နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်၏ ဖိတ်​ခေါ်မှုအရ ငြိမ်းချမ်းရေး ဆွေးနွေးရန် KNU/KNLA–PC ဥက္ကဋ္ဌ ဦး​ဆောင်​သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ရောက်ရှိ

နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်၏ ဖိတ်​ခေါ်မှုအရ ငြိမ်းချမ်းရေး ဆွေးနွေးရန် KNU/KNLA–PC ဥက္ကဋ္ဌ ဦး​ဆောင်​သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ရောက်ရှိ
Published 25 May 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်မှုအရ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA–PC) ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့(မေ ၂၅ ရက်) တွင် နေပြည်တော် သို့ရောက်ရှိကြောင်းသိရသည်။

KNU/KNLA–PC ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည်ယနေ့(မေ ၂၅ ရက်) မွန်းလွဲပိုင်း တွင် မော်တော်ယာဉ်များဖြင့် နေပြည်တော်ရှိ Horizon Lake View Resort သို့ ရောက်ရှိကြရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသားတိုင်းရင်းသူများက ထာဝရ ငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေး ရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့တွေ့ဆုံ ဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့် စာသားပါဆိုင်းဘုတ်များကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍ လည်းကောင်း ကြိုဆိုခဲ့ကြကြောင်းသိရသည်။

နေ့ ရောက်ရှိလာသည် KNU/KNLA–PC ဥက္ကဋ္ဌစောထော့လေး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် NCA ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့နောက် တတိယမြောက် အဖွဲ့ဖြစ်ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်စစ်တို့သည် မေ ၂၀ ရက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သော အဖွဲ့တို့သည် မေ ၂၁ ရက်မှ ၂၂ ရက်ထိ ဆွေးနွေးခဲ့ပြီး စုစုပေါင်းသုံးရက်တာ ဆွေးနွေးမှုရလဒ်များကိုနှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့ပြင် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ (NMSP)  ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းတို့သည် မေလ ၂၃ က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP)  ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဦးဆောင်သော အဖွဲ့တို့သည် မေ ၂၃ ရက်မှ ၂၅ ရက်ထိ ဆွေးနွေးခဲ့ပြီး စုစုပေါင်း သုံးရက်တာ ဆွေးနွေးမှုရလဒ်များကိုနှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရ သည်။

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU/KNLA –PC ဥက္ကဋ္ဌစောထော့လေးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် မေလ ၂၆ ရက်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို စတင်မည်ဖြစ်ကြောင်းသိရသည်။

Most Read

Most Recent