မြန်မာနိုင်ငံရှိ အဖွဲ့အစည်း အသီးသီးက နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားအား အလေးထားပြီး လက်တွေ့ကျမှု၊ အပြန်အလှန်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံ၏တောင်းဆိုချက်များကိုထည့်သွင်းစဉ်းစား၍ တည်ငြိမ်အေးချမ်းရေးအား ဖော်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာနိုင်ငံရှိ အဖွဲ့အစည်း အသီးသီးက နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားအား အလေးထားပြီး လက်တွေ့ကျမှု၊ အပြန်အလှန်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံ၏တောင်းဆိုချက်များကိုထည့်သွင်းစဉ်းစား၍ တည်ငြိမ်အေးချမ်းရေးအား ဖော်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
Published 4 July 2022

မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးက နိုင်ငံ၏အခင်းအကျင်းနှင့်ပြည်သူလူထု အကျိုးစီးပွားကို အလေးထားပြီး ဆင်ခြင်တုံ တရားနှင့်လက်တွေ့ကျမှု၊ အပြန်အလှန်နား လည်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံ၏ တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစား၍ တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရန် တရုတ်နိုင်ငံ  နိုင်ငံတော်ကောင်စီဝင်၊ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်းပြော ကြား သည်။

ဇူလိုင် ၃ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ပရက်ဆော့ခွန်းနှင့် မြန်မာနိုင်ငံ ပုဂံမြို့တွင်တွေ့ဆုံစဉ် ၎င်းက အထက်ပါအချက်အပါအဝင် အချက်သုံးချက်အား ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန် မှုအရသိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် အာဆီယံ အထူး ကိုယ်စားလှယ်က ၎င်း၏ မြန်မာနိုင်ငံခရီးစဉ် အခြေအနေများကို မိတ်ဆက်ပြောကြားခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ချိန်မှစ၍ ကမ္ဘောဒီးယားနိုင်ငံ၏ တက်ကြွသော ကြားဝင်ညှိနှိုင်းမှုများကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ချီးကျူးခဲ့ ကြောင်းနှင့်ယင်းအရေးကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ မျှော်လင့်ချက်သုံးရပ်ကို အ လေးပေး ပြောကြားခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ အရေးကိစ္စနှင့်ပတ်သက်၍ တိုက်တွန်းချက် များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဥပဒေမူ ဘောင်များအောက်၌ မြန်မာနိုင်ငံက နိုင် ငံရေးပြန်လည်သင့်မြတ်ရေး စဉ်းဆက် မပြတ် တွန်းအားပေးဖော်ဆောင်ရန်အတွက် တရုတ် နှင့်အာဆီယံပူးတွဲလုပ်ဆောင်ရန်မျှော် လင့် ကြောင်း၊ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီး သီးက နိုင်ငံ၏အခင်းအကျင်းနှင့်ပြည်သူလူ ထု အကျိုးစီးပွားကို အလေးထားပြီး ဆင်ခြင် တုံတရားနှင့်လက်တွေ့ကျမှု၊ အပြန် အလှန် နားလည်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုချက် များကို ထည့်သွင်းစဉ်းစားကာ တည်ငြိမ်အေး ချမ်းရေးကို စောလျင်စွာ ဖော်ဆောင်ကြရန်  ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက  ဒုတိယအချက်အဖြစ် မြန်မာနိုင်ငံ၏ ဒီမိုက ရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန် လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည် သူများထံ ပြန်လည်အပ်နှင်းရေးမျှော်မှန်း ချက် အကောင်အထည်ဖော်ရန်အတွက် တ ရုတ်နှင့် အာဆီယံအတူ တွန်းအားပေးကာ မြန်မာနိုင်ငံအခြေအနေနှင့်ကိုက်ညီသော၊ မြန်မာ့ဝိသေသလက္ခဏာဆောင်သော နိုင်ငံ ရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေ နိုင်ရန် မျှော်လင့်ကြောင်း  တိုက်တွန်း ပြော ကြား သည်။

ထို့အတူ တတိယအချက်အဖြစ် အာဆီ ယံက အာဆီယံနည်းလမ်းကို လက်ကိုင်စွဲ၍ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေးဟူသော အခြေခံမူနှင့် အစဉ်အလာများကိုခိုင်မြဲစေကာ တည်တည် ငြိမ်ငြိမ်နှင့်နှောင့်ယှက်မှုများကို ဖယ်ရှားပြီး စိတ်ရှည်လက်ရှည် ညှိနှိုင်းခြင်းဖြင့်အာဆီယံ ၏ တူညီဆန္ဒငါးရပ်ကို အပြုသဘောဆောင်စွာ အကောင်အထည်ဖော်ရင်း အာဆီယံ၏ ပြီး ပြည့်စုံသော စည်းလုံးညီညွတ်မှုနှင့်ဦးဆောင်မှု အခန်းကဏ္ဍကို ထိန်းသိမ်းရန် မျှော်လင့် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က တိုက်တွန်းပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ပုဂံမြို့တွင် ကျင်းပသည့် (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် တရုတ်နိုင်ငံခြား ရေးဝန်ကြီးဝမ်ယိတို့ ဇူလိုင် ၃ ရက်၌ပင် ပုဂံမြို့ နန်းမြင့်မျှော်စင်ဘုရင့်နောင်ခန်းမ၌ တွေ့ဆုံ ၍ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ် ခဲ့ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု  ၂၀၂၂ ခုနှစ် စီမံကိန်းရန်ပုံငွေလွှဲပြောင်းလက် ခံလွှာအပါအဝင် သဘောတူညီချက်အချို့အား နှစ်နိုင်ငံတာဝန်ရှိသူများက လဲလှယ်မှုများပြု လုပ်ခဲ့သည်။        

 

Most Read

Most Recent