နိုင်ငံခြားသားများကို နေရာထိုင်ခင်းငှားရမ်းမှုများ အပါအဝင် ပြည်တွင်းငွေပေးချေမှုများ ကျပ်ငွေဖြင့်သာသုံးစွဲရန် ဗဟိုဘဏ်ထုတ်ပြန်ခြင်း၊ မော်လမြိုင်မြို့အနီးတွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသစ်တည်ဆောက်ရန် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုပြုလုပ်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

နိုင်ငံခြားသားများကို နေရာထိုင်ခင်းငှားရမ်းမှုများ အပါအဝင် ပြည်တွင်းငွေပေးချေမှုများ ကျပ်ငွေဖြင့်သာသုံးစွဲရန် ဗဟိုဘဏ်ထုတ်ပြန်ခြင်း၊ မော်လမြိုင်မြို့အနီးတွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသစ်တည်ဆောက်ရန် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုပြုလုပ်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက်ကို တွေ့ရစဉ် (Photo:CJ)
မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက်ကို တွေ့ရစဉ် (Photo:CJ)
Published 29 May 2022

နိုင်ငံခြားသားများကို နေရာထိုင်ခင်း ငှားရမ်းမှုများအပါအဝင် ပြည်တွင်းငွေပေးချေမှုများ ကျပ်ငွေဖြင့်သာ သုံး စွဲရန် ဗဟိုဘဏ်ထုတ်ပြန် ပြည်တွင်းငွေပေးချေမှု ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ အသုံးပြု ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မေ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ပြည်တွင်း၌ ရောင်းချ/ဝယ်ယူသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေဖြင့် ရယူ/ပေးချေခြင်းတို့ကြောင့် ပြည်တွင်းတွင် နိုင်ငံခြားသုံးငွေကျယ်ပြန့်စွာ အသုံးပြုမှုဖြစ်လာစေခြင်း၊ နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားလာစေခြင်း အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရအဖွဲ့အစည်းများအနေဖြင့် မိမိလက်အောက်ခံအဖွဲ့အစည်းများ၊ ဆက်စပ်ဆောင်ရွက်လျက်ရှိသော အစိုးရနှင့်ပုဂ္ဂလိက လုပ်ငန်းများ၊ အဖွဲ့အစည်းများအတွင်း ကုန်ပစ္စည်းများ ဝယ်ယူရောင်းချခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပေး ချေခြင်း၊ စျေးနှုန်းဖော်ပြခြင်း ကိစ္စရပ်များတွင် ပြည်တွင်းသုံးကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် မိမိလက်အောက် ခံအဖွဲ့အစည်းများအား လိုအပ်သလို  ထပ်ဆင့်ညွှန်ကြားပေးနိုင်ရန် ရည်ညွှန်းချက်-၁ (ဗဟိုဘဏ်၏ ၂၈. ၅.၂၀၁၅ ရက်စွဲပါစာအမှတ်၊ မဗဘ-၁/၁၁၁ (FEMD) (၉၀၄ /၂၀၁၅)၊ ရည်ညွှန်းချက် ၂ (ဗဟို ဘဏ်၏ ၆.၁၂.၂၀၁၆ ရက်စွဲပါ စာအမှတ်၊မဗဘ-၁/၁၁၁ (FEMD)  (၁၈၄၄/ ၂၀၁၆)၊ ရည်ညွှန်းချက်-၃ (ဗဟိုဘဏ်၏ ၇.၈.၂၀၁၈ ရက်စွဲ ပါစာအမှတ်၊ မဗဘ-၁/၁၁၁ (FEMD) (၁/၂၀၁၈)ပါ စာများဖြင့် အကြောင်း   ကြားခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ အရနောက် ဆက်တွဲ ထုတ်ပြန်ခဲ့သော ကင်းလွတ်ခွင့်ပြုသည့် ကိစ္စရပ်များမှအပ ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြား သုံးငွေဖြင့်ရရှိ သောဝင်ငွေများကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများ ရော်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD)  လိုင်စင်ရဘဏ်များတွင် နိုင်ငံခြား ငွေစာရင်းဖွင့်လှစ်၍ အလုပ်လုပ် ရက်တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ် ရောင်းချရမည်ဖြစ်သည်။ သို့ဖြစ်ရာပြည်တွင်းတွင်သုံးစွဲ၊ ပေးချေမှုများကို မြန်မာကျပ်ငွေဖြင့်သာ မဖြစ်မနေသုံးစွဲရမည်ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေ တွင်ဟိုတယ်များ၊ စားသောက်ဆိုင်အချို့၊ ပြည်တွင်း၌ လာရောက် ဖွင့်လှစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျောင်းများ၊ နိုင်ငံခြားသားများသို့ပြည်တွင်းတွင် နေရာထိုင်ခင်း ငှားရမ်းမှုများ၊ အမှတ်တရ ပစ္စည်းဆိုင်များ စသည်တို့တွင် ကျပ်ငွေအစား နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ) ဖြင့် ပေးချေဆောင်ရွက်နေ သကဲ့သို့ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးအောက်ရှိ လုပ်ငန်းများ၊ အဖွဲ့အစည်းများကလည်း မိမိတို့ ရရန်ရှိသည့်လုပ်ငန်း ဆောင်ရွက်မှု ဝင်ငွေများ(ဥပမာ-မြေငှား ရမ်းခြင်း၊ အာမခံလုပ်ငန်းများအတွက် မတည် ရင်းနှီးငွေများ ထည့်ဝင်ခြင်း၊ ဖက်စပ်လုပ်ငန်းများမှ ရရှိငွေများအစရှိသည်) အား နိုင်ငံခြားငွေဖြင့် လက်ခံဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။

သို့ပါ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်းချက်ပါစာများဖြင့် ထုတ်ပြန်ခဲ့သော ပြည်တွင်းတွင် ကျပ်ငွေဖြင့်သာ ပေးချေဆောင်ရွက်ရန်ကိစ္စနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၃.၄.၂၀၂၂ ရက်တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ ၁၂/၂၀၂၂ တို့အရ ပြည်တွင်း သုံးစွဲ၊ ပေးချေမှုများကို မြန်မာကျပ်ငွေ ဖြင့်သာ ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ နေပြည်တော် ကောင်စီ၊ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီနှင့် မန္တလေး မြို့တော်စည်ပင်သာယာရေးကော် မတီများအနေဖြင့် မိမိလက်အောက် ခံအဖွဲ့အစည်းများအား လိုအပ် သလိုထပ်ဆင့်ညွှန်ကြားပေးနိုင်ရန် နှင့်ထိုသို့ညွှန်ကြားပြီးကြောင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပြန် ကြားပေးပါရန် ညှိနှိုင်းမေတ္တာရပ်ခံ အပ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မော်လမြိုင်မြို့အနီးတွင် အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းသစ်တည်ဆောက်ရန်

ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု(Feasibility Study) ပြုလုပ်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

မော်လမြိုင်မြို့အနီးတွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသစ် တစ်ခုတည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေလေ့လာ ဆန်းစစ်မှု (Feasibility Study) ဆောင်ရွက်ရန်အတွက် အတွေ့အကြုံရှိ ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါ (Open Tender) တင်သွင်းရန် ဖိတ်ခေါ်ထားကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။

အဆိုပါနိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ်တစ်ခုတည်ဆောက်မည့် လုပ်ငန်း တည်နေရာမှာ မော်လမြိုင်မြို့၊ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်း ကျေးရွာနှင့် ဝဲကလိကျေးရွာအကြား အနီးတွင်ဖြစ်ကြောင်း သိရသည်။

တင်ဒါပုံစံများကို မတ် ၂၅ရက် မှ ဇွန် ၃ ရက်အထိ ရုံးချိန်အတွင်း မြို့ပြအင်ဂျင်နီယာဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)တွင် ဖြစ်ပြီး ဇွန် ၉ ရက်မွန်းလွဲ ၁ နာရီ တွင်နောက်ဆုံးထား၍ တင်ဒါပုံစံများကို တင်သွင်းရမည်ဟု သိရသည်။

တင်ဒါဖွင့်မည့်နေ့ရက်မှာ ဇွန် ၁၀ ရက်၊ နေ့လယ် ၁ နာရီတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်) အ စည်းအဝေး ခန်းမတွင် ဖွင့်လှစ်သွားမည်ဖြစ်ကာ အသေးစိတ် သိရှိလိုပါ က ဖုန်းနံပါတ် ၀၉ ၂၅၄၂၈၅၈၇၂၊ ၀၁ ၃၈၇၁၁၇ (Ext-၃၀၆) သို့ရုံးချိန် အတွင်း တိုက်ရိုက်မေးမြန်းနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေး ကော်မတီက ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။

၂၀၂၂ခုနှစ် မေလအတွင်း  ရန်ကုန် ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်း ၁၂ခု၏ စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော ၅၄ စင်း ဝင်ရောက်ရန် လျာထားရာ မေ ၂၀ ရက်ထိ ကုန်သေတ္တာတင် သင်္ဘော  ၃၆ စင်းခန့် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာမှ ထုတ်ပြန်သော သတင်းအချက်များအရ သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဧပြီလ အထိ လေးလတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘော လိုင်းများ၏ကုန်သေတ္တာတင် သင်္ဘော ၁၉၉ စင်းဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာမှ ထုတ်ပြန်  သောသတင်းအချက်များအရ သိရသည်။

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များတိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌  ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်း ၊ မတ်လတွင် ကုန်သေတ္တာတင် သင်္ဘော ၅၀ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ပွင့်လင်းရာသီ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်တွင်း လိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း ကုန်သေတ္တာတင် သင်္ဘောလိုင်း အသီးသီးမှ ခရီး စဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့် ခွင့်ပြုခဲ့သည့် သီလဝါဆိပ်ကမ်းသို့ ရေစူး ၁ဝမီတာရှိသော နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ ဝင်ထွက် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း၏ ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်း ရန် ဒုတိယမြောက် Boeing 737-800 NG လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မေ ၂၇ ရက်ညနေပိုင်းက ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ Boeing 737-800 NG လေယာဉ်အား Dubai Aerospace Enterp-rise (DAE) မှငှားရမ်းထားခြင်းဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်း လိုင်းပျံသန်းနေသည့်ပြည်ပခရီးစဉ်များတွင်အား  ဖြည့်တိုးချဲ့ပျံသန်းသွားမည်ဖြစ်သည်။

“အခုရောက်ရှိလာတဲ့ ဘိုးရင်းလေယာဉ်ကို ခန့်မှန်းဇူလိုင် ၂ ရက်၊ ၃ ရက်လောက်ကနေ စပြီးစင်ကာပူကိုတစ်ပတ်လေးကြိမ်ပျံသန်း နေရာကနေ နေ့စဉ်တိုးချဲ့ပျံသန်းသွားမှာပါ။ နောက်ပြီး လက်ရှိနေ့စဉ် ပျံသန်းနေတဲ့ဘန်ကောက်ခရီးစဉ်မှာလည်း ဘိုးရင်းနှစ်စင်းကို အလှည့်ကျအသုံးပြုသွားပါမယ်။

“မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ တရုတ်ပြည်ကို ပျံသန်းနေတဲ့ခရီး စဉ်တွေဖြစ်တဲ့ ချန်ဒူး၊ ကူမင်းခရီး စဉ်တွေကိုလည်း ပျံသန်းသွားမှာပါ ဖြစ်ပါတယ်။ အဓိကပြောရင် ပြည်ပခရီးစဉ်တွေအကုန်လုံးကို ဘိုးရင်း လေယာဉ်တွေနဲ့ပဲ ပျံသန်းသွားမှာပါ” ဟု မြန်မာအမျိုးသားလေ ကြောင်းလိုင်း၏ စီးပွားရေးဌာနမှူး ဦးနိုင်စောလွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၁၄ခုနှစ်တွင် မြန်မာအမျိုးသားလေကြောင်း အမည်ပြောင်း၍ ပြည်တွင်း ပြည်ပခရီးစဉ်များကို ပျံသန်းလျက်ရှိခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းမှ ပြည်တွင်းရှိ မြို့ပေါင်း ၂၈ မြို့ကို ပျံသန်းလျက်ရှိပြီး ပြည်တွင်းခရီးစဉ် အများဆုံးပျံသန်း နေသည့်လေကြောင်းလိုင်း တစ်ခုဖြစ်သည်။

ထို့ပြင် ပြည်ခရီးစဉ်များဖြစ်သော စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ကွာလာလမ်ပူ၊ ကူမင်း၊ ချန်ဒူး၊ နယူးဒေလီ၊ ကာလကတ္တား နှင့် မနီလာမြို့များသို့ ပျံသန်းနေပြီး နိုင်ငံတကာခရီးစဉ်များကိုလည်း တိုးချဲ့ပျံသန်းရန် စီစဉ်နေကြောင်းလည်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များအား မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ် ဒေသများသို့ စင်းလုံးငှားခရီးစဉ် ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်စင်းလုံးငှားခရီးစဉ် နှင့် ပတ်သက်သော အချက်အလက်များကို charter @ flymna.com သို့ email ပေးပို့၍ အသေးစိတ် မေးမြန်းနိုင်ကြောင်း သိရသည်။

 

         

Most Read

Most Recent