နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တက်ရောက်ရန် စာရင်းပေးထား 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တက်ရောက်ရန် စာရင်းပေးထား 
Published 10 May 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးနှင့်ပတ်သက်၍ တက်ရောက်ရန်အတွက် တိုင်းရင်းသားလက်နက်အဖွဲ့ ၁၀ ဖွဲ့ စာရင်းပေးထားကြောင်း နိုင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

" မနေ့က ပြောထားတဲ့အတိုင်းပါပဲ။ မနေ့က ညကတော့ LDU တစ်ဖွဲ့ပဲ တိုးတယ်။ ၁၀ ဖွဲ့ ဖြစ်သွားတာပေါ့" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် စာရင်းပေးထားသည့် NCA-S EAO အဖွဲ့များသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်(RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA/PC)၊ ပအိုဝ်းအမျိးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

ထို့ပြင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် "ဝ"ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်(UWSA)၊ မိုင်းလားအဖွဲ့ (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးနှင့်ပတ်သက်၍ သက်ဆိုင်သူများ အားလုံးပါဝင်ဆွေးနွေးသည့် အခင်းအကျင်းမဖြစ်သည့်အတွက် တက်ရောက်နိုင်မည် မဟုတ်ကြောင်း ကရင်အမျိးသားအစည်းအရုံး (KNU) က မေ ၉ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။ 

ထို့ပြင် NCA လက်မှတ်ရေးထိုးထားသည့် ချင်းအမျိးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့သည်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ 

NCA လက်မှတ်မထိုးရ‌‌သေးသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၊ ကရင်နီအမျိးသားတိုးတက်ရေးပါတီ (KNPP) တို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသလို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် AA၊ TNLA နှင့် MNDAA တို့ကတော့ ငြိမ်းရေးဆွေးနွေးပွဲကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent