ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှနေအိမ်သို့ပြန်ပို့ရန် အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှနေအိမ်သို့ပြန်ပို့ရန် အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း တိုက်တွန်း
Published 27 June 2022

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်သို့ ပြန်ပို့ရန် အာဆီယံ အထူးသံတမန်က တိုက်တွန်းကြောင်း ဇွန် ၂၇ ရက် တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အာဆီယံအထူးသံတမန်လည်းဖြစ် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်းဖြစ် သော ပရက်ဆော့ခွန်းက ဒေါ်အောင်ဆန်းစုုကြည်ကို ၎င်း၏နေအိမ်မှ နေပြည်တော် အကျဉ်းထောင်သို့ ရွှေ့ပြောင်းလိုက်သည်ဟူ သော သတင်းများနှင့်စပ်လျဉ်း၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံများက အလွန်စိုးရိမ်ကြောင်း ပြောကြားသည့် သတင်းစကားကို ထုတ်ပြန် ချက်တွင် အသိပေးခဲ့သည်။

“ငြိမ်းချမ်းတဲ့ နိုင်ငံရေးဆိုင်ရာနည်း လမ်းကတစ်ဆင့် မြန်မာနိုင်ငံ ပုံမှန်အခြေ အနေပြန်ရောက်ရေးနဲ့ အမျိုးသားရင်ကြား စေ့ရေးတို့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေတယ်ဆိုတာကို နိုင်ငံတကာကရော မြန်မာပြည်သူအများစု ကပါ အသိအမှတ်ပြုထားတာဖြစ်လို့ ကျွန် တော်အနေနဲ့ အာဆီယံရဲ့စိုးရိမ်ပူပန်မှုကို ထပ်လောင်း ဖော်ပြလိုက်တယ်ဆိုတာ သံသယမရှိပါဘူး” ဟု ဇွန် ၂၇ ရက်တွင် နစက နိုင်ငံ ခြားရေးဝန်ကြီးဝဏ္ဏမောင်လွင်ထံ ပရက် ဆော့ခွန်းပေးပို့ခဲ့သော ပေးစာ$ ဖော်ပြထား သည်။

“မျှမျှတတ တရားစီရင်ရေးသာမက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအား နည်းတာ၊ အေးအေးဆေးဆေးနေလို့ရတာတို့ ကိုပါ ထည့်သွင်းစဉ်းစားလိုက်ရင် နစကအနေ နဲ့ သူ့ကို မူလထိန်းသိမ်းထားတဲ့ နေအိမ်ထံ ပြန်ပို့ပေးဖို့ ကျွန်တော်တို့ အာဆီယံမိတ်ဆွေ တွေရဲ့တိုက်တွန်းပြောကြားမှုကို ကျွန်တော် ထပ်လောင်း ပြောကြားလိုပါတယ်” ဟု ပေးစာ တွင် ဆက်လက်ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို တပ်မတော်က လွှဲ ပြောင်းယူခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစု ကြည် ထိန်းသိမ်းခံထားရခြင်းဖြစ်ပြီး ၎င်းအား ထိန်းသိမ်းထားသည့်နေရာကို နစက ကထုတ် ဖော်ပြောကြားခြင်း မပြုပေ။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို သီးခြားချုပ်နှောင်ထားမည့် ကိစ္စအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူ တာရက်စ်က အလွန်စိုးရိမ်နေသည်ဟု ကုလ သမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ် က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစု ကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် ကုလ သမဂ္ဂ၏ တောင်းဆိုချက်များနှင့် ဆန့်ကျင်နေ သည်ဟု ဒူဂျာရစ်က ပြောကြားခဲ့သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အား တရားစွဲဆိုထားသည့် အမှုများအနက် စစ်ဆေးပြီးစီးသွားသည့် အမှုခြောက်မှု အ တွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ဆက်လက် တရားရင်ဆိုင်နေရသည့် အမှု ၁၃ မှုရှိသေး​​ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲ ဆို ထားသည့်အမှုများတွင် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက ဆောင်ရွက်သည့်စီမံကိန်းများအ တွက် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် မြေကွက်များ လျှောက်ထားရယူမှုနှင့်ပတ် သက်၍ အဂတိဖြင့် တရားစွဲထားသည့်အမှု လေးမှု၊ ရွေးကောက်ပွဲကော်မရှင်အပေါ် မ လျော်သြဇာလွှမ်းမိုးခြင်းစွဲချက်ဖြင့် ရာဇသတ် ကြီးဖြင့် စွဲဆိုထားသည့် အမှုတစ်မှု၊ ရဟတ် ယာဉ်တစ်စင်းငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်း သိမ်းစောင့်ရှောက်ခြင်းဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ အဂတိဖြင့် တရားစွဲဆိုထား သည့် အမှုငါးမှုတို့ပါဝင်ပြီး အပတ်စဉ် ရုံး ထုတ်စစ်ဆေးလျက်ရှိသည်။

ထို့ပြင် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင် ၀ိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်သို့ လှူ ဒါန်းမှုခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် အား အမေရိကန်ဒေါ်လာငါးသိန်းခွဲပေးအပ် မှုအပေါ် အဂတိဖြင့် စွဲဆိုထားမှုများကိုလည်း အပတ်စဉ် ရုံးထုတ်စစ်ဆေးနေသည်။

Most Read

Most Recent