နစကအနေဖြင့် အတိုက်အခံများနှင့် ဆွေးနွေးရန် တရုတ်နို်င်ငံခြားရေးဝန်ကြီး ဝမ်ယိ တောင်းဆို

နစကအနေဖြင့် အတိုက်အခံများနှင့် ဆွေးနွေးရန် တရုတ်နို်င်ငံခြားရေးဝန်ကြီး ဝမ်ယိ တောင်းဆို
Published 5 July 2022
Ref: AFP

မြန်မာနိုင်ငံကို ဝရုန်းသုန်းကားအခြေအနေသို့ ရောက်ရှိသွားစေခဲ့သည့် ၂၀၂၁ ခုနှစ် အာဏာလွှဲပြောင်းယူမှုဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံးလာသော ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန် ကြီး ဝမ်ယိက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီအနေဖြင့်  ၎င်း၏အတိုက်အခံများ နှင့် ဆွေးနွေးမှုများပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြသည်။

ဇူလိုင် ၃ ရက်က မြန်မာနိုင်ငံ ပုဂံမြို့တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ် ယိက တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်း ဖော်ပြမှုတွင်ပါရှိသည်။

တရုတ်သည် နစက၏ မဟာမိတ်နိုင်ငံ အနည်းငယ်ထဲက တစ်နိုင်ငံဖြစ်ကာ မြန်မာနိုင်ငံကို လက်နက်များ ထောက်ပံ့ပေးနေ သောနိုင်ငံဖြစ်သည်။ ထို့အပြင် တပ်မတော်၏ အာဏာလွှဲပြောင်းယူမှုကို ဝေဖန်ပြောဆို ခြင်း မပြုသည့် နိုင်ငံလည်းဖြစ်သည်။

မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံး သည် ဆင်ခြင်တုံတရားကို အခြေခံသော ဆွေးနွေးညှိနှိုင်းမှုကို လုပ်ဆောင်ရန်နှင့် နိုင်ငံ ရေးဆိုင်ရာညှိနှိုင်းရေးထမြောက်အောင် ဆောင်ရွက်ရန် တရုတ်နိုင်ငံက မျှော်လင့် သည်ဟုဝမ်ယိက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးအရလည်း ကောင်း၊ လူမှုရေးအရလည်းကောင်း တည်ငြိမ်မည်ဟု တရုတ်နိုင်ငံက ရိုးသားစွာမျှော်လင့်သည်ဟု ဝမ်က နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဆိုက် တွင် ဖော်ပြထားသော ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲယူခဲ့ပြီးနောက် တရုတ်အဆင့်မြင့်အရာရှိ တစ်ဦး၏ အထင်ကရခရီးစဉ်တစ်ခုတွင် ဝမ်ယိသည် မြန်မာနိုင်ငံ ပကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ ဗီယက် နမ်တို့မှ ကိုယ်စားလှယ်များနှင့် အတူ နိုင်ငံခြားရေးဝန်ကြီးများအစည်းအ ဝေးကို တက်ရောက်လျက်ရှိသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား စေ့စပ်ဆွေး နွေးမှုသည် မဖြစ်နိုင်ဟု မပြောနိုင်ကြောင်း ဇူလိုင် ၁ ရက်တွင် နစကပြောရေးဆိုခွင့်ရှိသူ က ထုတ်ဖော်ပြောကြားပြီး ဝမ်ယိကလည်း ယခုကဲ့သို့တိုက်တွန်းစကား ထွက်လာခြင်းဖြစ် သည်။                   

 

Most Read

Most Recent