တရုတ်နှင့် ဗြိတိန်တို့ စကားအသုံးအနှုန်းနှင့် ပတ်သက်၍ သဘောတူညီမှုမရသဖြင့် မြန်မာနှင့်သက်ဆိုင်သောထုတ်ပြန်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ထုတ်ပြန်နိုင်ခြင်းမရှိ

တရုတ်နှင့် ဗြိတိန်တို့ စကားအသုံးအနှုန်းနှင့် ပတ်သက်၍ သဘောတူညီမှုမရသဖြင့် မြန်မာနှင့်သက်ဆိုင်သောထုတ်ပြန်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ထုတ်ပြန်နိုင်ခြင်းမရှိ
Published 28 May 2022
Ref:AFP

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည်  မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသည့် အကျပ်အတည်းကို ငြိမ်းချမ်း စွာအဖြေရှာရန် အစီအမံများချမှတ်ရေးအတွက် နစကကို တွန်းအားပေးရန် ရည်ရွယ်သောထုတ်ပြန်ချက်တစ် ရပ်နှင့် စပ်လျဉ်း၍ မေလ ၂၇ ရက်တွင် သဘောတူညီမှုမရခဲ့ပေ။

မေလ ၂၇ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးအပြီး လုပ်ဆောင်ခဲ့သည့် တစ်နေကုန်ဆွေးနွေးမှုများ အောင်မြင်မှုမရသည့်အတွက် ထုတ်ပြန်ချက်စာသားကို မူကြမ်းရေးခဲ့ကြသော တရုတ်နှင့် ဗြိတိန်တို့သည် အပြန်အလှန် အပြစ်တင်ခဲ့ကြသည်။

တရုတ်၏ တောင်းဆိုမှု များပြားလွန်းခြင်းက ဆွေးနွေးမှုများ ပျက်ပြားစေရန် ဦးတည်စေခဲ့သည်ဟု ဗြိတိန်က ပြောကြားသည်။

ခြုံငုံသုံးသပ်လိုက်သည့်အခါ ကျော်လွှား၍ မဖြစ်နိုင်စရာမရှိသော သဘောတူညီချက်တစ်ရပ်ရရှိရန် ကွဲပြားချက်အနည်းငယ်သာရှိသည်ဟု တရုတ်၏ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့မှ ပြောရေးဆိုခွင့်ရအမျိုးသမီး က AFP သတင်းဌာနကို ပြောကြားသည်။

ထို့ပြင် အကျပ်အတည်းအဆုံးသတ်ရေးအတွက် လွန်ခဲ့သော တစ်နှစ်ကျော်တွင် အာဆီယံက ချမှတ်ခဲ့သည့် အချက်ငါးချက်ကို အကောင်အထည်ဖော်ရာတွင် အကန့်အသတ်ရှိတိုးတက်မှုနှင့် ပတ်သက်၍ လုံခြုံရေးကောင် စီက အလွန်စိုးရိမ်နေသည်ဟု မူလစာသားတွင် အဆိုပြုထားသည်။

ထို့အတူလမ်းပြမြေပုံကို အကောင်အထည်ဖော်ရန်လည်း မူရင်းစာသားတွင် ဖော်ပြထားသည်။

 တရုတ်က အကန့် အသတ်ဆိုသည့်စာသားထက် တိုးတက်မှုနှေးကွေသည်ဟူသောစာသားကိုအသုံးပြုရန် အဆိုပြုခဲ့သည်ဟု တရုတ်ကိုယ်စားလှယ်အဖွဲ့ကပြောကြားခဲ့သည်။

"ကျွန်မတို့ရဲ့စကားအသုံးအနှုန်းက အချက်အလက်တွေကို အခြေခံထားတာဖြစ်ပေမယ့်လည်း စကား လုံးနည်းနည်းနဲ့ ကျစ်ကျစ်လျစ်လျစ်ဖော်ပြတာဖြစ်ပါတယ်။ သဘောတူညီမှုမရခဲ့တာဟာ တကယ့်ရှက်စရာ ပါပဲ"ဟု တရုတ်ပြောရေးဆိုခွင့်ရ အမျိုးသမီးက ဖြည့်စွက် ပြောကြားခဲ့သည်။

AFP သတင်းဌာနက မြင်ခဲ့ရသည့် ကျန်သောစာသားသည်  မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုနှင့် လူသားချင်းစာနာမှုဆိုင်ရာအခက်အခဲများ ဆက်လက်ဖြစ်ပေါ်နေခြင်းနှင့် စပ်လျဉ်း၍ လုံခြုံရေးကောင်စီ၏ စိုးရိမ် ပူပန်မှုကို ထင်ဟပ်လျက်ရှိသည်။

လုံခြုံရေးကောင်စီအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာအာဆီယံသံတမန်ဖြစ်သူ ကမ္ဘောဒီးယား၏ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဆော့ခွန်းနှင့် ကုလသမဂ္ဂသံတမန် နိုလန်ဟေဇာတို့က မြန်မာနိုင်ငံနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေများကို တင်ပြခဲ့ကြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာသံတမန်အဖြစ် ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲ တွင် ခန့်အပ်ခံရသော ဟေဇာသည် မြန်မာနိုင်ငံကို ပထမဆုံးသွားရန် အထွေထွေသဘောတူညီချက်ရရှိထားပြီး ဖြစ်သော်လည်း ၎င်းအနေဖြင့်  အချိန်ကာလ မည်မျှကြာအောင်နေထိုင်မည်၊ ၎င်းတွေ့ဆုံဖွယ်ရှိသည့် ပုဂ္ဂိုလ်များနှင့် ပတ်သက်၍ လိုအပ်သည့် ခွင့်ပြုချက်များမရသေးဟု သံတမန်များက ပြောကြားသည်။

နိုလန်ဟေဇာသည် နစကနှင့်သာမက မြန်မာနိုင်ငံရှိ ပါတီအသီးသီးနှင့်လည်း တွေ့ဆုံနိုင်သည်ဟု ကုလသမဂ္ဂကပြောကြားသည်။

Most Read

Most Recent