စစ်ကိုင်းမြို့နယ် လင်းယဉ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမတစ်ဦး ဓားဖြင့် ထိုးသတ်ခံရ

စစ်ကိုင်းမြို့နယ် လင်းယဉ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမတစ်ဦး ဓားဖြင့် ထိုးသတ်ခံရ
Published 8 June 2022

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်၌ လင်းယဉ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမတစ်ဦး ဓားဖြင့်ထိုးသတ်ခံရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ 

ဇွန် ၃ ရက် မွန်းလွဲ ၃ နာရီ ၅ မိနစ်အချိန်တွင်  စစ်ကိုင်းမြို့နယ် လင်းယဉ်ကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမတစ်ဦးအား PDF များက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဌာနမှ သားဖွားဆရာမဖြစ်သူ ဒေါ်နွယ်နွယ်စိုး(၄၇)နှစ်သည် ၎င်း၏နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် PDF အင်အား ၂၀ ဦးခန့်က Light Truck အဖြူရောင်ယာဉ်ဖြင့် ရောက်ရှိလာပြီး နေအိမ်အား ဖျက်ဆီးကာ ဒေါ်နွယ်နွယ်စိုးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ဖမ်းဆီးခံရပြီး ဒေါ်နွယ်နွယ်စိုးသည် လင်းယဉ်ကျေးရွာ၏အရှေ့ဘက် ၄ မိုင်ခန့်အကွာ လင်းယဉ်-ပဒူသွားကားလမ်းဘေးအနီးတွင် ဓားဖြင့်ထိုးခုတ်ခံရပြီး လည်ပင်းပြတ်ရှဒဏ်ရာ၊ ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရ သည်။