၂၀၁၈-၂၀၁၉ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့် လက်လုပ်လက်စား ရွှေလုပ်ကွက် ၃၅၀ ကျော်မှ အခွန်အခပေးသွင်းရန် ကျန်ရှိနေကြောင်း ထုတ်ပြန်

၂၀၁၈-၂၀၁၉ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့် လက်လုပ်လက်စား ရွှေလုပ်ကွက် ၃၅၀ ကျော်မှ အခွန်အခပေးသွင်းရန် ကျန်ရှိနေကြောင်း ထုတ်ပြန်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ရွှေလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ရွှေလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
Published 16 June 2022

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့်  လက်လုပ်လက်စား ရွှေလုပ်ကွက် ၃၅၀ ကျော်မှ နိုင်ငံတော်သို့ အခွန်အခများပေးသွင်းရန် ကျန်ရှိနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်များတွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ကသာမြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် ကျွန်းလှမြို့နယ်များတွင် ဓာတ်သတ္တု(ရွှေ)အသေးစားနှင့် ဓာတ် သတ္တု(ရွှေ) လက်လုပ်လက်စားထုတ်လုပ်ရန် ခွင့်ပြုမိန့်လျှောက်ထားသည့် လုပ်ကွက်များအနက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ Cabinet က အတည်ပြုပြီး အခွန်အခပေး သွင်းရန်ပျက်ကွက်နေသော ဓာတ်သတ္တု (ရွှေ) အသေးစားလုပ်ကွက်ပေါင်း ၂၅၆ ကွွက်နှင့် ဓာတ်သတ္တု(ရွှေ) လက်လုပ်လက်စားလုပ်ကွက်ပေါင်း ၉၈ ကွက်တို့မှာ အခွန်အခပေး သွင်းရန် ကျန်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

အခွန်အခပေးသွင်းရန် ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းရှင်များထံသို့ ရှေ့နေ နို့တစ်စာများပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ပေးသွင်းရန် ကျန်ရှိနေသော အခွန်အခများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေစာရင်းသို့ ဓာတ်သတ္တု(ရွှေ) အသေးစားလေးဧက လုပ်ကွက် တစ်ကွက်လျှင် ကျပ် ၁၁ ဒသမ ၉၄၈ သန်း (ကျပ် ၁၁,၉၄၈,၅၆၃ ဒသမ ၃၂) နှင့် ဓာတ်သတ္တု(ရွှေ) လက်လုပ်လက်စား တစ်ဧကလုပ်ကွက် တစ်ကွက်လျှင် ကျပ် ၁ ဒသမ ၁၄၇ သန်း (ကျပ် ၁,၁၄၇,၁၄၀ ဒသမ ၈၃) အား ပြေကျေစွာအမြန်ဆုံးပေးသွင်း ဆောင်ရွက်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှေ့နေနို့တစ်စာများ ပေးပို့ဆောင်ရွက်ရာတွင် ခန္တီးခရိုင်အတွင်းရှိ ကုမ္ပဏီ/လုပ်ငန်းရှင်များ၏ လိပ်စာရှင် ရှာမတွေ့သောကြောင့် စာတိုက်မှ ပြန်လည်ပေးပို့လာ ကုမ္ပဏီ/လူပုဂ္ဂိုလ် ၆၀ ကျော်အနေဖြင့်လာမည့် ဇူလိုင် ၁၆ ရက်နောက်ဆုံးထားပေးသွင်းရန် နိုင်ငံ ပိုင်သတင်းစာတွင် ဖော်ပြထားသည်။

သတ်မှတ်ကာလအတွင်း လာရောက် ဆက်သွယ်ပေးသွင်းခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တစ်လအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရွှေသတ္တုလုပ်ကွက်များမှ ရွှေသတ္တု ၂၇၅ ဒသမ ၃၅ ထရိုင်အောင်စ ထုတ်လုပ်ထားပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အများဆုံးဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

 

 

Most Read

Most Recent