်ကြီးနား)