UEFA Nations League အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 13 June 2022

ဒိန်းမတ် နှင့် သြစတြီးယား (မြန်မာစံတော်ချိန် တနင်္လာည ၁း၁၅ နာရီ)

သြစတြီးယားက ဒီဘက်နှစ်တွေမှာ ခြေစွမ်းပိုင်းကျဆင်းလာရာက ရန်းနစ်လက်ထက်မှာတော့ ရုတ်တရက်တိုးတက်လာခဲ့တယ်။ ဒိန်းမတ်အသင်းကလည်း မာကျော၊ တောင့်တင်းတဲ့ အသင်းကောင်းတစ်သင်းဖြစ်ပြီး လက်ရှိအချိန်မှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနေတယ်။ ဒီပွဲက ဒိန်းမတ်အသင်းရဲ့ အိမ်ကွင်းလည်းဖြစ်လို့ ဒိန်းမတ်ကိုပဲ ကြိုက်တယ်။ 

ပြင်သစ် နှင့် ခရိုအေးရှား (မြန်မာစံတော်ချိန် တနင်္လာည ၁း၁၅ နာရီ)

နှစ်သင်းစလုံးက အဖွင့်နှစ်ပွဲမှာ အခြေအနေကောင်းခဲ့ဘူး။ ပြင်သစ်က ဒိန်းမတ်ကို ရှုံး၊ ခရိုအေးရှားကို သရေကျခဲ့ပြီး ခရိုအေးရှားကတော့ သြစတြီးယားကို ရှုံး၊ ပြင်သစ်နဲ့ သရေကျခဲ့တယ်။ ဒီပွဲက မကြာသေးခင်ကမှ ခရိုအေးရှားမြေမှာ ကစားခဲ့တဲ့ အုပ်စုပွဲရဲ့မကျေပွဲလို့ပဲ ပြောရမယ်။ နှစ်သင်းစလုံး အားနည်းနေတာချင်းတူပေမဲ့ အခြေအနေပိုဆိုးနေတာက ခရိုအေးရှားဖြစ်ပြီး ကစားသမားအင်အားတောင့်ပေမဲ့ အားနည်းချက်တွေရှိတယ်။ ခံစစ်ပိုင်းက အဓိကပြဿနာဖြစ်ပြီး သက်ကြီးကစားသမားတွေ များလာတာလည်း တွေ့ရတယ်။ ပြင်သစ်အသင်းက ခရိုအေးရှားကို ခရိုအေးရှားမြေမှာ သရေသာကစားနိုင်ခဲ့ပေမဲ့ အိမ်ကွင်းမှာတော့ အနိုင်ကစားနိုင်စွမ်း ရှိပါတယ်။ အစဉ်အလာအရလည်း ခရိုအေးရှားကို ဂိုးတွေ သွင်းနိုင်လေ့ရှိတယ်။ ပြင်သစ်ပဲ နိုင်မယ်။ 

 

Most Read

Most Recent