တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်မည်

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်မည်
■ Photo : AFP
■ Photo : AFP
Published 29 June 2022
Ref - AFP

တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိသည် ဒေသဆိုင်ရာ အစည်းအဝေးအတွက် ယခု သီတင်းပတ်ကုန်တွင် မြန်မာနိုင်ငံသို့လာရောက်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၈ ရက်တွင် အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ဝမ်ယီ၏ခရီးစဉ်သည် နိုင်ငံတော် အာဏာကို တပ်မတော်က လွှဲပြောင်းရယူခဲ့ပြီးနောက် တရုတ်၏အထင်ကရ ခရီးစဉ်ဖြစ်လာမည် ဖြစ်သည်။

တရုတ်သည် နစက၏ အဓိကလက်နက်ထောက်ပံ့သော နိုင်ငံဖြစ်သည့်အပြင် နစက၏ မဟာမိတ်ဖြစ်သည်။

လွန်ခဲ့သော နှစ်တွင် ဒေါ် အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့ကို ပြုတ်ကျသွာစေခဲ့သည် အာဏာလွှဲပြောင်းယူမှုကို မှတ်ချက်ပေးရန် ငြင်းဆန်ထားသော နိုင်ငံဖြစ်သည်။

မစ္စတာဝမ်ယိသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ယန္တရား၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ရန် မြန်မာနိုင်ငံကို လာရာက်မည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

မစ္စတာဝမ်ယိနှင့် နစကခေါင်း ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံရန် ရှိမရှိ မသေချာဟု ၄င်းက ပြောကြားသည်။      

တရုတ်ကျောထောက်ခံပြုထားသော ဖိုရမ်တွင် မဲခေါင်မြစ်အား မျှဝေအသုံးပြုနေသောနိုင်ငံများ တွေ့ဆုံကြမည်ဖြစ်သည်။

 မဲခေါင်မြစ်ကို တရုတ်တွင် လန်ချန်းမြစ်ဟု ခေါ်၍ တရုတ်သည် မြစ်ဖျားပိုင်းကို ထိန်းချုပ်ထားသည်။

ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် မြန်မာတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည်   ဇူလိုင်၂ရက်မှ၅က်အထိ ကျင်းပမည့် အစည်းအဝေးကိုတက်ရောက်ကြမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြည့်စွက် ပြောကြားသည်။

 

Most Read

Most Recent