အင်တာမီလန်အသင်း ပရိသတ်ဖြစ်သဖြင့် အေစီမီလန်ကို အနိုင်ယူရန် ဆာဆူအိုလိုတိုက်စစ်ကစားသမား ရက်စ်ပါဒိုရီ ရည်မှန်းထား

အင်တာမီလန်အသင်း ပရိသတ်ဖြစ်သဖြင့် အေစီမီလန်ကို အနိုင်ယူရန် ဆာဆူအိုလိုတိုက်စစ်ကစားသမား ရက်စ်ပါဒိုရီ ရည်မှန်းထား
Photo: Getty Images
Photo: Getty Images
Published 21 May 2022

 

ဆာဆူအိုလိုအသင်းတိုက်စစ်ကစားသမား ရက်စ်ပါဒိုရီက မိမိသည်အင်တာမီလန်ပရိသတ်ဖြစ်သဖြင့် အေစီမီလန်နှင့်ပွဲတွင် နိုင်ပွဲရယူသွားရန် ရည်မှန်းထားသည်ဟု ပြောကြားခဲ့သည်။ 

ရက်စ်ပါဒိုရီက "ကျွန်တော်က အင်တာမီလန်ပရိသတ်ဖြစ်လို့ အေစီမီလန်နဲ့ပွဲမှာ ရလဒ်ကောင်းယူဖို့ စိတ်အားတက်ကြွအောင် ထပ်လုပ်စရာမလိုပါဘူး။ အေစီမီလန်နဲ့ ရင်ဆိုင်ရတိုင်း စိတ်အားတက်ကြွနေတာ အမြဲတမ်းပါပဲ" ဟု ပြောကြားခဲ့သည်။ 

လက်ရှိရာသီတွင် ဆာဆူအိုလို အသင်းသည် အိမ်ကွင်း (၁၈)ပွဲကစားထားပြီး (၆)ပွဲနိုင်၊ (၆)ပွဲသရေနှင့် (၆)ပွဲ ရှုံးနိမ့်ထားသည်။

 

Most Read

Most Recent