မြစ်ကြီးနားမြို့ မနော အားကစားကွင်းဘေးလမ်းတွင် ဆိုင်ကယ် လုယက်ခံရသူတစ်ဦး လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် သေဆုံး

မြစ်ကြီးနားမြို့ မနော အားကစားကွင်းဘေးလမ်းတွင် ဆိုင်ကယ် လုယက်ခံရသူတစ်ဦး လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် သေဆုံး
Published 26 May 2022
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနော အားကစားကွင်းဘေးလမ်းတွင် ဆိုင်ကယ်လု ယက်ခံရသူတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာ ဖြင့် သေဆုံးခဲ့ကြောင်း ကချင်ပြည်နယ် မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။

မေ ၂၆ ရက် နံနက် ၈ နာရီခွဲဝန်းကျင်က  ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  ဆိုင်ကယ်လုယက်ခံရ သူမှာ လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် မြစ်ကြီးနား ဆေးရုံသို့ သယ်ဆောင်လာစဉ် ဆေးရုံအ ရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းအခင်း ဖြစ်ပွားရာနေသို့ သွားရောက်ကယ်ဆယ်ရာ တွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံလူမှုကယ်ဆယ် ရေးအဖွဲ့က အမျိုးသားတစ်ဦးက ဆိုပါသည်။ ယင်းက “ဆိုင်ကယ်လုယက်ခံရတာပေါ့။ တွေ့ တဲ့လူတွေလည်း ရှိတယ်။ လည်ပင်းမှာ ပြတ်ရှ ဒဏ်ရာရတယ်။ ဆေးရုံအရောက်မှာ ဆုံးသွား တာ။ ဘယ်သူဆိုတာလည်း မသိကြသေးဘူး။ဖုန်းတစ်လုံးရတယ်။ ရဲလက်ထဲ အပ်ပြီး ကျွန် တော်တို့လည်း ပြန်လာပါပြီ။ ၂၀၂၂ ခုနှစ် အတွင်းမှာဆိုရင်လုယက်မှုနဲ့ ကယ်ဆယ်ရ တာ ဒီအမှုအပါအဝင် သုံးမှုပေါ့။ နှစ်မှုက သေ ဆုံးခဲ့ကြပါတယ်” ဟု ပြောကြားသည်။

လွန်ခဲ့သည့်  မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်က ရမ်ပူရပ်ကွက် ဗန်ဒါရိပ်ဘီယာဆိုင် လမ်းကြားတွင်အသက် ၄၃ နှစ်အရွယ်ရှိ မြစ် ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် အောင်ချိုင့် တွင် နေထိုင်သူ  ပလတ်စတစ်ဘူးခွံအဟောင်း များဝယ်သည့် ဒေါ်ချိုမှာ   ဓားထိုးလုယက်ခံရ ပြီးနောက် ဆေးကုသမှုခံယူနေစဉ် ညနေ ၃ နာရီ ၄၅ မိနစ်က  သေဆုံးခဲ့သည်။ သားသမီး ခြောက်ဦးကျန်ရစ်ခဲ့ပြီး သုံးဦးမှာ ဆယ်နှစ် အောက် ကလေးငယ်များဖြစ်သည်။

မတ် ၂၇ ရက်ကလည်း မနောအားကား ကွင်းဘေးလမ်းသွယ် ဂျပန်လမ်းအနီးတွင် လူငယ်သုံးဦးက သေနတ်ပြကာ ကားလုယက်မှု ဖြစ်ပွားခဲ့သည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၃ ရက် ည ၇ နာရီ ခန့်က တပ်ကုန်းစံပြ ရပ်ကွက်မှ ရှေ့နေလူငယ် တစ်ဦးမြစ်ကြီးနားမြို့ မနောင်အားကစားကွင်း တွင် ဓားထိုးလုယက်ခံရသည်။

မြစ်ကြီးနားမြို့တွင် ဆယ်စုနှစ်ကျော် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးက “ကချင်မှာတိုက်ပွဲတွေ ဖြစ်လာတော့ နယ်စွန်နယ်ဖျားမှာလုပ်တဲ့  ကျောက်စိမ်းမှော်၊ ရွှေလုပ်ငန်းတွေ၊ သစ်လုပ်ငန်းတွေ၊ တော တောင်နဲ့စပ်တဲ့လုပ်ငန်းတွေ အားလုံးလိုလို ရပ် သွားတာလေ။ တောရွာဒေသတွေမှာလည်း တောဘက်က စုဆောင်းရေးတို့ဘာတို့ ကြောက်ကြတော့ မြို့ပေါ်ကိုပဲ ပြေးတက်လာ ကြတာ။ အရင်က လုပ်ငန်းဖြစ်တဲ့ ဒေသဆိုတာ လည်း မူးယစ်ဆေးဝါးနှင့် လွတ်တာ ရှားတယ်။ဆေးပြား၊ ဖိုးတွေကို လူငယ်တွေက သုံးတတ် လာတယ်။မြို့ပေါ်ရောက်တော့ဝင်ငွေ မရှိတော့ လုတာက ငွေရှာရတာ အလွယ်ဆုံး ဖြစ်လာတယ်။ နောက်တစ်ချက်က လူငယ် သဘာဝခေတ်ပေါ်ပစ္စည်းတွေ ဖုန်းတို့၊ ဂိမ်း တို့က  လူငယ်တွေ စွဲလမ်းကြတယ်။ ငွေသုံးချင် ကြတယ်။ ဝင်ငွေက မရှိတော့အုပ်စုဖွဲ့ လုတာ တွေ ဖြစ်လာတယ်။ ဒါက ၂၀၁၀ အစိုးရလက် ထက်။ အခု နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးမှာတော့ လုံခြုံရေးတွေ ကျဆုံးသွားတဲ့အပြင် လောင်းကစားလုပ်ငန်းတွေ မြို့ကြီးတွေတိုင်း ပေါ်လာတယ်။ အဲဒါကလည်း ခိုးဆိုးလုနှိုက် တွေ များလာတဲ့ အကြောင်းတရားပဲလို့ မြင် တယ်။ မြစ်ကြီးနားလိုမြို့မှာ နေ့တိုင်းတစ် နေရာမဟုတ် တစ်နေရာမှာ လုယက်မှုက ဖြစ် နေတာ” ဟု ဆိုသည်။

ကချင်ပြည်နယ်ရှိ မြို့ကြီးအချို့တွင် ဆိုင် ကယ်စီးနေစဉ် ပိုက်ဆံအိတ်လုခြင်း၊ ဖုန်းလု ခြင်း၊ လမ်းပိတ်ကာ ဆိုင်ကယ်လုခြင်း၊ ရိုက် နှက် လုယက်ဖြစ်စဉ်များ  ဖောက်ထွင်းခိုးယူ ခြင်းများ မကြာခဏဖြစ်ပွားနေပြီ အသက်ဆုံး ရှုံးမှုများလည်း ရှိနေဆဲဖြစ်သည်။

 

Most Read

Most Recent