မန်းသံပုရာကန်စက်ရုံမှ လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးနှင့် ရေနံဓာတ်ငွေ့ရည်တို့ကို ထုတ်လုပ်ပေးနေပြီး စက်ရုံပုံမှန်လည်ပတ်နိုင်ရန် လုပ်ဆောင်ရမည် လျှပ်စစ်ဝန်ကြီးဆို

မန်းသံပုရာကန်စက်ရုံမှ လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးနှင့် ရေနံဓာတ်ငွေ့ရည်တို့ကို ထုတ်လုပ်ပေးနေပြီး စက်ရုံပုံမှန်လည်ပတ်နိုင်ရန် လုပ်ဆောင်ရမည် လျှပ်စစ်ဝန်ကြီးဆို
Published 23 May 2022

မန်းသံပုရာကန်စက်ရုံမှ လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးနှင့် ရေနံဓာတ်ငွေ့ရည်တို့ကို ထုတ်လုပ်ပေးနေပြီး စက်ရုံပုံမှန်လည်ပတ်နိုင်ရန် လုပ်ဆောင်ရမည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ မေ ၂၁ ရက်တွင် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)၊ ထောက်ရှာပင်/ကမ်းနီရေနံမြေနှင့် မန်းရေနံမြေအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)အနေဖြင့် စက်ရုံ၏ အဓိကထုတ်ကုန်များဖြစ်သော လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးနှင့် ရေနံဓာတ်ငွေ့ရည်တို့ကို ထုတ်လုပ်ပေးလျက်ရှိပြီး စက်ရုံပုံမှန်လည်ပတ်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ ရေနံမြေများအနေဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးရေးတို့အတွက် လိုအပ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေတူးဖော်ထုတ်လုပ်သွားရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် ရေနံမြေလုံခြုံရေးနှင့် လိုအပ်သည့် လုံခြုံရေးကို ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့မှူးနှင့် ဌာနမှ လုံခြုံရေးဝန်ထမ်း တိုးချဲ့ခန့်ထားမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်ဟု သိရသည်။

မကွေးတိုင်း မင်းလှမြို့နယ်တွင် တည်ရှိသည့် မန်းသံပုရာကန် ရေနံချက်စက်ရုံသည် ပြည်တွင်းရှိ ရေနံချက်စက်ရုံများအနက် အဓိက စက်ရုံတစ်ခုလည်းဖြစ်သည်။

 

Most Read

Most Recent