ပြင်ဦးလွင်မြို့နယ်၊ ရေသရောက်ကုန်းကျေးရွာ၊ မန္တလေး-လားရှိုးလမ်း၊ မြိုင်ကြီးကွေ့၊ မိုင်တိုင်အမှတ် (၅၁ မိုင် ၃ ဖာလုံ) နှင့် (၅၁ မိုင် ၄ ဖာလုံ) ကြားတွင် မေလ ၂၆ ရက် (ယနေ့) နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်က သံပြားများတင်ဆောင်လာသည့် ၂၂ ဘီးတွဲယာဉ်သည် ပြင်ဦးလွင်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာစဉ် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ သတင်းရရှိပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦး ဦးဆောင်ကာ သန္ဓေတပ်ဖွဲ့ဝင် ၅ ဦး သည် အထောက်အကူပြု ယာဉ် ၁ စီးနှင့် ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ
ဦးမိုးဆွေ နှင့် သန္ဓေတပ်ဖွဲ့ဝင် ၉ ဦး တို့မှ မီးငြှိမ်းသတ်ယာဉ်တစ်စီး တို့ဖြင့် ရှာဖွေကယ်ဆယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ယာဉ်မောင်းဖြစ်သူ အသက် ၂၇ နှစ်အရွယ်အမျိုးသား၊ ချောက်မြို့နယ်နေသူမှာ ဝမ်းဗိုက်ပေါက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူ အသက် ၁၈ နှစ်အရွယ် အမျိုးသား၊ ကျောက်ပန်းတောင်း မြို့နေသူမှာ ညာလက်နှင့် မျက်နှာပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ကြောင်း ဆက်လက်သတင်းရရှိပါသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့အား သန္တိသုခ(အခမဲ့) လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။