စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ ​ဒေါ်လာ ငါးသိန်းခွဲ လာဘ်ယူခဲ့သည်ဟုဆိုကာ ​ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် တရားစွဲထားသည့် အမှုအတွက် ​လိုပြသက်သေ ဒေါ်ခင်ခင်ဦးအား စစ်ဆေး

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ ​ဒေါ်လာ ငါးသိန်းခွဲ လာဘ်ယူခဲ့သည်ဟုဆိုကာ ​ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် တရားစွဲထားသည့် အမှုအတွက် ​လိုပြသက်သေ ဒေါ်ခင်ခင်ဦးအား စစ်ဆေး
Published 28 June 2022

​စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ ​အ​မေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်​ယူခဲ့သည်ဟုဆိုကာ ဒေါ်​အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်​ရေး ဥပ​ဒေဖြင့် တရားစွဲဆိုထားသည့် အမှု နှစ်မှုအတွက် တရားလိုပြသက်​သေ ​ဒေါ်ခင်ခင်ဦးအား စစ်​ဆေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

​​ဇွန် ၂၈ ရက်က ​​နေပြည်​တော်​အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဒေါ်​အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်​ဆေးခဲ့​ကြောင်း သိရသည်။

ဇွန် ၂၈ ရက် ရုံးချိန်းတွင် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ အ​မေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်​ယူခဲ့သည်ဟုဆိုကာ ဒေါ်​အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင် ၄/၂၀၂၂ တို့အတွက် ​ဒေါ်​အောင်ဆန်းစုကြည်၏ ​နေအိမ်တွင် အလုပ်လုပ်သည့် ​ဒေါ်ခင်ခင်ဦးအား စစ်​ဆေးခဲ့​ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် ​စေပိုင် ​ဆောက်လုပ်​ရေးကုမ္ပဏီကို စတင်တည်​ထောင်ခဲ့ပြီး လုပ်ငန်းများ အဆင်​ပြေ​ချော​မွေ့​စေရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များကို ​ငွေ​ကြေးကူညီခြင်း၊ လှူဒါန်းခြင်းများ ​ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ​ဒေါ်​အောင်ဆန်းစုကြည်၏​နေအိမ်တွင် အလုပ် လုပ်​နေသည့် ​ဒေါ်ခင်ခင်ဦးနှင့် ရင်းနှီးခဲ့​ကြောင်း၊ ၂၀၁၈ ခုနှစ် ​မေလခန့်တွင် ​ဒေါ်ခင်ခင်ဦး၏ အကူအညီနှင့် ​ဒေါ်​အောင်ဆန်းစုကြည်ကို သွား​ရောက်ကန်​တော့ခဲ့ပြီး ​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းအတွက် အ​မေရိကန်​ဒေါ်လာ တစ်သိန်းကို စက္ကူလက်​ဆောင်အိတ်အနက်ထဲသို့ ထည့်သွင်း၍ ဦးရှောက်စန်းနှင့် ဦးလှမျိုးတို့​ရှေ့၌ ​ဒေါ်​အောင်ဆန်းစုကြည်ကို ကိုယ်တိုင်​ပေးအပ်ခဲ့​ကြောင်း ထွက်ဆိုထားသည့် ဦး​မောင်ဝိတ်၏ ရုပ်သံဖိုင်အား ၂၀၂၁ ခုနှစ် မတ် ၁၇ ရက် ည ၈ နာရီတွင် MWD ရုပ်သံက သတင်းကြေညာထားသည်။

MWD ရုပ်သံက သတင်းကြေညာထားသည့် ရုပ်သံဖိုင်တွင် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကို စက္ကူလက်​ဆောင်အိတ်အနက်ထဲသို့ ထည့်၍ ​ဒေါ်​အောင်ဆန်းစုကြည်အား ကိုယ်တိုင်​ပေးအပ်ခဲ့​ကြောင်း၊ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း အမေရိကန်ဒေါ်လာ ငါးသောင်းကို ဒေါ်အောင်ဆန်းစုကြည်အိမ်၌ ထပ်မံပေးအပ်ခဲ့​ကြောင်း၊ ဧပြီလတွင်လည်း အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲကို ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ပေးအပ်ခဲ့​ကြောင်းနှင့် ယင်းသို့ ​ပေးအပ်ချိန်တွင် အနားတွင် မည်သူမှရှိမ​နေ​ကြောင်းလည်း ဦး​မောင်ဝိတ်က ထည့်သွင်း ထွက်ဆိုထားသည်။

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်၏ ထွက်ဆိုချက်များအရ ဒေါ်​အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေး ဥပ​ဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့အား ဇူလိုင် ၅ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထား​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

​လက်ရှိတွင် ဒေါ်​အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့် အမှုများအနက် စစ်​ဆေးပြီးစီးသွားသည့် အမှုများအတွက် ​ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပြီး ​နေပြည်​တော်အချုပ်​ထောင်တွင် သီးခြားထားရှိ​ကြောင်း သိရသည်။

Most Read

Most Recent