UEC ဥက္ကဋ္ဌနှင့် သံတွဲခရိုင်၊ ကျောက်ဖြူခရိုင်တို့မှ UEC အဖွဲ့ခွဲ အဖွဲ့ဝင်များတွေ့ဆုံ၍ PR စနစ်ဖြင့် ရွေးကောက်ပွဲပြောင်းလဲကျင်းပမည့်အခြေအနေများ ဆွေးနွေး

UEC ဥက္ကဋ္ဌနှင့် သံတွဲခရိုင်၊ ကျောက်ဖြူခရိုင်တို့မှ UEC အဖွဲ့ခွဲ အဖွဲ့ဝင်များတွေ့ဆုံ၍ PR စနစ်ဖြင့် ရွေးကောက်ပွဲပြောင်းလဲကျင်းပမည့်အခြေအနေများ ဆွေးနွေး
Published 21 June 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် သံတွဲခရိုင်၊ ကျောက်ဖြူခရိုင်တို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ဇွန် ၂၀ ရက်က တွေ့ဆုံ၍ PR စနစ်ဖြင့် ရွေးကောက်ပွဲပြောင်းလဲကျင်းပပေးမည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အဖွဲ့ဝင်ဦးအောင်စောဝင်းနှင့် ဒေါ်နုမြဇံတို့နှင့်အတူ ဇွန် ၂၀ ရက် နံနက်ပိုင်းက သံတွဲမြို့သို့ရောက်ရှိပြီး ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်မည့် မြေနေရာများဖြစ်သော အမှတ် (၂)ရပ်ကွက် စီမံကိန်းလမ်းရှိ မြေနေရာနှင့် အမှတ်(၈)ရပ်ကွက် ဒွါရာဝတီတံတားဦးခရိုင် အားကစားကွင်းရှိ မြေနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သံတွဲခရိုင်နှင့် ကျောက်ဖြူခရိုင်တို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးဝန်ထမ်းများ၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သံတွဲခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(ဌာနဆိုင်ရာ)များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတော်အနေဖြင့် ရှေ့လုပ်ငန်းစဉ် ငါးရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ လူဦးရေစာရင်းကောက်ယူပြီးစီးမှု၊ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာ ပြုစုရေးဆိုင်ရာများ၊ PR စနစ်ဖြင့် ရွေးကောက်ပွဲပြောင်းလဲကျင်းပပေးမည့် အခြေအနေများနှင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေဆိုင်ရာများကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် သံတွဲခရိုင်နှင့် ကျောက်ဖြူခရိုင် ရွေးကောက်ပွဲအရာရှိတို့က လူဦးရေစာရင်း ကောက်ယူပြီးစီးမှုနှင့် မဲစာရင်းပြုစုပြီးစီးမှု၊ ရုံးတည်ဆောက်ရေးအတွက် မြေနေရာရရှိမှု၊ ရုံးဆောက်လုပ်ပြီးစီးမှုနှင့် ခရိုင်/မြို့နယ်ရွေးကောက်ပွဲအရာရှိများက ရုံးလိုအပ်ချက်များ၊ ဝန်ထမ်းလိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent