၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်လခွဲအတွင်း ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၄၂ သန်းနီးပါး ဖြစ်ပေါ်ခဲ့ခြင်းနှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်လခွဲအတွင်း ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၄၂ သန်းနီးပါး ဖြစ်ပေါ်ခဲ့ခြင်းနှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း
ရန်ကုန်မြို့ရှိ စျေးတစ်စျေးတွင် စျေးသည်စျေးဝယ်တို့ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စျေးတစ်စျေးတွင် စျေးသည်စျေးဝယ်တို့ကို တွေ့ရစဉ်
Published 4 July 2022

၂၀၂၂-၂၃ ဘဏ္ဍာနှစ် နှစ်လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၄၂ သန်းနီးပါး ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ကုန်သွယ်ရေးလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားနိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်ပမာဏက ပို၍များနေခြင်းကို ဆိုလိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများ နှင့် ကုန်သွယ်ရေးဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှု နှစ်ခုလုံးဖြင့် ကုန်သွယ်ရေးဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၇ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၆၉၅၈ ဒသမ ၉၃၆ သန်းရရှိထားသည်။

အဆိုပါကာလအတွင်း စုစုပေါင်းပို့ကုန်တင်ပို့မှုပမာဏ ဒေါ် လာ ၃၄၀၈ဒသမ ၆၄၁ သန်းရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၃၅၅၀ ဒသမ၂၉၅သန်းရှိသည်။

လက်ရှိဘဏ္ဍာနှစ်ဇွန်၁၇ ရက် အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန် သွယ်မှု$ ပို့ကုန်တင်ပို့မှုပမာဏသည် သွင်းကုန်တင်သွင်းမှုထက် ဒေါ်လာ၁၄၁ ဒသမ ၆၅၄ သန်း လျော့ ကျခဲ့သည်။ ထို့ကြောင့် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၄၁ ဒသမ ၆၅၄ သန်းဖြစ်ပေါ်ခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်အလိုက် ကုန်သွယ်ရေးလိုငွေ/ပိုငွေ ဖြစ်ပေါ်မှုများကို လေ့လာကြည့်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ငါးဘီလျံကျော်ရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်၊ ၂၀၁၈ ခုနှစ် ကြားကာလ ခြောက်လတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ တစ်ဘီလျံ ကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ  ဒေါ်လာ တစ်ဘီလျံကျော်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် ရှိခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်              

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင်   မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း၂ ဒသမ ၆၁ ရာခိုင် နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါ ရီတွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်းအ ထိ မြင့်တက်လာခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

လအလိုက် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံ၏ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ မတ် တွင် ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၂ ဒသမ ၁ရရာခိုင်နှုန်း၊ မေတွင် ၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ ဇွန်တွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၂ ဒသမ ၈ဝရာခိုင်နှုန်း၊ သြဂုတ်တွင် ၃ ဒသမ ၂ဝရာခိုင်နှုန်း၊ စက်တင် ဘာတွင် ၃ဒသမ ၆၄ ရာခိုင်နှုန်း၊ အောက်တိုဘာတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊နိုဝင်ဘာ တွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၂၂ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ၇ ဒသမ ၃၀ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိ ယသုံးလပတ်ကာလအတွင်း မြန် မာနိုင်ငံ၏ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၁၅ ဒသမ ၀၅  ရာခိုင်နှုန်း ဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁၅ ဒသမ ၀၆ ရာခိုင်နှုန်း ဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၁၁ ဒသမ ၃၉ရာခိုင်နှုန်း ဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်း ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင် ဘာ ၃၀ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပထမသုံးလပတ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း  ၁ ဒသမ ၀၈ ရာခိုင်နှုန်း၊  ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဒုတိယသုံးလပတ် အတွင်း ၁ ဒသမ ၆၃ ရာခိုင်နှုန်း၊ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ တတိယ သုံးလပတ်အတွင်း ၅ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ စတုတ္ထ သုံးလပတ်အတွင်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် မေလတွင် ပြည်ပသို့ မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းနီးပါး တင်ပို့

၂၀၂၂ ခုနှစ် မေလတွင်  ပြည်ပသို့ မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သိန်းနီးပါး တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်အများဆုံးတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် မေလတွင် ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၃၈ ဒသမ ၁၅၅ သန်း တန်ဖိုးရှိ ဆန်တန်ချိန်၁၀၃၃၀၀ ကျော် တင်ပို့ ခဲ့ကြောင်း၊မေလအတွင်း ဆန်တင်ပို့သော နိုင်ငံများမှာ အီးယူအဖွဲ့ဝင် နိုင်ငံများသို့ ဆန်တန်ချိန် ၈၃၂၀၀ ကျော်၊ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၇၇၄၀ ကျော်နှင့် အာဖရိကအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၂၄၁၀ တင်ပို့ခဲ့သည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၄၂၇၀ ကျော်နှင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုမှ ဆန်တန်ချိန် ၂၀၀ ခန့် စုစုပေါင်းတန်ချိန် ၄၄၇၀ ကျော် တင်ပို့ခဲ့ပြီး ဒေါ်လာ ၁ ဒသမ ၅၈၆ သန်းကျော်ရရှိခဲ့သည်။

ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်မှုမှ ဆန်တန်ချိန် ၁၀၇၈၅၀ ကျော်၊ တန်ဖိုးဒေါ်လာ ၃၉  ဒသမ ၇၄၁ သန်းရရှိခဲ့ကြောင်း ၊ဧပြီ နှင့်နှိုင်းယှဉ်ပါက တန်ဖိုးဒေါ်လာ ၂ ဒသမ ၉၆ရသန်း၊ ဆန်တန်ချိန် ၁၅၅ဝဝကျော် လျော့နည်းတင်ပို့ခဲ့ခြင်းမှာ အာဖရိကနိုင်ငံများသို့တင် ပို့မှုလျော့နည်းခြင်းကြောင့်ဖြစ်သည်။

မေလတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၂၃ ဒသမ ၈၀၁ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၇၄၅၇၀ ကျော် တင်ပို့ခဲ့ကြောင်း၊ ဆန် ကွဲတင်ပို့သောနိုင်ငံများမှာအာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၉၃၀၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၅၄၆၁၀ ကျော်နှင့် အာဖရိကအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၆၅၀ ကျော်တင်ပို့ခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်မှ ဆန်ကွဲ တန်ချိန် ၁၁၄၇၀ ခန့်၊ မြန်မာ- ထိုင်းနယ်စပ်မှ ဆန်ကွဲတန် ချိန်၁၁၀၀ ကျော် စုစုပေါင်းတန်ချိန် ၁၂၅၇၀ ကျော် တင်ပို့ခဲ့ပြီး တန်ဖိုး ဒေါ်လာ ၄ ဒသမ ၀၉၈သန်း ရရှိခဲ့သည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၈၇၁၄၀ ကျော်၊ တန်ဖိုးဒေါ်လာ၂၇ ဒသမ ၈၉၉ သန်း ရရှိခဲ့သည်။

မေလတွင်ပင်လယ်ရေကြောင်း နှင့် နယ်စပ်မှဆန်နှင့်ဆန်ကွဲစုစုပေါင်းတန်ချိန် ၁၉၄၉၉၀ ခန့်၊ တန်ဖိုး ဒေါ်လာ ၆၇ ဒသမ ၆၄ သန်းရရှိသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ၁၂ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်း ရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ၄၂ ဒသမ ၄ သန်း၊ ဧပြီလတွင် ဒေါ်လာ၄၇ ဒသမ ၅ သန်း၊ မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ ဇွန်လတွင် ဒေါ်လာရ၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လတွင် ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့သည်။

မြန်မာဘီယာနှင့် လုပ်ကိုင်နေသည့် ဖက်စပ်လုပ်ငန်းကို စွန့်လွှတ်ရန် ဂျပန်ဘီယာကုမ္ပဏီ Kirin က ၎င်းပိုင်ရှယ်ယာများအား ပြန်လည်ရောင်းချမည်                               

၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက်  မြန်မာစျေးကွက်မှ ထွက်ခွာရန် ကြိုးစားနေသည့် ဂျပန် အဖျော်ယမကာလုပ်ငန်းကြီး Kirin သည် တပ်မတော်နှင့်ဆက်စပ်နေသော လုပ်ငန်းစုကြီးနှင့် ဖက်စပ်လုပ်ကိုင်သည့်  လုပ်ငန်းမှ မိမိပိုင်ရှယ်ယာများကို အပြီးအပြတ်ဝယ်ရန် သဘောတူခဲ့သည်ဟု ဇွန် ၃၀ ရက်တွင် ယင်းကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က အာဏာလွှဲပြောင်းယူခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ကီရင်က မြန်မာ့ဘီယာလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်မည်ဟု ကြေညာခဲ့ပြီး မြန်မာနိုင်ငံတွင် မကြာသေးခင်က တပ်မတော်၏ လုပ်ရပ်များနှင့်ပတ်သက်၍ အလွန်စိုးရိမ်သည်ဟု ပြောကြားခဲ့သည်။ မြန်မာ ဘီယာကို တပ်မတော်နှင့် ဆက်နွှယ်နေသော MEHPCL က ပိုင်ဆိုင်ထားသည်။

သို့ရာတွင် Kirin သည်  လျှို့ဝှက်လုပ်ငန်းစုကြီးနှင့်လမ်းခွဲရန် အခက်အခဲကြုံခဲ့ရသည်။ လုပ်ငန်းဖျက်သိမ်းရေးလုပ်ငန်းစဉ် မျှတမှုမရှိ ဖြစ်မည်ကို စိုးရိမ်လျက်ရှိသည့် အနေအထားတွင်  Kirin သည် ဖက်စပ်လုပ်ငန်းဖျက်သိမ်းရန် MEHPCL ၏ ကြိုးပမ်းမှုကို ခုခံခဲ့ရသည်။

ဖက်စပ်လုပ်ငန်း အဆုံးသတ်ရေးအတွက် Kirin သည် လက်အောက်ခံလုပ်ငန်းခွဲထံသို့ မိမိ၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပြန်လည်လွှဲပြောင်းပေးရန် ယန်း ၂၂ ဒသမ ၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၆၄ သန်း) ခန့်တန်သော ရှယ်ယာများကို ပြန်ဝယ်ရေးအတွက် သဘောတူညီခဲ့သည်ဟု ဇွန် ၃၀ ရက် တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ လုပ်ဆောင်မည့်ကိစ္စကို အတည်ပြုချက်ယူရဦးမည်ဖြစ်ပြီး ရှယ်ယာများ လွှဲပြောင်းပေးမည့် ရက်ကိုလည်း သတ်မှတ်ရခြင်းမရှိသေးပေ။

“ကြေညာထားတဲ့ သတ်မှတ်ချိန်အတွင်း ဒီကိစ္စကို ဖြေရှင်းမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်”ဟု Kirin ဥက္ကဋ္ဌလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်သူ ယိုရှီနိုရီ အီဇိုဇာကီက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြန်မာဘီယာနှင့် ပိုမိုသေးငယ်သော မန္တလေးဘီယာတို့တွင် ပိုင်ထားသောရှယ်ယာများကို ကုမ္ပဏီသို့ ပြန်လည်ရောင်းချရန် ဆုံးဖြတ်ခြင်းသည် တပ်မတော်အနေဖြင့် ထိန်းချုပ်ခွင့်ထိထိရောက်ရောက် ရရှိစေမည်ဖြစ်ကာ တပ်မတော်ကို ဝင်ငွေရရှိစေမည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent