ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် ကျင်းပမည့် STARTMEUP HK နှင့် FINTECH WEEK 2022 သို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်နိုင်ရန် ဖိတ်ခေါ်

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် ကျင်းပမည့် STARTMEUP HK နှင့် FINTECH WEEK 2022 သို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်နိုင်ရန် ဖိတ်ခေါ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကိုတွေ့ရစဉ်
Published 13 June 2022

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် ကျင်းပမည့် STARTMEUP HK နှင့် FINTECH WEEK 2022 သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရအဖွဲ့အစည်းဖြစ်သည့် InvestHK ၏ စီစဉ်မှုဖြင့် Startmeup HK Festival ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ ထို့ပြင် FinTech Week 2022 ကိုလည်း ဟောင်ကောင်ဒေသ၌ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲများကို Hybrid ပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ကာ စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့်  အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်စာရင်းပေးသွင်း၍ တက်ရောက်နိုင်မည်ဖြစ်သည်။

Startmeup HK Festival နှင့်စပ်လျဉ်း သည့် အသေးစိတ်အချက်အလက်များကို http://www.startmeup .hk startmeuphkfestival-2022/ တွင် လေ့လာနိုင်ပြီး မှတ်ပုံတင်စာရင်းပေးသွင်းရမည့်လုပ်ငန်းစဉ်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း၊ Hong Kong FinTech Week 2022 အတွက် http://www.fintechweek.hk/pre-register-2022 တွင် ကြိုတင်မှတ်ပုံတင်စာရင်းပေးသွင်းရမည်ဖြစ်ပြီး ကျင်းပမည့်အစီအစဉ်ကို ထပ်မံ၍ ကြေညာပေးမည်ဖြစ်သည်။

၂၀၂၂ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် ဟောင်ကောင်၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉ ဒသမ ၈၇၁ ဘီလျံကျော်ရှိပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၁၀ ဒသမ ၈၄ ရာခိုင်နှုန်းရှိနေသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံက ဒေါ်လာ၂ ဒသမ ၇၈၂ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာနှစ်သန်း၊  ဟောင်ကောင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂၁၅ သန်းဖြင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ ဒသမ ၉၉၇ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လအတွင်း နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ် နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၄၂ ဒသမ ၁၃၇ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၈ ဒသမ ၆၄၁ သန်း၊ ပြင်သစ်က ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၀၉ ဒသမ  ၁၄၀ သန်း၊ အိန္ဒိယနိုင်ငံက ဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၅၃၀ သန်း၊ မလေးရှားက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၆၂ ဒသမ ၆၉၃ သန်း၊ Samoa က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာနှစ်သန်း၊ Seychelles က ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ခုနစ်သန်း၊ နယ်သာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာလေး သန်း၊ UK က ဒေါ်လာ ၀ ဒသမ ၃၃၅ သန်း ဝင်ရောက်မြှုပ်နှံထားသည်။

Most Read

Most Recent