စပါးအသင်းနှင့် စာချုပ်သက်တမ်းတိုးရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်သွားရန် တိုက်စစ်မှူး ဟာရီကိန်း အသင့်ရှိနေ

စပါးအသင်းနှင့် စာချုပ်သက်တမ်းတိုးရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်သွားရန် တိုက်စစ်မှူး ဟာရီကိန်း အသင့်ရှိနေ
Photo: Getty Images
Photo: Getty Images
Published 27 May 2022

စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းသည် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန်အတွက် ဆွေးနွေးမှုများပြုလုပ်သွားရန် အသင့်ရှိနေကြောင်း သိရသည်။

လာမည့်ဇူလိုင်လတွင် အသက် (၂၉) နှစ်ပြည့်တော့မည့် ဟာရီကိန်း၏လက်ရှိစာချုပ်သက်တမ်းမှာ (၂)နှစ် သာကျန်ရှိတော့ပြီး  ကာလရှည်စာချုပ်ဖြင့် သူ၏လက်ကျန်ကစားသမားဘဝတစ်ခုလုံးကို စပါးအသင်းတွင်ပင် ကုန်ဆုံးသွားရန် နီးစပ်လျက်ရှိသည်။

ဟာရီကိန်းသည် ပြီးခဲ့သည့်နှစ် နွေရာသီက မန်စီးတီးအသင်းသို့ ရောက်ရှိ ရန်နီးစပ်ခဲ့သော်လည်း ဥက္ကဋ္ဌဖြစ်သူ လီဗိုင်း၏ တားဆီးမှုကြောင့်သာ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ခြင်း ဖြစ်သည်။

စပါးအသင်းအနေဖြင့် ကွန်တီ၏လက်ထက်တွင် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိပြီးနောက် ဟာရီကိန်းမှာလည်း အသင်းတွင် ကာလရှည် ဆက်ကစားသွားရန် ဆန္ဒပြင်းပြလာခဲ့သည်။

ဟာရီကိန်းသည် ၎င်း၏ ကစားသမားဘဝအား ဆုဖလားအောင်ပွဲများ ရယူနိုင်ခြင်းမရှိဘဲ အဆုံးသတ်ရမည်ကို စိုးရိမ်ခြင်းကြောင့် စပါးအသင်းမှထွက်ခွာရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်မူ အပြောင်းအရွှေ့သတင်းလည်း ထွက်ပေါ်ခြင်း မရှိတော့ပေ။

Most Read

Most Recent