လုပ်ကြံ သတ်ဖြတ်ခံရမှုများကြောင့် သေဆုံးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပြည်ခိုင်ဖြိုးပါတီဝန်းရံထောက်ခံအားပေးသူ ၁၅၀၀ ကျော် ရှိပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား

လုပ်ကြံ သတ်ဖြတ်ခံရမှုများကြောင့် သေဆုံးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပြည်ခိုင်ဖြိုးပါတီဝန်းရံထောက်ခံအားပေးသူ ၁၅၀၀ ကျော် ရှိပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား
လုပ်ကြံမှုများကြောင့် သေဆုံးခဲ့သော ပြည်ခိုင်ဖြိုးပါတီဝင်များအတွက် ပါတီရုံးချုပ်တွင် စိုက်ထူထားသည့် ကမ္ပည်းမော်ကွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တွေ့ရစဉ်
လုပ်ကြံမှုများကြောင့် သေဆုံးခဲ့သော ပြည်ခိုင်ဖြိုးပါတီဝင်များအတွက် ပါတီရုံးချုပ်တွင် စိုက်ထူထားသည့် ကမ္ပည်းမော်ကွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တွေ့ရစဉ်
Published 12 May 2022

လုပ်ကြံ သတ်ဖြတ်ခံရမှုများကြောင့် သေဆုံးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပြည်ခိုင်ဖြိုးပါတီဝန်းရံထောက်ခံအားပေးသူ ၁၅၀၀ ကျော် ရှိပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက BBC သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် BBC သတင်းဌာနတို့၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို BBC သတင်းဌာန က BBC Burmese Facebook Page ၌ မေ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြည်ခိုင်ဖြိုးပါတီဝင်များက ၎င်းတို့အနေဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခံနေ ရသည်ဟု ပြောကြားကြောင်း၊ အဆိုပါကိစ္စရပ်အပေါ် ပါတီက မည်သို့ တာဝန်ယူပေးနေသနည်းဟု မေးမြန်းခြင်း နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်းဖြစ်သည်။

“ဒီရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပါတီဝင်တွေရော၊ နောက်ပြီးတော့ ပါတီကို ဝန်းရံအားပေးထောက်ခံကြတဲ့ ပုဂ္ဂိုလ်တွေရော ဒီနေ့ဆိုရင် စာရင်းအရ ၁၅၀၀ ကျော်သွားပါပြီ။ ၁၅၃၀ လောက် ရှိပြီပေါ့နော်။ အဲဒီတော့ ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်လည်း အများကြီး စိတ်မကောင်းဖြစ်ပါတယ်”ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

ပစ်ခတ်ထားတိုက်ခိုက်ခံရခြင်းများကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ မိသားစုဆုံးရှုံးခဲ့ရသူများ၏ ခံစားချက်နှင့် နှိုင်းယှဉ်မည်ဆိုပါက ၎င်း၏ စိတ်မကောင်းဖြစ်ခြင်းဆိုသည်မှာ မည်သို့မျှ နှိုင်းယှဉ်မရသော စကားလုံးဖြစ်သည် ဟုလည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဆက်လက်ပြောကြားသည်။

ထိုသို့ ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းများကြောင့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အတတ်နိုင်ဆုံး စောင့်ရှောက်မှု ပေးထားကြောင်း၊ ထိုသို့ စောင့်ရှောက်မှုပေးရာတွင် ငွေကြေးအားဖြင့်လည်းကောင်း၊ လုံခြုံမှုပေးခြင်းအားဖြင့် လည်းကောင်း စောင့်ရှောက်မှုပေးထားကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ပြောကြားသည်။

“လုံခြုံမှုဆိုတာကတော့ ကိုယ့်မှာလည်း လက်နက်ရှိတာ မဟုတ်ဘူး။ ဘာအာဏာမှလည်း ရှိတာ မဟုတ်တဲ့ အတွက် ကျွန်တော်တို့ ပါတီဌာနချုပ်အပါအဝင်ပေါ့ ကျန်တဲ့ တိုင်း၊ မြို့ အသီးသီးမှာရှိနေတဲ့ လုံခြုံတဲ့ နေရာတွေမှာ ကျွန်တော်တို့က သူတို့ကို စောင့်ရှောက်ပေးခြင်း၊ တတ်နိုင်တဲ့ ငွေကြေးအစားအသောက် ထောက်ပံ့ခြင်း၊ ဒီလောက်ပဲ လုပ်နိုင်ပါတယ်”ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

အဓိကအားဖြင့် အစိုးရတစ်ရပ် လုပ်ဆောင်သည့် လုံခြုံမှုကို ၎င်းတို့အနေဖြင့် မလုပ်ဆောင်ပေးနိုင်ကြောင်း၊ ကျန်သည့် အထောက်အကူပစ္စည်း ငွေကြေးသည် နိုင်ငံရေးပါတီတစ်ခုမျှသာဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် တော်ရုံသာ လုပ်ဆောင်ပေးနိုင်သည့်အခြေအနေရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် လက်နက်တပ်ဆင်ပေးရန် တောင်းဆိုမှုများအပေါ် ဥပဒေနှင့် အညီသာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် သီးသန့်လက်နက်တပ်ဆင်ပေးရန် တောင်းဆိုခြင်း မရှိသကဲ့သို့ ခွင့်ပြုသည့်ပုဂ္ဂိုလ်များကလည်း အဆိုပါကိစ္စအား လုပ်ဆောင်ရန် သဘောထားမရှိနိုင်ဟု ယုံကြည်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent