မန္တလေးမြို့ သင်္ဂဇာချောင်းဘေးတွင် သမီးရည်းစား စုံတွဲအား ဓါးဖြင့်ထိုးကာ  ဖုန်းနှင့်ဆိုင်ကယ် လုယက်မှုကြောင့်  အမျိုးသားသေဆုံး

မန္တလေးမြို့ သင်္ဂဇာချောင်းဘေးတွင် သမီးရည်းစား စုံတွဲအား ဓါးဖြင့်ထိုးကာ  ဖုန်းနှင့်ဆိုင်ကယ် လုယက်မှုကြောင့်  အမျိုးသားသေဆုံး
Published 27 May 2022

မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ် သင်္ဂဇာချောင်းဘေးတွင် သမီးရည်းစားစုံတွဲအား ဓါးဖြင့်ထိုးကာ  ဖုန်းနှင့်ဆိုင်ကယ် လုယက်မှုကြောင့်  အမျိုးသားသေဆုံးမှု မေလ ၂၆ ရက် ညပိုင်းကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ်၊  ၂၆လမ်းနှင့် ၃၅လမ်းကြား၊သင်္ဂဇာချောင်းအနောက်ကန်ပတ်လမ်း ၊ သကြားဒိုင်အနီးတွင် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး ဆိုင်ကယ်မောင်းလာစဉ်  လုယက်ခံရမှု ည ရနာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမည်မသိအမျိုးသားသုံးဦးခန့်မှ ဓါးဖြင့်ထိုးကာ ဖုန်း၊ဆိုင်ကယ်များကို လုယူသွားခဲ့ခြင်းဖြစ်ပြီး ဓါးဒဏ်ရာကြောင့် အမျိုးသားမှာ သေဆုံးသွားခဲ့ရကြောင်း သိရသည်။

" ဆိုင်ကယ်ကိုတားလို့ ရပ်ပေးလိုက်တယ်။ဖုန်းတောင်းလို့ ပေးလိုက်တယ်။ဆိုင်ကယ်သော့ ထပ်တောင်းလို့ ဆိုင်ကယ်သော့လည်းပေးလိုက်ပြီ။ ကောင်မလေးကိုတော့ ဆောင့်ကန်လိုက်လို့ လွင့်ထွက်သွားတယ်။ နောက်ပြီးတော့ နှစ်ယောက်က ကောင်လေးကို နောက်ကနေလာချုပ်ပြီး ကျန်တဲ့တစ်ယောက်က ဓါးနဲ့ထိုးသွားတာပါ။ ဆေးရုံရောက်ခါနီးမှာပဲ ကောင်လေးကဆုံးသွားတယ်"ဟု လုယက်ဓါးထိုးခံရပြီး သေဆုံးခဲ့ရသည့် အမျိုးသား၏ အိမ်နီးနားချင်း တစ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent