လက်ရှိဘဏ္ဍာနှစ်  မေလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၅ သန်းကျော် ဝင်ရောက်ခဲ့ခြင်းနှင့် ဗဟိုဘဏ်က ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် ပထမအကြိမ်တင်သွင်းသော ယူရီးယားမြေသြဇာများ ရောင်းချခြင်း

လက်ရှိဘဏ္ဍာနှစ်  မေလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၅ သန်းကျော် ဝင်ရောက်ခဲ့ခြင်းနှင့် ဗဟိုဘဏ်က ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် ပထမအကြိမ်တင်သွင်းသော ယူရီးယားမြေသြဇာများ ရောင်းချခြင်း
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
Published 20 June 2022

MAPCO က ဂျပန်နိုင်ငံမှ မိတ်ဖက် ကုမ္ပဏီများနှင့် သီလဝါအကွက်-၂၈တွင် ဆောင်ရွက်ရန်ရှိသည့် LNG to Power စီမံကိန်းနှင့် စင်ကာပူနိုင်ငံ၊တရုတ်နိုင်ငံတို့မှ မိတ်ဖက်အဖွဲ့များနှင့် ဆောင်ရွက်နေသော လှည်းကူးစီမံကိန်း၊အခြားစီမံကိန်းသည် လက်ရှိအခြေအနေများကြောင့် လတ်တလောအခြေအနေတွင် ခေတ္တရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO)၏၂၀၂၁- ၂၀၂၂ နှစ်ပတ် လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆန်နှင့်လယ်ယာထွက်ကုန်များ ထုပ်ပိုးသည့် PP အိတ်ခွံများ၊ အ ခြားအိတ်ခွံများ ထုတ်လုပ်သည့် စက်ရုံကို အိန္ဒိယနိုင်ငံမှ မိတ်ဖက်ရင်းနှီးမြှုပ်နှံသူများနှင့်ပူးပေါင်း၍ တွံတေးရှိ MAPCO မြေနေရာတွင် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ခဲ့သော COVID ကပ်ရောဂါကြောင့် စီးပွားရေးနှေးကွေး ကျဆင်းမှုအခြေအနေများ၊ ၂၀၂၁ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး မတည်ငြိမ်မှုများ၊ စီးပွားရေးလူမှုရေးဆိုင်ရာ အခက်အခဲများအကြားတွင်  MAPCO အား ရှင်သန်ရပ်တည်နိုင်အောင် ဒါရိိုက်တာ အဖွဲ့နှင့် ဝန်ထမ်းများမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် များတွင် ရင်ဆိုင်ရသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ ကျန်းမာရေးနှင့် ကူးစက်ရောဂါဆိုင်ရာ အန္တရာယ်များ၊ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာ ကျပ်တည်းမှုများ အကြားတွင် MAPCO အနေဖြင့် ကြိုးစားရုန်းကန်ခဲ့ရပြီး လယ်ယာကဏ္ဍအကျိုးနှင့် အစုရှယ်ယာထည့် ဝင်ထားသူများ၏ အကျိုးစီးပွား မယုတ်လျော့စေရန် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MAPCO အနေဖြင့် ဆန်စပါး ဝယ်ယူ၊ ကြိတ်ခွဲ၊ ပြည်ပတင်ပို့သည့် လုပ်ငန်းနှင့်ဓာတ်မြေသြဇာတင် သွင်းဖြန့်ဖြူးရောင်းချသည့် လုပ်ငန်း များကို ဦးစားပေးလုပ်ဆောင်ခဲ့ကြောင်း၊ MAPCO Golden Lace ကျိုက်လတ်ဆန်စက်ရောင်းချမှု၊ AFC အစုရှယ် ယာရောင်းချမှုများကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဘဏ်ချေးငွေအချို့ကို ပေးဆပ်ကာ ရောင်းရငွေများကို ဆန်စပါးလုပ်ငန်း၊ ဓာတ်မြေသြဇာတင်သွင်းဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများတွင် လုပ်ငန်းသုံးလှည့်ပတ်ငွေများအဖြစ် အသုံးပြုလျက်ရှိပြီး ဝင်ငွေနှင့်အ ကျိုးအမြတ်တိုးပွားရရှိစေရန် စီမံလုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

MAPCO ၏ နေပြည်တော် ဆန်စက်၊ လှိုင်သာယာဆန်စက်များကို ပုံမှန်လည်ပတ်လျက်ရှိပြီး ကြိတ် ခွဲထုတ်လုပ်မှုလုပ်ငန်းများကို တိုး ချဲ့ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊  တွံတေး၊မြောင်းမြနှင့်မအူပင်တို့တွင် ခေတ်မီအခြောက်ခံစက်များ၊ ဆန်စပါးကြိတ်ခွဲစက်များ တပ်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်နှင့် အားပေးမှုများကြောင့် ကန်ထရိုက်လယ်ယာလုပ်ငန်း၊ ဖွဲနုဆီစက်လုပ်ငန်း၊ စပါးခွံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရန်  စီစဉ်လျက်ရှိကြောင်း MAPCO ၏ ၂၀၂၁-၂၀၂၂ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

မေလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၅သန်းကျော်သာ ဝင်ရောက်      

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မေလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၅ သန်းကျော်သာ ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန် သည့်စာရင်းများအရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မေလအထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အနေဖြင့် တရုတ်နိုင်ငံက ဒေါ်လာ ၉ ဒသမ ၀၁ရသန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ် လာနှစ်သန်း၊  ဟောင်ကောင်က နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂၁၅ သန်း၊ ဂျပန်က ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် စုစုပေါင်းနိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၅ ဒသမ ၃၃၂ သန်းသာ ဝင်ရောက်ခဲ့ခြင်းဖြစ် သည်။

ခြောက်လအတွင်း မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် စင်ကာပူက ဒေါ်လာ ၂၉၇ သန်း ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget)ခြောက်လအတွင်း နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၄၂ ဒသမ ၁၃၇ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ခြင်းအပါအဝင် ဒေါ်လာ ၈ ဒသမ ၆၄၁ သန်း၊ပြင်သစ်က ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၀၉ ဒသမ  ၁၄၀ သန်း၊ အိန္ဒိယနိုင်ငံက ဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊အင်ဒိုနီးရှားနိုင်ငံ ကဒေါ် လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအ ဝင် ဒေါ်လာ ၄ ဒသမ ၅၃၀ သန်း၊ မလေးရှားက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၆၂ ဒသမ ၆၉၃ သန်း၊ Samoa ကရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာနှစ်သန်း၊ Seychelles က ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ခုနစ်သန်း၊နယ်သာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ခြင်း အပါအဝင် ဒေါ်လာလေးသန်း၊ U.K က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၅ သန်း၊နီပေါက ဒေါ်လာ ၁ ဒသမ ၅ သန်း ဝင်ရောက်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက် အောက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာတင်ပြလာပါက ဦးစားပေးဆောင်ရွက်မည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။

ယင်းလုပ်ငန်းများမှာ(က) ဓာတ်မြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊(ခ)ဘိလပ်မြေထုတ်လုပ် ခြင်းလုပ်ငန်းများ၊ (ဂ)သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ဃ)စိုက်ပျိုးရေးလုပ်ငန်းနှင့်မွေးမြူရေးလုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့်ဆက်စပ်သည့်လုပ်ငန်းများ (င) တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်ခြင်း လုပ်ငန်းများ၊(စ)လျှပ်စစ်ယာဉ်များထုတ်လုပ်သည့်လုပ်ငန်းများ၊ (ဆ)ဆေးဝါးနှင့်ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများ၊ (ဇ)အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်သည်။

ဗဟိုဘဏ်က ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် ပထမအကြိမ် တင်သွင်းသည့် ယူရီးယားမြေသြဇာ တန် ၇၅၀၀၀ ခန့်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုရှိ အရောင်းဆိုင် ၂၉၁ ဆိုင်တွင် ကြိုက်ရောင်း/ ကြိုက်ဝယ် စနစ်ဖြင့် ရောင်းချ       

ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲ နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် ပထမအကြိမ် တင်သွင်းသည့် ယူရီးယားမြေသြဇာ တန် ၇၅၀၀၀ ခန့်ကို သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးမည် ဖြစ်ပြီး ဇွန် ၁၁ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုရှိ မြို့ နယ် ၁၃၆ မြို့နယ်မှ အရောင်းဆိုင် ၂၉၁ ဆိုင်တွင် ကြိုက်ရောင်း/ကြိုက်ဝယ်စနစ်ဖြင့် လက်ငင်းငွေချေဖြန့် ဖြူးရောင်းချပေးလျက်ရှိကြောင်း ယူရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူး ရောင်းချရေးဦးဆောင်ကော်မတီမှ ထုတ်ပြန်ထားသည်။

ယူရီးယားမြေသြဇာဝယ်ယူ ဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီသည် မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင် များ၊အသင်းဝင်ကုမ္ပဏီများ စုစည်းဖွဲ့စည်းထားသော Consortium အဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့နှင့် ပူးပေါင်း၍ တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုရန် လိုအပ်လျက်ရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီသည့် ယူရီးယားမြေသြဇာများ ပြင်ပပေါက်စျေးထက် စျေးနှုန်း သက်သာစွာဖြင့် ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

တောင်သူများအနေဖြင့် စျေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးမည့် ယူရီးယား မြေသြဇာများကို သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ ဝယ်ယူခွင့်လက်မှတ်များ အခမဲ့ရယူ၍ မြို့နယ်များရှိ သက်ဆိုင်ရာအရောင်းဆိုင်များ၌ ယူရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင် ကော်မတီမှထုတ်ပြန်ထားသော ရည်ညွှန်းစျေးနှုန်းများအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

တောင်သူများအနေဖြင့်  ယူရီးယားမြေသြဇာများကို မြို့နယ်အလိုက် သတ်မှတ်ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များ၌ သတ်မှတ်စျေးနှုန်းအတိုင်း ဝယ်ယူရရှိခြင်း မရှိလျှင်သော်လည်းကောင်း၊ သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီပြီး ဝယ်ယူရန်အခက်အခဲရှိလျှင်သော် လည်းကောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖုန်း ၀၆၇-၄၁၀၀၃၅၊ သမဝါယမဦးစီး ဌာန ဖုန်း-၀၆၇-၄၁၀၀၄၀၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း-၀၆၇-၄၁၈၆၂၁နှင့် တိုင်းဒေသကြီး/ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများနှင့် မြို့နယ်အဆင့်ဖြန့်ဖြူးရောင်းချရေးကော်မတီများသို့ ဆက်သွယ်နိုင်သည်။

ယူရီးယားမြေသြဇာ 50 Kg ပါ  တစ်အိတ်လျှင် ရန်ကုန်ဂိုဒေါင်စျေး ၈၆၀၀၀၊ ပဲခူးတိုင်းဒေသကြီး ပဲခူးတွင် ၈၇၈၀၀၊ ပြည်တွင် ၈၈၆၀၀၊ မန္တလေးတိုင်းဒေသကြီးတွင် ၈၈၆၀၀၊ မကွေးတိုင်းဒေသကြီး မကွေးတွင် ၈၉၀၀၀၊ စလင်း/ပွင့်ဖြူတွင် ၈၉၁၀၀၊ မွန်ပြည်နယ် မော်လ မြိုင်/သထုံတွင် ၈၈၈၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတွင် ၈၉၅၀၀၊ ရေဦး/ရွှေဘိုတွင် ၈၉၈၀၀၊ ရန်ကုန်တိုင်းဒေသကြီး သုံးခွတွင် ၈၈၀၀၀၊ ထန်းတပင် တွင် ၈၆၅၀၀၊ ရခိုင်ပြည်နယ်၌ စစ်တွေတွင် ၉၂၆၀၀၊ မောင်တောတွင် ၉၉၄၀၀၊ ကရင်ပြည်နယ်၌ ဘားအံတွင် ၈၈၈၀၀၊ လှိုင်းဘွဲ့တွင် ၈၉၃၀၀၊ ဧရာဝတီတိုင်းဒေသကြီး၌ ပုသိမ်တွင် ၈၈၂၀၀၊ ဟင်္သာတတွင် ၈၈၁၀၀ ၊ ရှမ်းပြည်နယ်(အရှေ့) ၌ ကျိုင်းတုံတွင် ၉၆၀၀၀၊ မိုင်းတုံတွင် ၁၀၀၈၀၀၊ ရှမ်းမြောက်၌ လားရှိုးတွင် ၉၂၀၀၀၊ ကျောက်မဲတွင် ၉၀၁၀၀၊ ရှမ်းတောင်၌ တောင်ကြီးတွင် ၈၉၅၀၀၊ကလောတွင် ၈၈၈၀၀၊ မိုင်းပန်တွင်  ၉၂၀၀၀ ကျပ်တို့ဖြစ်သည်။ သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီပြီး ဝယ်ယူရန်အခက်အခဲရှိပါက မြို့နယ်အဆင့် ရောင်းချရေးကော်မတီသို့ သတင်းပို့ဝယ်ယူနိုင်ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent