လာမည့် ဇူလိုင် ၁ ရက်မှစတင်၍ ထိုင်းနိုင်ငံ ဘန်ကောက်သို့ ၁၄ ရက်ဗီဇာဖြင့် သွားရောက်မည့် ခရီးသည်များ Thailand Pass နှင့် insurance လျှောက်ထားရန်မလိုအပ်တော့

လာမည့် ဇူလိုင် ၁ ရက်မှစတင်၍ ထိုင်းနိုင်ငံ ဘန်ကောက်သို့ ၁၄ ရက်ဗီဇာဖြင့် သွားရောက်မည့် ခရီးသည်များ Thailand Pass နှင့် insurance လျှောက်ထားရန်မလိုအပ်တော့
ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မြင်ကွင်းအား တွေ့ရစဉ်
ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မြင်ကွင်းအား တွေ့ရစဉ်
Published 17 June 2022

လာမည့် ဇူလိုင် ၁ ရက်မှစတင်ကာ ထိုင်းနိုင်ငံဘန်ကောက်သို့ ၁၄ ရက်ဗီဇာဖြင့် သွားရောက်မည့်ခရီးသည်များ Thailand Pass နှင့် Covid Medical insurance လျှောက်ထားရန် မလိုအပ်တော့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည့် ခရီးသည်များအနေဖြင့် အနည်းဆုံးခြောက်လ သက်တမ်းရှိ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ်၊ Thailand Pass ၊ Covid Medical insurance ၊ Covid Vaccine Certificat နှင့် တည်းခိုမည့်ဟိုတယ် သို့မဟုတ် အိမ်လိပ်စာတို့ပြသရန် လိုအပ်မည်ဖြစ်သည်။

အဆိုပါလိုအပ်ချက်များအနက် ၁၄ ရက် ဗီဇာဖြင့် သွားရောက်မည့်ခရီးသည်များအနေဖြင့် Thailand Pass နှင့် Covid Medical insurance အား လာမည့်ဇူလိုင် ၁ ရက်မှစတင်ကာ လျှောက်ထားရန် မလိုအပ်ဘဲ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)က နေ့စဉ်ပျံသန်းနေသည့် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား ဇွန် ၁၅ ရက်မှ စတင်ကာ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့တွင် တစ်ရက်နှစ်ကြိမ်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား နေ့စဉ်ပျံသန်းနေခြင်းဖြစ်သည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၏ပြည်တွင်း ခရီးစဉ်များတွင်  Mobile Applicationမှ တစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in သည် ပြည်တွင်းခရီးစဉ်များအတွက်သာဖြစ်ပြီး လေယာဉ်ထွက်ခွာ ချိန်မတိုင်မီ ၂၄ နာရီမှ ၇၅ မိနစ်အတွင်း အချိန်မရွေး Online Check-in ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in ပြုလုပ်ပြီး ရရှိလာသော E-Boarding Pass အား Print ထုတ်ပြီး ယူဆောင်လာရမည်ဖြစ်သည်။ Mobile Application ကို App Store နှင့် Google Playstore တို့တွင် Download ပြုလုပ်ပြီး Mobile Application တွင် ခရီးစဉ်အချိန် ဇယားများရှာဖွေခြင်း၊ လေယာဉ်လက်မှတ်ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ မိမိ၏ခရီးစဉ် အချက်အလက်များစစ်ဆေးခြင်း၊ Online Check-in ပြုလုပ်ခြင်းနှင့် E-Boarding Pass ရယူခြင်းအစရှိသော ခရီးစဉ်ဆိုင်ရာဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြင် ပြည်ခရီးစဉ်များဖြစ်သော စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ကွာလာလမ်ပူ၊ ကူမင်း၊ ချန်ဒူး၊ နယူးဒေလီ၊ ကိုးလ် ကတ္တားနှင့် မနီလာမြို့များသို့ ပျံသန်းနေပြီး နိုင်ငံတကာခရီးစဉ်များကိုလည်း ဆက်လက် တိုးချဲ့ပျံသန်းရန် စီစဉ်နေကြောင်းလည်း သိရသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  Nok Air ၊ THAI Smileနှင့် Air Asia  လေကြောင်းလိုင်းများက ခရီးစဉ်များ ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရသည်။ Smile လေကြောင်းလိုင်း၊ ဇွန် ၃ ရက်တွင် Air Asia လေကြောင်းလိုင်းနှင့်  ဇူလိုင် ၁ ရက်တွင် Nok Air လေကြောင်းလိုင်းများက ပြန်လည် ပျံသန်းကြမည်ဖြစ်ကြောင်း သိရသည်။

 

 

 

Most Read

Most Recent