Commercial Flight များ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Nok Air၊ THAI Smile နှင့် Air Asia လေကြောင်းလိုင်းများက ခရီးစဉ်များ ပြန်လည်ပျံသန်းမည်

Commercial Flight များ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Nok Air၊ THAI Smile နှင့် Air Asia လေကြောင်းလိုင်းများက ခရီးစဉ်များ ပြန်လည်ပျံသန်းမည်
 ပြည်ပပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ပြည်ပပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 23 May 2022

Commercial Flight များဆင်းသက်မှု ပြန်လည်စတင်နေပြီဖြစ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  Nok Air၊ THAI Smileနှင့်  Air Asia လေကြောင်းလိုင်းများက ခရီးစဉ်များ ပြန်လည် ပျံသန်းမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရသည်။

၂၀၂ဝခုနှစ်၊ မတ်လ ၂၉ရက်နေ့မှ စတင်ကာ ဆိုင်းငံ့ထားခဲ့သည့် နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ်များကို ၂၀၂၂ခုနှစ်၊ ဧပြီ ၁ရရက်မှစတင်ကာ Singapore Airlines ၏ စင်ကာပူ-ရန်ကုန် ခရီးစဉ်ဖြင့် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

 လက်ရှိတွင် Commercial Flight များဆင်းသက်မှု ပြန်လည်စတင်နေပြီ ဖြစ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Malaysia Airlines ၊ Singapore Airlines၊ ပြည်တွင်းလေကြောင်း လိုင်းနှစ်ခုဖြစ်သည့် MAI နှင့် MNA လေကြောင်းလိုင်းများက နိုင်ငံတကာ ခရီးစဉ်များကို ပျံသန်းနေခြင်း ဖြစ်သည်။

ဆက်လက်ပြီး လာမည့် ဇွန် ၁ရက်တွင် THAI Smile လေကြောင်းလိုင်း၊ ဇွန် ၃ရက်တွင် Air Asia လေကြောင်းလိုင်းနှင့်  ဇူလိုင် ၁ ရက်တွင် Nok Air လေကြောင်းလိုင်းများက ပြန်လည်ပျံသန်းကြမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ဆင်းသက်မှု ယာယီရပ်ဆိုင်းထားပြီး ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များသာ ပျံသန်းနေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Commercial Flight များအား ပြန်လည် စတင်နေပြီဖြစ်ပြီး နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူခရီးစဉ်များပုံမှန် ပျံသန်းနေပြီ ဖြစ်သည်။

ယင်းပြင်အပြည် ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က ကွာလာလမ်ပူ၊ ဘန်ကောက်၊ တိုကျို၊ စင်ကာပူ၊ ဆိုးလ်း၊ ကွမ်ကျိုး၊ ဒူဘိုင်း၊ ဖနွမ်းပင်၊ ကိုလ်းကတ္တားနှင့် ဒေလီမြို့များသို့ သတ်မှတ်ထားသည့်ရက်များတွင် ပုံမှန် ခရီးစဉ်များ ပြန်လည် ပျံသန်းနေပြီဖြစ်ကြောင်း သိရသည်။ 

ဧပြီ  ၁ရက်မှစတင်ကာ COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသည့် ခရီးသည်များ စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် Entry Apporaval ပြသရန် နှင့် Quarantine ဝင်ရန်မလိုအပ်တော့ ကြောင်း သတင်းရရှိသည်။

 လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါအတည် ပြုလူနာတွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့သိသာစွာ ကျဆင်းလာသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချော မွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ယာယီကန့်သတ်သည့်အစီစဉ်အား ဧပြီ ၁၆ရက်ထိ သတ်မှတ်ပြီး၊ ကိုဗစ်ရောဂါ ပြည် ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ ဧပြီ ၁ရရက် မှစတင်ကာ သတ်မှတ်စည်းကမ်း ချက်များ အတိုင်းပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း သိရသည်။

အရေးပေါ် အစိုးရတာဝန်ဖြင့် ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ( သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန် ရှိမည့် ကယ်ဆယ်ရေးလေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန် အတွက် ပြည် ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ် အကူအညီတောင်းခံရ မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent